လုပ်ငန်းရှင်ကြီးအချို့အပေါ်
ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည်
နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊
လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ
-အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့်
ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့
အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ
ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြ င့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြ င့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။
လုပ်ငန်းရှင်ကြီးအချို့(ဥပမ
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြ
ငွေလဲလှယ်နှုန်း တစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း ငွေလဲကောင်တာနှုန်း၊ ပြင်ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ ကွာခြားမှုရှိနေခြင်းတို့ကြေ
ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ခွင့်ပြုပြီး
အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀ ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ စီးပွားရေးလုပ်ငန်းများနှင့
နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁ ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန် မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးများတွင် တိုးတက်မှု နှေးကွေးနိုင်ကြောင်း ဖော်ပြထားသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ ကိုယ်ကျိုးအတွက် ဆောင်ရွက် နေခြင်းများကို လျော့နည်းပပျောက်စေမည့် အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့် ဆင့်၊ ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ် ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီးများက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သော နည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း အကြံပြုထားသည်။
အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့် လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့် အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်း ခံရမည့်အရာများ မှန်ကန်သည့်တန်ဖိုး၊ ဈေးနှုန်း၊ သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့ ၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ ယုံကြည်လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့် အခွန်စနစ်များပါရှိသည့် ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ပြန်လည်ရေးဆွဲသွားသင့်ကြောင
ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန် အထောက်အကူပြုရေးအတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက် ယင်းကို ထိန်း သိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များ လျှော့ချခြင်း၊ အခွန်အကောက်များ ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့် ဘတ်ဂျက်လိုငွေပမာဏ ကို လျော့ကျအောင် လုပ်ဆောင်သင့် ပြီး နိုင်ငံခြားရင်းနှီးမြှုပ်န
No comments:
Post a Comment