- လူသားတိုင်းမှာ တူညီတဲ့ လူ့အခွင့်ရေးရှိရမယ် ( မာတင်လူသာကင်း-ဂျူနီယာ)
- ဦးနေ၀င်းရဲ့ အဝေဖန်မခံရဲတဲ့စိတ်နဲ့ သူရဲဘောကြောင်တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြော င့် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ ရတယ်။( ဗိုလ်မူးအောင်- ရဲဘော်သုံးကျိတ်ဝင် )
ဒီနေ့စကားဝိုင်းလေးကိုစတော့ ကိုသွေးက..
“ အကို ကျနော်တို့ ဒီနေ့ လူ့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးချင်တယ် ” အားလုံးက လှုတ်လှုတ်ရွရွဖြစ်သွားပြီး တပြိုင်နက်ထဲ သဘောတူထောက်ခံခဲ့ကြတယ်။
“ သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ကွာ….တို့နိုင်ငံမှာ အများစုက လူ့အခွင့်ရေး ဆိုတာကို တော်တော်မသိကြတာကွ တကယ်တော့ သနားဘို့လည်းကောင်းပါတယ်…ဒီလြို ဖစ်အောင် စစ်အာဏာရှင်အဆက်ဆက်က ကြိုးစားသွားတာကိုး ဒီတော့ ပထမဆုံးစပြီးပြောချင်တာက…လူ့အခွ င့်ရေးဆိုတာဘာလည်း စဉ်းစားကြည့်ရအောင်…လူမှာ မျက်လုံးတွေပါ ပါတယ်...ကြည့်ဘို့ပါ…နားတွေပါပါ တယ်..နားထောင်ဘို့ပါ…ပါးစပ်တွေ ပါ ပါတယ်…ပြောဘို့ပါ စသဖြင့်ပေါ့…ဒါတွေဟာ သဘာဝလောကကြီးကနေလူသားတွေအတွက် ဖန်တီးပေးထားတဲ့မွေးရာပါအခွင့်ေ ရးတွေပါ…ဒါတွေကိုလူသားအချင်း ချင်း လုပ်ဆောင်လို့မရအောင် ပိတ်ဆို့ခြင်းကို လူ့အခွင့်ရေးချိုးဖောက်တယ်လို့ ဆိုပါတယ်…..”
“ အော်..ဆိုလိုတာက..ပြောချင်တဲ့ အရာတွေကို မပြောနဲ့..ကြည့်ချင်တဲ့အရာတွေကို မကြည့်နဲ့…နားထောင်ချင်တဲ့ အရာတွေကိုနားမထောင်နဲ့စတဲ့လုပ်ေ ဆာင်ချက်တွေဟာ..လူ့အခွင့်ရေးချိုးဖောက်မူ့တွေပေါ့နော်..”စန်းေ မာင်ရဲ့ထိမိလှတဲ့ စကားထောက်လေးက အားလုံးရဲ့စိတ်အစဉ်ကို ထိုးဖောက်ဝင်ရောက်သွားစေခဲ့တယ်။
“ သိပ်မှန်တာပေါ့….ငါ တခါက..၀ါရင့် နိုင်ငံရေးခေါင်းဆောင်ကြီး ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မူးအောင်နဲ့တွေ့ဆုံခဲ့တုန်းက သူပြောခဲ့တာလေးတွေသွားသတိရတယ်ကွ ….လွတ်လပ်ရေးကြိုးပမ်းမူ့ကာလမှာ တပ်မတော်ဖြစ်လာမဲ့ရဲဘော်သုံးကျိ တ်ဘ၀မှာပေါ့…ဦးနေ၀င်း ( ဗိုလ်ချုပ်ကြီးနေ၀င်း- မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ကြီး- ယခု ကွယ်လွန် ) အကြောင်းကို ပြောပြဘူးတယ်….ဦးနေ၀င်းက သူများဆိုရင် ပက်ပက်စက်စက်ရစရာမရှိအောင် ဝေဖန်တတ်တယ်တဲ့ သူကို့ နည်းနည်းလေး ဝေဖန်ပြီဆိုရင်တော့..ဘာမဟုတ်တဲ့ ကိစ္စလေးကိုတောင်မှဒေါသတွေထွက်လာ ပြီးတရှုးရှုးဒေါသတွေထွက်တော့တာပဲ တဲ့….တကယ်တော့အဲဒီကာလကဘာရယ်မဟု တ်ခဲ့ပေမဲ့..နိုင်ငံခေါင်းဆောင် ဖြစ်လာခဲ့တဲ့အခါမတော့..ဦးနေ၀င်းရဲ့အဝေဖန်မခံရဲတဲ့စိတ်နဲ့သူရဲေ ဘာကြောင်တဲ့အာဏာယစ်မူးချင်တဲ့စိ တ်ဓါတ်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ ရတယ်။ ဒါဟာ လူတယောက်ရဲ့စိတ်အပေါ်မှာအခြေခြံ ပီး တတိုင်းပြည်လုံးမှာရှိတဲ့ သန်းပေါင်းများစွာသောလူထုကြီး နစ်နာဆုံးရှုံးနေရတဲ့ အခွင့်ရေးတွေပါ…ခုထိပေါ့ကွာ…အဲ ဒီက အကျင့်ဆိုးတွေဟာ..ခု နအဖ- စစ်အာဏာရှင်တွေလက်ထက်ထိပါလာတာေ ပါ့…” ကျနော်ရဲ့စကားအဆုံး စန်းမောင်က……..
“ကြည့်ပါလား…ဒေါ်အောင်ဆန်းစုကြည် ဆို..ဝေဖန်လိုက်တာရစရာမရှိဘူး… အမျိုးမျိုးသောစွပ်စွဲချက်တွေနဲ့ ..သူတို့ကို ဝေဖန်မယ်ဆို..ချက်ခြင်းထောင်ထဲ ထဲ့တော့တာပဲ…” မကျေမနပ်ပြောဆိုနေတဲ့ စန်းမောင်ကိုကြည့်ပြီး အားလုံးက ၀ိုင်းဝန်းထောက်ခံလိုက်ကြတယ်..။
“ဒီတော့..ငါတို့နိုင်ငံသားတွေဟာ ..ဘယ်လိုအခွင့်ရေးတွေနစ်နာဆုံး ရှုံးနေသလည်းဆိုတာ..ဆန်းစစ်ကြည့် ရအောင်…ဒီနေရာမှာတကမ္ဘာလုံးမှာရှိတဲ့လူသားများအတွက်ကိုရည်ရွယ်ြ ပီးထုတ်ပြန်ကျေငြာခဲ့တဲ့(၁၉၄၈ခု နှစ်၊ဒီဇင်ဘာလ၁၀ရက်နေ့တွင်ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးကြီးကလူ့အခွင့်အရေးကြေညာစာတမ်းကြီး ကိုထုတ်ပြန်ကျေငြာခဲ့သည်)အချက် အလက်တွေနဲ့နှိုင်းယှဉ်ပြီးကြည့် ရအောင်…အားလုံးမဟုတ်သည့်တိုင် တိုက်ဆိုင်စွာ ချိုးဖောက်ခံနေရတဲ့တို့မြန်မာနိုင်ငံသားများရဲ့အခွင့်ရေးများေ ပါ့…”ကျနော်ကပြောပြောဆိုဆိုအိတ် ထဲကစာရွက်ကိုဆွဲ ထုတ်လိုက်တယ်..အားလုံးကငြိမ်သက် စွာအာရုံစိုက်နေရင်း….ကျနော်ကစာ ရွက်ထဲမှာရှိနေတဲ့အပိုင်းကတပို င်းကို ဖတ်ပြလိုက်တယ်……
“လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာ နှင့်တစ်ကွလူတိုင်းအညီအမျှခံစား ခွင့်ရှိသည့်အခွင့်အရေးများကို အသိအမှတ်ပြု ခြင်းသည်လူခပ်သိမ်း၏လွတ်လပ်မှူ၊ တရားမျှတမှူ၊ငြိမ်းချမ်းမှူတို့ ၏အခြေခံအုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း.... လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကိုချိုးဖေါက် ဖျက်ဆီးတတ်သည့်ရက်စက်ကြမ်းကြုတ် သောအပြုမှူများကိုဖြစ်ပေါ်စေခဲ့ေ သာကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှူ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှူ၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်းလွတ်စွာအသက်မွေးနိုင်မှူတို့ ကိုခံစားရယူနိုင်စေမည့်လောကတစ် ခုပေါ်ပေါက်လာရန်အရေးကိုလူ ခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကော င်း.....
နိုင်ငံအခြင်းခြင်းချစ်ခင်ရင်း နှီးစွာဆက်ဆံရေးကိုပိုမိုတိုး တက်စေရန်ကြံဆောင်ရမည်ဖြစ်သေြာေ ကာင့်လည်းကောင်း.......ကမ္ဘာကု လသမဂ္ဂအဖွဲ့ဝင်တို့သည်မူလအခွင့် အရေးများကိုလည်းကောင်း၊လူ၏ဂုဏ် သိက္ခာကိုလည်း ကောင်း၊ယောင်္ကျားမိန်းမတို့၏တူညီ သည့်အခွင့်အရေးများကိုလည်းကောင်း၊လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်ပြင်၊ လူမှူကြီးပွား တိုးတက်ရေးနှင့်တစ်ကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိန်ဌာန်ချပြီးဖြစ်သောကြောင့် လည်းကောင်း.....
ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့ သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း ၍လူ့အခွင့်အရေးများကိုလည်း ကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း........
ထို့ကြောင့်...အထွေထွေညီလာခံ ကအပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးေ ကြညာစာတမ်းကိုလူတိုင်းအဖွဲ့အစည်း တိုင်းသည် အစဉ်နှလုံးသွင်းလျက်ကမ္ဘာတ၀ှမ်း လုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမယ်ဟုလည်းကောင်း...........
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှ င့်ထိုနိုင်ငံတို့၏အာဏာပိုင်အတွ င်းရှိနယ်ပယ်ဆိုင်ရာတိုင်းသြူ ပည်သား များအား အဆိုပါအခွင့်အရေးနှင့်လွတ်လပ်ခွ င့်များကိုကျယ်ကျယ်ပြန့်ပြန့်ထိ ရောက်စွာသိမှတ်ကျင့်သုံးစောင့် စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာတိုးတက်ေ သာဆောင်ရွက်ချက်များဖြင့်အားထု တ်ကြရမည်ဟုလည်းကောင်း.......... ......... ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာဆောင်ရွက်နိုင်ကြစိမ့် သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။
ကျနော်စာပိုဒ်အဆုံး…အားလုံးကို ကြည့်လိုက်တော့…စိတ်ဝင်တစားနားေ ထာင်နေကြတယ်…ထက်အောင်ကငြိမ်သက်ေ နသွားတဲ့ စကားဝိုင်းကို ထိုးဖောက်လိုက်တော့မှ-------
“ အကိုမြန်မာနိုင်ငံကလည်းကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတနိုင်ငံပဲ….ဒါေ တွကိုလိုက်နာဘို့တာဝန်ရှိတာပေါ့ နော်..ဒါပေမဲ့.နအဖ..စစ်အာဏာရှင် များက…ကုလသမဂ္ဂညီလာခံရောက်တိုင်းပြောနေကြစကားရှိပါတယ်..သူတို့ ဘယ်တော့မှ လူ့အခွင့်ရေးမချိုးဖောက်ပါဘူးဆိုတာလေ…ဒါတွေကို ဘယ်လိုသက်သေပြကြမလည်း…”
“ငါစောစောကပြောခဲ့သလိုပါပဲ…အြ ပည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကျေ ညာစာတမ်းပါအချက်တွေနဲ့တိုက်ဆို င်စစ်ဆေးကြည့်ရအောင်ပါ…..လောလော ဆယ် စာတမ်းပါ အပိုဒ် ၃ နဲ့ အပိုဒ် ၅ ကိုလေ့လာစမ်းစစ်ကြည့်ရအောင်ပါ
အပိုဒ်-၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
အပိုဒ်-၅
မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှူမပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
ဒီအပိုဒ်လေးနှစ်ခုကိုပဲ…လေ့လြာ ကည့်မယ်ဆိုရင်…..စစ်အာဏာရှင်များဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်ေ ရးကြေညာ စာတမ်းပါ အချက်တွေနဲ့ဆန့်ကျင်နေတာကိုတွေ့ ရလိမ့်မယ်….ဥပမာ…ပဲခူးမှာ ကျောင်းသားလေးနှစ်ယောက်ကို အပြစ်မဲ့သတ်ဖြတ်ပစ်တဲ့ကိစ္စလိုဟာ မျိုး…ဒါမြင်သာတဲ့ကိစ္စမို့ပြော ပတာပါ..လူမသိသူမသိတောထဲတောင်ထဲ မှာ..သတ်ဖြတ်ပစ်တဲ့သူတွေဆိုတာ နည်းလား…..သူတို့ တပ်မတော်သားအချင်းချင်းတောင်မှ… ရှေ့တန်းစစ်မျက်နှာမှာ ဒဏ်ရာရလို့ အခက်အခဲတွေကြုံနေပြီဆို..ပစ်သတ် လိုက်တဲ့အထောက်အထားတွေရှိပါတယ်… ..ဘယ်မှာလည်းလူတယောက်ရဲ့လုံခြုံ မူ့နဲ့ အသက်ရှင်လွတ်လပ်ခွင့်….” ကျနော့်စကားအဆုံး ချမ်းမြေ့က……
“ဟုတ်တယ်အကိုရာ…ပဲခူးမှာစစ်တပ် ကသေနပ်နဲ့ပစ်သတ်ခံလိုက်ရတဲ့..ေ ကျာင်းသားလေးနှစ်ယောက်ကိုကြည့်ြ ပီး..လူတွေအတွက်လုံခြုံခွင့်ဆို တာဘာလည်းလို့..မေးယူရမလိုဖြစ်ေ နပြီ…မြို့ကြီးတမြို့ရဲ့မြို့ ၀င်းထဲမှာတောင်ဒီလိုလုပ်ရဲသေး ရင်..လူသူသိပ်မသိနိုင်တဲ့…တောထဲ တောင်ထဲတွေမှာ…ဘယ်လောက်သတ်လိုက် ဖြတ်လိုက်…ရက်စက်လိုက်ကြမလည်းဆိုတာ..မစဉ်းစားရဲဘူး…”
“နောက်တခါငါကြုံတွေ့ခဲ့ရတဲ့…စစ် ကြောရေးနဲ့ထောင်တွင်းအတွေ့အကြုံ လေးတချို့လည်းဖောက်သည်ချခြင်သေး တယ်ကွ…ငါတို့နိုင်ငံရေးလောကသားေ တွထဲမှာ…ထောက်လှမ်းရေးစစ်ကြောေ ရးဒဏ်ကြောင့်သေကျေပျက်စီးခဲ့ရသူ တွေ အများကြီးပါ…..အသက်ရှင်ပြီးလူ စဉ်မမှီလူလုံးမလှဖြစ်သွားသူတွေ လည်းအများကြီးပါပဲ….ဒါတွေဟာကြီး စွာသောလူ့အခွင့်ရေးချိုးဖောက်မူ့ ကြီးတွေပေါ့ကွာ…ငါသူ့ငယ်ချင်းနှစ်ယောက်အကြောင်းပြောပြချင်တယ်. .တယောက်က..ငါတို့နိုင်ငံရေး လောကသား..ကျောင်းသားတပ်မတော်က.. ပြည်တွင်းကိုလက်နှက်တွေနဲ့ပြန် အ၀င်မှာအဖမ်းခံလိုက်ရတာ…နံမည်က. .ကိုဘိုနီအောင်တဲ့…သူ့ကိုဖမ်ြး ပီးစစ်ကြောရာကနေ…ဆေးထိုးလွှတ်လို က်တယ်ကွ…အဲဒီဆေးဒဏ်ကြောင့်..ရော ဂါဝေဒနာ ပြင်းပြင်းထံထံခံစားရရှာတယ်…ထော င်ချလိုက်တော့လည်းနှစ်ရှည်ထောင် ဒဏ်ကွာ…မင်းတို့စဉ်းစားကြည့်လေ. .သူ့မှာအပြစ်ရှိတယ်ဆို…ထောင်ချ လိုက်ပေါ့..ဘာဖြစ်လို့..လူတယော က်ဘ၀ပျက်သွားအောင်လုပ်လိုက်ရတာ လည်း…ထောင်ကလွတ်လာတော့…စာရေးဆရာ မ..မသန်းမြင့်အောင်ကသူ့မောင် အရင်းတယောက်ပမာပြုစုစောင့်ရှော က်ခဲ့ပါသေးတယ်..ဒါပေမဲ့ ကြာကြာမခံလိုက်ပါဘူး..ဆုံးသွားေ တာ့တာပါပဲ…နောက်တယောက်ကစစ်တပ် ကဗိုလ်ကြီးအဆင့်ရှိတဲ့သူ…ငါ့သူ ငယ်ချင်း..သူကတိုင်းရင်းသားနယ်ေ မြတခုမှာ..တိုင်းရင်းသားလက်နှက် ကိုင်တွေရဲ့ဖမ်းဆီးခြင်းခံလိုက် ရတယ်…တိုင်းရင်းသားလက် နှက်ကိုင်အဖွဲ့အစည်းကသူ့ကိုဘာမှ မလုပ်ဘူး…ဖွယ်ဖွယ်ရာရာထား..လေးေ လးစားစားဆက်ဆံနဲ့ပြန်လွှတ်ပေးလို က်တယ်…အပ်ဖျားလောက်တောင်မှ..တို့ ထိခြင်းမခံခဲ့ရဘူး..အဲဒါဒီဘက်ြ ပန်ရောက်ပြီးလို့..စစ်ကြောရေး စခမ်းဝင်သွားပြီးပြန်ထွက်လာ တော့မှ…စိတ်ဝေဒနာရသွားရှာတယ်…. ရူးသွားတာပေါ့ကွာ….သူသတိလည်လာတဲ့ အချိန်ဆိုအဲဒါတွေပြန်ပြောပြော ပတယ်.သူ့ကိုဆေးထိုးလွှတ်လိုက်တာ ဆိုတာစိတ်ဖောက်လာတဲ့အခါတိုင်းေ အ်ာအော်ပြောတယ်.သူလည်းကြာကြာမခံ ပါဘူး..သေသွားတယ်…”
“ သူတို့ အချင်းချင်းတောင်ညှာတာမှု့မရှိတာ တခြားသူတွေအပေါ် ကြီးစွာသောလူ့အခွင့်ရေးချိုးဖော က်ဘို့ဆိုတာ စစ်အာဏာရှင်တွေအတွက်ကတော့ ဖွဲ ဆန်ကွဲ အဆင့်လောက်ပါပဲ ” ညည်းတွားရေရွှတ်လိုက်တဲ့ စန်းမောင် စကားသံက ကျနော့်ရဲ့နှလုံးသားထဲကိုထိုးေ ဖာက်ဝင်ရောက်လာစေခဲ့တယ်…..စစ်အာ ဏာရှင်များဟာသူတို့ရဲ့အာဏာတည်ြ မဲရေးအ တွက်ဆို ဘယ်လိုသော လူ့အခွင့်ရေးကိုပဲချိုးဖောက်ရ ချိုးဖောက်ရ၀င်မလေးတတ်သူများပါ… ။
အပိုဒ်-၉
မည်သူမျှဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
မည်သူမျှဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ချူပ်နှေ
“ ဒီအပိုင်းမှာတော့…ချိုးဖောက်လို က်တဲ့အခွင့်ရေး ကမ်းကုန်တယ်လို့တောင်ပြောချင်ပါ တယ်……..ငါထောင်ထဲမှာတုန်းကရဲဘော်တယောက်နဲ့ဆုံခဲ့တယ်…အခုထိတောင် သူမလွတ်သေးဘူး….သူ့နံမည်ကကိုသန်းဇော်တဲ့သံလျှင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလူငယ်အဖွဲ့ဝင်တဦး…သူ့ကို…သံလျှင်ရေနံချက်စက်ရုံဗုံးပေါက်ကွဲ တဲ့ကိစ္စနဲ့ပါတ်သက်ပြီးသေဒဏ်တွေ… ကျွှန်းဒဏ်တွေချထားတာနည်းတာမဟုတ် ဘူး..တကယ်တော့သူဟာဒီအမူ့ကိစ္စမှာ လုံးလုံးပါတ်သက်ဆက် နွယ်ခဲ့သူတယောက်မဟုတ်ဘူး…..သူ့ ရဲ့နိုင်ငံရေးတက်ကြွမူ့ကိုရိုက် ချိုးချင်တာနဲ့…လုပ်ကြံဇာတ်လမ်း စဉ်ပြီး…ထောင်ဒဏ်နှစ်ရှည်ချခြင်းခံလိုက်ရတာ….ဒီအမူ့ကိုကျူးလွန် ခဲ့သူကိုယ်တိုင်ကသူ့ကိုအဖမ်းခံ ရတော့…ကိုသန်းဇော်လုပ်တာမဟုတ်ပါ ဘူး..သူတို့လည်းဘာမှမသိပါဘူး…ကျ နော်လုပ်တာပါလို့ ၀န်ခံတာတောင်…ကိုသန်းဇော်ကို ခုထိလွှတ်မပေးဘူးကွာ…အခုဆို ထောင်ထဲမှာ နှစ် ၂၀ ကျော်ပြီ သူနေနေရတာ…”
“ဗျာ….ဘယ်လို…ဘယ်လိုထောင်ထဲမှာေ နနေရတာ..အနှစ်နှစ်ဆယ်ကျော်ပြီ.. ဟုတ်လားအကို…..ဘုရား…ဘုရား…ကျေ န်ာတို့အသက်နီးပါးလောက်တောင်မှေ ထာင်ထဲနေနေရတာပါ့လား….ရက်စက်လို က်တာဗျာ…” ချမ်းမြေ့ပုံစံကထိတ်ထိတ်ပြာပြာ ဖစ်သွားတယ်
“သူလိုမတရားဖမ်းဆီးထောင်ချခံေ နရတဲ့သူတွေအများကြီးရှိပါသေးတယ် ကွာ…..ငါတောင်မှထောင်ထဲမှာ၁၃နှ စ်နီးပါးနေခဲ့ရတာ….ကိုမင်းကိုနိုင်တို့ကိုကိုကြီးတို့ဆိုငါ့ထက် တောင်များသေးတယ်..ငါမှတ်မိသေး တယ်…တခါကငါရန်ကုန်ရောက်သခိုက် နေမကောင်းဖြစ်ပါလေရော…ဒါနဲ့ဘား လမ်းမှာရှိတဲ့မွတ်စလင်ကုသိုလ်ြ ဖစ်ဆေးရုံမှာတက်ရောက်ဆေးကုသနေချိန်….ကိုမင်းကိုနိုင်တို့ကိုကို ကြီးတို့ငါ့ဆီရောက်လာကြတယ်…ဒီတု န်းကသူတို့ထောင်ကလွတ်လာကာစအချိ န်ပေါ့….ငါတို့တွေ့ဆုံရခိုက်ကို ကိုကြီးပြောသွားတဲ့စကားလေးကငါ့ ရင်ကိုတော်တော်ထိသွားတယ်ကွာ…သူ ကဘာပြောသလည်းဆိုတော့…ကျနော်တို့ မှာ..လူငယ်ဘ၀ဆိုတာဘာမှန်းကိုမသိ လိုက်ပါဘူးဗျာတဲ့…ငါလည်းအတူတူပါ ပဲ…ငါတို့ရဲ့လူငယ်ဘ၀တွေကိုအုတ် နံရံတွင်း မှာကုန်လွန်စေခဲ့ရတာပါ….လူငယ် ဘ၀တွေပျော်ရမဲ့အချိန်များစွာမှာ ငါတို့မပျော်နိုင်ခဲ့ပါဘူး….. တကယ်တော့ငါတို့ဘ၀တွေဟာလူ့အခွင့် ရေးဆိုတာတောင်းဆိုရင်း..ကိုယ့် အခွင့်ရေးတွေပေးဆပ်ခဲ့ရတဲ့ဘ၀တွေ ပါ….”
အားလုံးကကျနော်ပြောသွားတဲ့စကားေ တွရဲ့အောက်မှာနစ်မြောသွားကြဟန် တူတယ်။ကိုယ်တိုင်မတွေ့ကြုံရပေမဲ့ လို့ ရင်ထဲတွေမှာတော့ တော်တော်များခံစားသွားရသလားမသိ… …..
“ ငါ စစ်အာဏာရှင်အစိုးရကို တော်တော် အသဲယားတယ်ကွ…မင်းစဉ်းစားကြည့်လေ ..လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် ၂ မှာဘယ်လိုဆိုထားသလည်းဆိုတော့….
အပိုဒ်-၂
လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကိုပို င်ဆိုင်ခံစားခွင့်ရှိသည်။လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊အသားအရောင် အားဖြင့် ဖြစ်စေ၊ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှူအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်းဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေစီရင် ပိုင်ခွင့်ဆိုင်ရာဖြစ်စေတိုင်ြး ပည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကိုအခြေပြု၍ေ သ်ာလည်းကောင်း၊ဒေသနယ်မြေတစ်ခု သည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့် နယ်မြေ၊သို့တည်းမဟုတ်ကုလသမဂ္ဂထိ န်းသိမ်းစောင့်ရှောက် ထားရသည့်နယ်မြေ၊သို့တည်းမဟုတ်ကိုယ်ပိုင်အုပ်ချူပ်ခွင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော် နယ်မြေများ ဖြစ်သည်၊ ဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ ။
လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကိုပို
“ဒီအချက်တွေနဲ့စစ်အစိုးရလုပ်ပုံ တွေနဲ့ကတော့တော်တော်ကိုဆန့်ကျင် ဘက်ပါပဲအကိုရာ…နိုင်ငံရေးလွတ် လပ်ဘို့ကိုမဆိုထားနဲ့…ဘာသာရေး.. လူမူ့ရေးဘာဆိုဘာမှကိုမလွတ်လပ်တာ ပါ…သူတို့က တိုင်းပြည်မှာ..စစ်ဘက်ဆိုင်ရာ.. အာဏာပိုင် လူတန်းစားတရပ်ကိုထူထောင်နေတာဆို တော့…လွတ်လပ်မူ့ဆိုတာသူတို့လူ တန်းစားတွေအတွက်လောက်ပဲရှိနေမှာ ပါ.. ကျန်တဲ့သူတွေအတွက်ကတော့လူ့အခွင့် ရေးချိုးဖောက်ခံနေရတဲ့နင်းပြား ဘ၀တွေပါပဲ…ဒါကိုမှရုန်းထွက်ဘို့ မစဉ်းစားကြဘူးဆိုရင်…ဆယ်သက်ဆယ် ကမ္ဘာခံပေဦးတော့ဖြစ်နေမှာပဲအကို ရေ…ဟား..ဟား..ဟား….
စန်းမောင်ရဲ့မချိတင်ကဲရီသံရဲ့ေ နာက်မှာမကျေနပ်သံတွေရောနှောပါေ နတယ်ဆိုတာကိုအားလုံးကသတိပြုမိလိုက်ကြပါ တယ်။ ဒီနေ့တော်တော်တောင် အချိန်နှောင်းသွားပြီပဲ…
“ တို့ ဒီနေ့ဒီလောက်နဲ့ပဲနားကြရအောင်ကွာ..နောက်နေ့ လူ့အခွင့်ရေးခေါင်းစဉ်ကိုပဲဆက်ေ ဆွးနွေးကြတာပေါ့….။
အပိုင်း ၇ ဆက်ပါဦးမည်။
No comments:
Post a Comment