( မောင်မောင်ဝမ်း )
ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ ကိုပြန်ပြောင်းလို့သတိရမိတယ်၊
၁၉၉၀ရွှေးကောက်ပွဲအကြိုစည်းရုံးေ ရးကာလမှာကျနော်တို့မြို့ကိုစည်း ရုံးရေးဆောင်ရွက်ဘို့အနုပညာရှင် တွေ ရောက်ရှိလာကြတယ်၊ ကဗျာဆရာကြီး ဦးတင်မိုး ၊ ဖေမြင့် ၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင် ၊ စန္ဒယား တင်ဝင်းလှိုင် တို့---------ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့ ၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ရှိနြေ ကတယ်….ဆရာကြီးနဲ့ဝိုင်းဖွဲ့ဆွေး နွေးရင်း..ဆရာကြီးရဲ့သြ၀ါဒတွေကိုခံယူတယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ……………
စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲဝိုင်းဖွဲ့ခဲ့ ကြတယ် ဆရာကြီးက ထိပ်ဆုံးမှာ..
“တကယ်တော့…နိုင်ငံရေးအလုပ်ဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ…တနည်းအာြး ဖင့်မြင့်မြတ်သူတို့ရဲ့အလုပ်..ေ တ်ာရုံစိတ်ထားနဲ့လုပ်နိုင်ဘို့ ခက်တယ်….ဒါပေမဲ့ကျုပ်ကနိုင်ငံေ ရးသမားတော့မဟုတ်ဘူး…နိုင်ငံရေး သမားလို့ခံယူရ လောက်အောင်စွန့်လွတ်အနစ်နာခံစိ တ်အဲသလောက်မကြီးမားဘူး…မြင့်ြ မတ်တဲ့စိတ်အဲသလောက်မရှိသေးဘူး…ေ ပမှီဒေါက်မှီ နိုင်ငံရေးသမားတယောက်ဖြစ်ဘို့ တော်တော်လိုတာဗျ…ဥပမာ…ဗိုလ်ချု ပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့… .ကျုပ်က အများကြီးလိုသေးတယ်…..”
ဆရာကြီးရင်ထဲကထွက်လာတဲ့စကားလုံး တွေထဲမှာ ရိုးသားဖြူစင်တဲ့အရိပ်ငွေ့တွေေ ရာထွေးပါလာတယ်…ပကာသနတွေမပါဘူး.. ဟန်ဆောင်မှု့တွေမသုံးဘူး
“ ဒါဆို ဆရာကြီး န၀တ ( အဲဒီကာလက န၀တ ပဲရှိသေးတယ် ) ကနိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးလား…သူတို့လည်း မြင့်မြတ်တဲ့အလုပ် လုပ်နေတာပေါ့ ” ဆိုတော့
“ဘယ်ကလာ……သူတို့ကစီးပွားရှာနြေ ကတာ….နိုင်ငံအာဏာနဲ့စီးပွားရေး လုပ်နေတာ…နိုင်ငံရေးလုပ်နေတာမဟု တ်ဘူး….နိုင်ငံရေးသမားကနိုင်ငံေ ရးကိုခုတုန်းလုပ်ပြီးစီးပွားမရှာဘူးဗျ…နိုင်ငံရေးအလုပ်ကိုနိုင် ငံရေးအတွေး ခေါ်လုပ်ငန်းစဉ်အတိုင်းပဲလုပ်တယ် …တိုင်းပြည်နဲ့လူထုကိုဘယ်လိုတိုးတက်အောင်လုပ်ပေးရမလည်းဆိုတဲ့အ တွေးတွေကိုပဲစဉ်ဆက်မပြတ်တွေးတယ် …လုပ်တယ်…သူ့ရင်ထဲမှာရှိတာငွေ မဟုတ်ဘူး….လူထု..တိုင်းပြည်ကို ဘယ်လိုချစ်ပါတယ်..ဘယ်လိုတိုးတက် အောင်လုပ်နေပါတယ်ဘယ်လောက်ပဲပြော ပြော..လက်တွေ့ဟုတ်သ လား..ကြည့်…မဟုတ်ရင်…တခုခုမှားေ နပြီ..တကယ်လုပ်မဲ့သူကတကယ်ဖြစ်နိုင်မဲ့လုပ်ငန်းစဉ်ကိုပဲရွေးချယ် တယ်…တင်းသင့်တာတွေကိုတင်း..လျှော့သင့်တာတွေကိုလျှော့..လူထုမျက် နှာ..လူထုအခွင့်ရေးကိုပဲကြည့် တယ်….တခါတလေကျုပ်စိတ်ကူးယဉ် ကြည့်တယ်…ကိုယ်ကသမ္မတပေါ့ဗျာ(စိ တ်ကူးယဉ်တာတော့ရာထူးမြင့်မြင့် ထားမှ ကောင်းတာ..)….တိုင်းပြည်ကို တည်ဆောက်ကြည့်တယ်…တကယ်ကိုအရသာရှိတာဗျာ..စိတ်ကူးနဲ့တောင်အရသာရှိ တယ်….ကျုပ်အမြင်ပြောရရင် လောကမှာ အများအကျိုးကို စိတ်ရှိသလောက်ဆောင်ရွက်နေရတာလော က် ကောင်းတာ ဘာမှမရှိဘူး..အစောကပြောခဲ့သလို ပါပဲ..နိုင်ငံရေးဆိုတာမြင့်မြတ် တဲ့အလုပ်ပါ…တခါ..မြင့်မြတ်သူတို့ ရဲ့အလုပ်ပါဘာလို့လည်းဆိုတော့ အများအကြိုးကို ကိုယ်ကျိုးစွန့်ပြီးသယ်ပိုးရတာ ကိုး..”
“ဆရာကြီး စစ်အာဏာရှင်တွေကတော့..နိုင်ငံေ ရးဆိုတဲ့အသံကြားလိုက်တာနဲ့ တီကောင်ကိုဆားထိလိုက်သလို တွန့်တွန့်သွားတာ..ဘာလို့လည်း”
“သူတို့ကနိုင်ငံရေးလုပ်နေတာမှ မဟုတ်တာ..သူတို့ရေးလုပ်နေတာဆိုေ တာ့…နိုင်ငံရေးလုပ်နေသူများဟာ.. သူတို့အတွက်ရန်ဘက်ဖြစ်နေတာပေါ့… ကျုပ်နားလည်တာက…နိုင်ငံရေးအလုပ် ဆိုတာ..မှားမှန်းသိရင်ပြင်နိုင် ရမယ်….မှန်ရင်ဆက်လျှောက်ရဲရမယ်… ပြုနိုင်လွယ်..ပြင်နိုင်လွယ်ြ ဖစ်ရမယ်…လူထုမျက်နှာ..လူထုအကျိုးစီးပွားကိုရှေးရှုရမယ် ..အဲဒါမှ နိုင်ငံရေး”
လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုဆီ ကစကားတွေဟာခုထိလတ်ဆတ်နေဆဲ၊ခေတ် မှီနေဆဲ၊ကျနော့်ရင်ထဲမှာစွဲထိေ နဆဲပါ…… “ နိုင်ငံရေးဆိုတာမြင့်မြတ်သူတို့ ရဲ့အလုပ်တဲ့ ”
မြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆို …မမြင့်မြတ်သူတို့ရဲ့ထိုးနှက်တိုက်ခိုက်ဝေဖန်ဆော်ကားမူ့တွေသတ်ြ ဖတ်မူ့တွေ ဆိုတာမလွဲမသွေကြုံရမှာပါပဲ….. ဆန့်ကျင်ဘက်တို့ရဲ့အားပြိုင်မူ့ ဆိုတာ..လောကဓမ္မပဲလေ…ဒီကမ္ဘာလောကြ ကီးကိုကဆန့်ကျင်ဘက်တို့ရဲ့အာြး ပိုင်မူ့တွေနဲ့တည်ဆောက်ထားတာမဟု တ်လား------------------------- --------ဦးစောသတ်ဖြတ်မှာကိြုေ ကာက်လို့ ဗိုလ်ချုပ်ဟာ နိုင်ငံရေးလောက ကနေ ဟိုးအစောကြီးကထဲက စွန့်ခွာသွားခဲ့မယ်ဆိုရင် မြန်မာပြည်ရဲ့လွတ်လပ်ရေး ကံကြမ္မာဟာဘာတွေများဖြစ်လာလိမ့် မလည်း----မြင့်မြတ်တဲ့သူတွေရဲ့ လုပ်ရပ်များဟာမိမိယုံကြည်ရာပန်းတိုင်အတွက်ဘာကိုမှစိုးရွံ့စိတ် မရှိအောင်မြင်မူ့ပန်းတိုင်ကို မရောက်ရောက်သည်အထိလျှောက်တတ်ြ ကတယ်။
ခေတ်အဆက်ဆက်စစ်အာဏာကြီးများကနို င်ငံရေးဆိုတာကိုပုံဖျက်သွားကြေ လတော့..နိုင်ငံရေးဆိုတာ ကြားလိုက်ယုံနဲ့..အများစုကမသတီ စရာတခုလို့မြင်လာတတ်ကြတယ်…နိုင် ငံရေးသမားဆိုသူများကိုအဖျက်သ မားတွေ၊အချောင်သမားတွေ၊ လူထုကို ဒုက္ခပေးမဲ့သူတွေလို့မြင်လာအောင် အမျိုးမျိုးဝါဒတွေဖြန့်တယ် နံမည်တွေပျက်အောင်ဖျက်တယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဟာ လောကီနယ်ပယ်တခုလုံးမှာ အလွန်မှမြင့်မြတ်တဲ့အလုပ်ပဲဖြစ် ပါတယ်။နိုင်ငံရေးဆိုတာကိုညစ်နွ မ်းအောင်လုပ်တာဟာလုပ်တဲ့သူရဲ့လု ပ်ရပ်ပဲ ဖြစ်တယ်၊ နိုင်ငံရေးရဲ့ ဖြစ်စဉ်မဟုတ်ဘူး၊
နအဖ ရေလည်းသုံးတတ်တဲ့ နိုင်ငံရေးနဲ့မပတ်သက်ရဆိုတဲ့စကားရပ်ကို အသဲယားတယ် နိုင်ငံရေးဆိုတာ နိုင်ငံသားတွေရဲ့အရေးပဲ တနည်းအားဖြင့် လူသားတွေရဲ့အရေးပဲ ဒါကိုမပတ်သက်ရဆိုတော့ လူထုက ဘယ်နေရာမှာသွားပတ်သက်ရတော့မှာ လည်း၊လိုရင်လိုသလို မလိုရင်မလိုသလို ဆွဲယူတတ်တာ အာဏာရှင်တွေရဲ့စရိုက်လက္ခဏာ တခုပါ၊
တကယ်တော့ စစ်အာဏာရှင်အဆက်ဆက်မှာ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်သွားတာက ဆန့်ကျင်သူ၊အာဏာကိုဖြတ်လမ်းနည်း ဖြင့်ရယူသောလုပ်ရပ်၊တိုင်းပြည် ကိုဖျက်စီးနှောက်ယှက်နေသူများ စသဖြင့်ပေါ့လေ ၊ သူတို့ကိုသူတို့ကြ နိုင်ငံရေးသမားများလို့ဘယ်တုန်း ကမှမပြောခဲ့ဘူး အဲသလောက်ထိနိုင်ငံရေးဆိုတဲ့ ဝေါဟာကိုကြောက်ရွံ့ကြတာ ---တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကျောင်းသားတွေဆုံခဲ့ စဉ်အခါက အန်တီစုပြောခဲ့တဲ့စကားလေးကိုလည်း သတိရမိတယ်…..
“နိုင်ငံရေးဆိုတာစက်ဆုတ်ရွံ့ရှာ စရာအလုပ်မဟုတ်ဘူးဆိုတာကို…လူထု တရပ်လုံးသိအောင်ကြိုးစားဘို့လို တယ်…..နိုင်ငံရေးဆိုတာပြည်သြူ ပည်သားအားလုံးနဲ့သက်ဆိုင်တဲ့ကိ စ္စ…ပြည်သူတရပ်လုံးနိုးကြားတက်ြ ကွနေဘို့လို တယ်….အန်တီတို့ချည်းပဲလုပ်နေလို့ မရဘူး…လူထုတရပ်လုံးကနိုးကြားမူ့ မရှိဘူးဆိုရင်..ဘယ်လမ်းစဉ်ကော င်း ကောင်းနဲ့ပဲသွားသွားမအောင်မြင်နိုင်ဘူး……ဒီမိုကရေစီမရသေးတဲ့နို င်ငံမပြောနဲ့…ဒီမိုကရေစီနိုင်ငံ ကြီးတွေမှာ တောင်..ရရှိထားပြီးသားဒီမိုကေ ရစီကိုပျောက်ပျက်မသွားအောင်…လူ ထုရဲ့နိုးကြားတက်ကြွမူ့တွေနဲ့ဝိုင်းထိန်း သိမ်းကြရတာ ” မှတ်သားစရာကောင်းတဲ့ စကားတွေပါ ။ တကယ်တော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကိုဆောင်ရွက်ရတဲ့ ကိစ္စပါ ၊ လောကုတ္တရာမှာ ဘာသာသာရေးဟာ အထွတ်အထိပ်ဆိုရင် လောကီမှာ နိုင်ငံရေးဟာ အမြင့်ဆုံးမှာရှိတယ်လို့ဆိုချင် ပါတယ်။ အင်မတန်မှ ဖြူစင်မြင့်မြတ်တဲ့ နိုင်ငံရေးကို အရောင်ဆိုးပုံဖျက်သူများဟာ သူတို့ရဲ့ကိစ္စသာဖြစ်ပါလိမ့်မယ် ၊ မူလ နိုင်ငံရေးကတော့ အမြဲဖြူစင်လျှက်ပါ။ နိုင်ငံရေးဆိုတာလူသားတွေအကျိုး စီးပွား (အများ အကျိုးစီးပွား )ကိုဆောင်ကျဉ်းပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက်
တကယ်တော့ နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်သာဖြစ် ပါတယ်။
စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ
ကြုံတွေ့ လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘ၀ ကျေးဇူးရှင် ၊သံသရာ့ ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ ပြန်နေတာမို့ 
ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် ..။
မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်..။
ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ
ကိုယ်နဲ့ ထိတွေ့ ပတ်သတ်လာသူတွေရဲ့  အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က
သို့ မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်း ကဏ္ဍက
အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ ပြန်ပေးဆပ်နေကြတာမို့ 
လောကအတွက်ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့ 
ကမ္ပည်းထိုးနိုင်ပါတယ် …။
( မောင်မောင်ဝမ်း )
No comments:
Post a Comment