အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတေ
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော် တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသန မှတ်တမ်း တင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်း အောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရ ရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်း ကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့ အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့ နီးကပ် လာနေပါပြီ ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခို က်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေ ဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီ ထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျ က်ဆီးဆုံးရှုံးရတော့မယ့်အရေး ကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည် ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆို ခဲ့ပါတယ်။ (Aung Pan)
No comments:
Post a Comment