Sunday, December 30, 2012
Saturday, November 10, 2012
ဒေါ်အောင်ဆန်းစုကြည်၊ ဂျဝါဟာလာနေရူးဆုနဲ့ ဟိုတုန်းက နယူးဒေလီ
လာမယ့်တနလာင်္နေ့ (နိုဝင်ဘာ ၁၂) ရက်ဆို ဒေါ်အောင်ဆန်းစုကြည်
အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုတဲ့သတင်း အားလုံး လည်း သိထားပြီး ဖြစ်တယ်။
ဆယ်ကျော်သက်ရွယ်ကာလက အမေဒေါ်ခင်ကြည် အိန္ဒိယသံအမတ်နဲ့ နေထိုင်စဉ်၊ အိန္ဒိယ
နိုင်ငံမှာ ပညာသင်ကြီးပြင်းလာတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ငယ်တုန်းက
နေရာဟောင်းလေးတွေနဲ့ ပုံရိပ်ဟောင်း တွေ ပြန်မြင်ယောင်စေမယ့်
ခရီးဖြစ်မယ်ထင်ရဲ့။
ဒီဆောင်းပါးရေးနေချိန်ဟာ ခရီးစဉ်စဖို့ ၃ ရက်ပဲ လိုပါတယ်။
ဒါပေမဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့
အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူတွေဘက်ကရော၊ NLD ပါတီနဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိုင်းအ၀ိုင်းဘက်ကပါ ဘာသတင်းမှ မထုတ်ပြန်သေးပါ။
ဒီခရီးဟာ အိန္ဒိယအစိုးရက တရားဝင်ဖိတ်ခေါ်တာမျိုး မဟုတ်ပါဘူး၊ ၁၉၉၃
ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဂျဝါဟာလာနေ
ရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့၊ ဂျဝါဟာလာနေရူး
မယ်မိုဒီရယ်လ်အဖွဲ့က ဖိတ်ခေါ်ခဲ့တာပါ။
Friday, October 12, 2012
မူလလမ်းကြောင်းနဲ့ သွေဖီနေပြီ
RFA မြန်မာပိုင်းမှာ ၁၄ နှစ်ကျော်ဆက်တိုက်သတင်းလုပ်လာတဲ့ ကျနော့ကို၊
ဒီနှစ် အောက်တိုဘာမှာ ဘာမပြောညာမ ပြော ထုတ်ပစ်လိုက်တဲ့အတွက် မိတ်ဆွေတွေ၊
သောတရှင်တွေကဖုန်းနဲ့ရော၊ ချပ်တင်တွေရော၊ FaceBook စာမျက်နှာ
တွေကပါနှစ်သိမ့်အားပေးတာ၊ စာဆက်ရေးနေဘို့ တိုက်တွန်းတာတွေအပြင်၊ ဘာကြောင့်
အလုပ်ထုတ်ခံရတာလဲ? အာအက်အေ က မြန်မာ့ဒီမိုကရေစီအရေး အားပေးတာဘပမို့လား?..
နောက်ထပ်လူတွေထုတ်အုံးမယ်ဆို..? ဘာညာသ တင်း တွေမေးကြတယ်။
အလုပ်ကထုတ်ခံရတဲ့ ဒီလိုကာလမှာ ကျနော် အာအက်ဖ်အေအကြောင်း သိတ်မရေးချင်ဘူး။ ဆန္ဒဇောတွေပါမှာစိုးလို့ပါ။
တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမား အာ ပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီး ရေးလိုက်ပါပြီ။
တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမား အာ ပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီး ရေးလိုက်ပါပြီ။
ဟိုးတုန်းက.. အာအက်ဖ်အေ မြန်မာပိုင်းဋ္ဌာနဟာ
မြန်မာပြည်ဒီမိုကရေစီရေးအတွက်ရော ပြည်သူတွေအတွက်ရော လာ ခြင်းကောင်းခဲ့တယ်။
သတင်းလွတ်လပ်ခွင့်ပျက်သုန်းနေတဲ့ တိုင်းပြည်အတွက် အားကောင်းမောင်းသန်
ဖြစ်ခဲ့တယ်။ သ တင်းမှန်တွေနဲ့ အများပြည်သူ သိသင့်သိထိုက်တဲ့သတင်းတွေကို
စစ်အာဏာရှင်တွေ သံကွန်ခြာအထပ်ထပ်ကာ၊ ပြည် သူတွေကို ပါးစပ်ပိတ်၊ နားပိတ်ပြီး
ဓားမိုးခြိမ်းခြောက်တဲ့ကြားက ဖောက်ထုတ်နှိုက်ယူခဲ့ကြတယ်။ သတင်းထောက်တွေနဲ့ အဖိနှိပ်ခံပြည် သူတွေ၊ ပြည်သူ့ရှေ့ဆောင်နိုင်ငံရေးသမားတွေ၊
စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အားပေးတဲ့
နိုင်ငံအရေး လှုပ်ရှားတက်ကြွသူတွေ အတူလက်တွဲပြီး အချိတ်အဆက်မိမိနဲ့
သတင်းတွေဖော်ထုတ်နိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပသာ မက၊
နိုင်ငံတကာသတင်းလောကမှာပါ အသိအမှတ်ပြုမှု၊ ကိုးကားတင်ပြမှုတွေရခဲ့သလို၊
အာဏာရှင်တွေ ဖိန့် ဖိန့်တုန်အောင်ကြောက်ခဲ့တဲ့ မီဒီယာတခုအဖြစ်
ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာ အားလုံးသိကြတယ်။
Thursday, October 4, 2012
၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး
![]() |
| ပါတီညီလာခံ ကျင်းပရေးအတွက် ပဲခူးတိုင်းခရီးစဉ်တွင် တွေ့ရသော NLD နာယက ဦးတင်ဦး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ) |
(အင်တာဗျူး)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက တဦးဖြစ်သူ ဦးတင်ဦးကို
ဧရာဝတီက စက်တင်ဘာလ အစောပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၈၈
မျိုးဆက်ကျောင်း၊ ပြည်ပမှ ပြန်လာသူများနှင့် NLD ၏ ဆက်ဆံရေး အနေအထား၊ NLD
နှင့် စီးပွားရေးမူဝါဒ၊ လွှတ်တော်တွင်းမှ NLD ၏ အခြေအနေ ၂၀၁၅ အတွက် NLD ၏
ပြင်ဆင်ချက်၊ မျှော်လင့်ချက်များကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ
သတင်းထောက် ကျော်ခတို့က ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း
အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ၇ နှစ်နီးပါး
ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး
လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက
ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း
ဖြစ်သည်။
မေး ။ ။ ပြည်ပက
ပြန်လာတဲ့သူတွေ ရှိတယ်။ မကြာခင်ကပဲ ကိုသောင်းထွန်းတို့၊ ကိုမိုးသီးဇွန်တို့
တွေ့ကြတယ်။ နောက် ၈၈ မျိုးဆက်အုပ်စုရှိတယ်။ သူတို့တွေဆိုရင် လွန်ခဲ့တဲ့
NLD စဖွဲ့ကတည်းက အဖွဲ့ဝင်တွေ မဟုတ်သော်လည်းပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒုက္ခသုက္ခတွေ ရောက်ခဲ့တဲ့ကာလတွေမှာ စိန်ခေါ်မှုကာလတွေမှာ NLD ကို အမြဲတမ်း
ဝန်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမယ့်
အခုလိုပွင့်လာတဲ့ NLD ဘယ်လိုလဲလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခုကာလမှာ
သူတို့တွေရဲ့ အားကို ဘယ်လို ယုံကြည်ပြီး သုံးမှာလဲ။
Wednesday, October 3, 2012
ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ်
| ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို |
ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ က ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲနိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။
ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။
ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာသမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးခဲ့ပါတယ် ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကိုကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲနိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။
ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတ
ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ
Sunday, September 30, 2012
NLD ရှေ့ရေး .. ဗကပ အတွေး
(၁) ဤဆောင်းပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) နာယက
ဦးတင်ဦးက ‘ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအား ကိုးနေလို့မဖြစ်’ ဟု ပြောတာကို
ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။
(၂) ဒေါ်စု တယောက် လွှတ်တော်ပြေးတက်လိုက်။ အိမ်ပြန်ပြီး တညလောက်အိပ်။
ကော့မှူးကိုထွက် လုပ်နေရတာ။ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေ တွေ့ပြီး ဒီ
(၆၇) နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲလို့ စဉ်းစားမိသည်။ သူ
ဗမာပြည်နိုင်ငံရေးထဲ ၀င်လာတော့တောင် အသက် (၄၀) ကျော်နေပြီ၊ သူ့အဖေလို
လူငယ်ခြေတက်ဘ၀နဲ့ လုပ်ရတာ မဟုတ်။
ဒါ့ထက်အရေးကြီးတာက
Friday, September 21, 2012
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနဲ့ ဆက်သွယ်မေးမြန်းချက်
မေး။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ စစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ် ကျော်ဇောကို ပါတီခေါင်းဆောင်တယောက်အနေနဲ့ အသိအမှတ်ပြုမခေါ်တာ ဘာကြောင့်လို့ထင်မြင်လဲ?
ဖြေ။ ကျနော်တို့ အမြင်မှာက ဗိုလ်ချုပ်ကျော်ဇော ဆိုတဲ့ ပုဂ္ဂိုလ်တည်ရှိနေတာက
ကြာလှပြီ။ အရင်တုန်းက ဗိုလ် ချုပ်ကျော်ဇောဟာ ကျန်းကျန်းမာမာ၊
သွားနိုင်လာနိုင်၊ ပြောနိုင်ဆိုနိုင် သွက်သွက်လက်လက်ပဲ၊ အဲလိုအချိန် တုန်းက
အစိုးရအဆက်ဆက်ဟာ ဗိုလ်ချုပ်ကျော်ဇော မြို့ပေါ်ကိုပြန်လာမှာ သိတ်ကြောက်တယ်။
ဗိုလ်ချုပ် ကျော်ဇောရဲ့စကား၊ ဗိုလ်ချုပ်ကျော်ဇောရဲ့ အလုပ်အကိုင်တွေဟာ
ပြည်သူလူထုကြားမှာ ဘယ်လောက်သြဇာရှိ နေတယ်ဆိုတာ သူတို့သိနေတယ်။ အဲဒါကြောင့်
ဗိုလ်ချုပ်ကျော်ဇောကို သူတို့စကားထဲ ထည့်မပြောရဲဘူး။ အခုကျမှ
မသွားနိုင်မလာနိုင်၊ မပြောမဆိုနိုင် (ကျန်းမာရေးက သိတ်ကိုဆိုးနေပါပြီ)
ဗိုလ်ချုပ်ကျော်ဇော အနေနဲ့ ရန်ကုန်ကိုသွားဖို့တောင်၊ မရောက်နိုင်တဲ့
အခြေအနေမျိုးရှိမှန်းသိတော့ မှ ဖိတ်ခေါ်ပါတယ်ဆိုပြီး နာမည်ကောင်း ယူပြီးခေါ်တာပါ။ ကျနော်ကတော့ ဒါဟာ ရိုးသားတဲ့စေတနာနဲ့ အပြုအမူလို့ မထင်ပါဘူး။
Thursday, September 20, 2012
အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား
![]() |
| စက်တင်ဘာ ၁၈ ရက်က United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters) |
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး
ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း
ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့်
တုံ့ပြန်ကြသည်။
“ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။
ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက် တကယ်တန်းလက်တွေ့ ထိထိမိမိနဲ့
ပြောပြီလို့ ကျနော် ယူ ဆပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ
ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။
NDF ပါတီ အနေဖြင့်လည်း ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက
တိုင်းပြည်ကို အမေရိကန် အပါအ၀င် နိုင်ငံတကာ က စီးပွားရေး
ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုများကို မလိုလားခဲ့ကြောင်း၊ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှုတွင် စီးပွားရေး ဒဏ် ခတ် ပိတ်ဆို့ထားမှုက
အရှိန်နှေးကွေးစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ကို
ချစ်မြတ်နိုးကြောင်း လက် တွေ့ ပြောဆိုပြသလိုက်ခြင်း ဖြစ်ကြောင်း သူက
ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး
အင်စတီကျုတွင် စက်တင်ဘာ ၁၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်က
မြန်မာ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို လျှော့ချရန် ထောက်ခံလိုက်ပြီး
နိုင်ငံရေး အကျဉ်းသား တယောက် မကျန် လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
Monday, September 17, 2012
ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် . . .
ရန်ကုန်မှာ ရခိုင်တွေအများကြီးဖြစ်လာပြီ ။ ရခိုင်တွေအများကြီးဖြစ်လာတော့ ရခိုင်တစ်ယောက်ဖြစ်တဲ့ ကျနော်လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့ မတွေ့မဖြစ်တွေ့လာရတယ် ။ ဟိုအရင်တုန်းက
ကျနော်တို့တလမ်းပေါင်းမှ ရခိုင်အိမ် ၂ အိမ်ပဲ ရှိတယ် ။ အခုဆို တလမ်းလုံးပေါင်းရင် ရခိုင်အိမ် ၆ အိမ်အထက်မှာဖြစ်လာပြီ ။ ကျနော်တွေးမိတယ် ။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့
လူဦးရေယိုစီးရုံသာမက ပြည်မကြီး နဲ့အခြားပြည်နယ်တွေကိုပါ တစိမ့်စိမ့် လူဦးရေယိုစီးခြင်းခံနေရတယ် ။
နှစ်စဉ်နှစ်တိုင်းပဲ အခြားပြည်နယ်နဲ့ ပြည်မကြီးက လူငယ်တွေလိုပဲ ရခိုင်လူငယ်တွေ မလေးရှား ၊ ထိုင်း နဲ့ စင်ကာပူအစရှိတဲ့ နိုင်ငံတွေကို အလုပ်အကိုင်နဲ့ငွေကြေးအတွက် ထွက်ခွာနေကြ
တယ် ။ မောင်တော နဲ့ဘူးသီးတောင် လို လုံခြုံစိတ်ချမှု့မရှိတဲ့ဒေသက ရခိုင်တွေ ကလည်း ပြည်မကြီးကို အလုံးအရင်းနဲ့ပြောင်းရွှေ့လာကြတယ် ။
အခုဆိုရင် ရန်ကုန်တိုင်းမှာဆို ရခိုင်တိုင်း
ရင်းသားရေးရာ ၀န်ကြီးထားရတဲ့အထိ များပြားနေပြီ ။ ရန်ကုန်မှာ များပြားနေတာဟာ ရခိုင်မှာ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းအင်အားလျှော့နေတာကို ညွန်းတယ် ။
ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ဘင်္ဂလီတွေကို ဘယ်နည်းနဲ့မှ တွန်းလှန်နိုင်စရာလမ်းမမြင်ဘူး ။ တစတစ လျှော့နည်းလာတဲ့လူဦးရေဟာ နိုင်ငံတော်အစိုးရအဖို့ အဲ့ဒီဒေသမှာ စီးပွားရေး
လုပ်ငန်းတွေ ထူထောင်ပေးဖို့ ၊ လုံခြုံမှု့ရှိအောင်လုပ်ပေးဖို့ မီးမောင်းထိုးပြနေပေမယ့် တာဝန်ရှိသူတွေကတော့ မြင်ပုံမရဘူး ။ တာဝန်ရှိသူတွေမြင်တာက ဘင်္ဂလီနဲ့ပါတ်သက်ပြီးနိုင်ငံခြား
ရဲ့အငြိုအငြင်မခံရဖို့ပဲ ၊ ၀န်ကြီးဦးခင်ရီကတောင်ပြောလိုက်ပါပြီ ။ ရခိုင်ပြည်မှာ ခိုးဝင်တဲ့ ဘင်္ဂလီမရှိတဲ့ ။ မအံ့သြောမိတော့ပါဘူး ။
Saturday, September 8, 2012
နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတေ
သမိုင်းက မအ သလို ပြည်သူတွေကလဲ ငန မဟုတ်ပါဘူး
ကျော်ဟုန်း ၊စက်တင်ဘာ ၈၊ ၂၀၁၂
ခုတလော
ပြည်တော်ခဏပြန် လေ့လာရေးအဖွဲ့ တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပတွေမှာ
အသံတွေကြားနေရပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ် ရေးသားကြတဲ့ face book က
အမြင်တွေရော၊ ပြည်တွင်း သတင်းမီဒီယာသမားတချို့ ရဲ့ အတွေ့အမြင်
အရေးအသားတွေရော၊ ပြည်ပရှိ တော်လှန်ရေးနယ်ပယ်က သူတွေရော၊ ပြည်ပက
နိုင်ငံရေးနယ်ပယ်ရှိ သူတွေရော၊ပြည်ပမီဒီယာ ဌာနကြီးတွေရဲ့ တွေ့ ဆုံမေးမြန်းခန်းတွေမှာရော ပြည်တော်ပြန်တွေရဲ့အကြောင်းနဲ့ပတ်သက်လို့  အတော် ဆူဆူ ညံညံကြားနေရတာ ပါ။
သရုပ်ခွဲလေ့လာကြည့်တဲ့အခါ တချို့ က ကိုမိုးသီးဇွန်တို့ အဖွဲ့  ပြည်တော်ပြန်တာ အချိန်စောလွန်းသေးတယ်ပြောတဲ့ သူရှိတယ်။
သူတို
့အဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တွေ
မေးမြန်းချက်ကို ပြန်လည်ဖြေကြားတဲ့ စကားရပ်တွေ အပေါ်မှာ
နေထိုင်ခွင့်(၂၁)ရက်ထဲနဲ့  သူတို့ ပြောတဲ့
ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတို့ ၊ လူသားရင်းမြစ် တိုးတက်ရေးကိစ္စတို့ ၊
စတဲ့ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ ကိစ္စတွေကို သူတို့ လုပ်နိုင်ပါ့မလားလို့ 
သံသယအတွေးတွေကို အရင်းခံပြီး ထင်မြင်ယူဆ ရေးသားပြောဆိုနေတာတွေလဲ တွေ
့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း
* မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံ စာနယ်ဇင်း အစည်းအရုံး၊ leven Media Group နဲ့
ဝါရင့်သတင်းစာဆရာ တချို့က ထင်မြင်ချက်၊ ဝေဖန်ချက် ပေးထားတာတွေ ရှိနေပါတယ်။
ဝန်ကြီးအနေနဲ့ ဝေဖန်ထင်မြင် ချက် တွေကို ဘယ်လိုပြန်လည်ပြောကြား ချင်ပါသလဲ။
အမြုတေ စာနယ်ဇင်း ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိချင်ပါတယ်။
ကျွန်တော့အနေနဲ့ ၀န်ကြီး စဖြစ်တယ် ဆိုတာနဲ့ ကျွန်တော့ခေါင်းထဲမှာ ရောက်
လာတဲ့ ဦးစားပေးလုပ်ငန်းကတော့ ဒီစာနယ်ဇင်း ကောင်စီပေါ့လေ၊
အများယုံကြည်လက်ခံနိုင်တဲ့ စာနယ်ဇင်း ကောင်စီတစ်ရပ် ဖြစ်မြောက်လာရ အောင်၊
ဒီစာနယ်ဇင်းကောင်စီက ကောင်းမွန်စွာ၊ မျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ
အလုပ်လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းထဲမှာ စဉ်းစား မိပါတယ်။
Friday, September 7, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စုအဆင့်အငြင်းပွားမှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်စုကြည်ကတော့ ဒီနေ့ပြည်သူ့လွှတ်တော်အစည်းအ ဝေးကနေ ခွင့်ယူပြီး ပြန်သွား ပါပြီ။ ဒေါ်စု ရဲ့ ဒီပြည်ထောင်စုအဆင့်အငြင်းပွားမှုအပေါ် ရပ်တည်ချက်ကတော့ ရှင်းပါတယ်..သူကြားနေမယ်..တ နည်းအားဖြင့် မထောက်ခံနိုင်ဘူးပေါ့။ အမျိုးသားလွှတ်တော်အစည်းဝေး မှာ ခုံရုံးကို
စွပ်စွဲပြစ်တင်ဖို့ကိစ္စကို မဲခွဲဆုံးဖြတ်တော့ NLD အမတ်တစ်ဦးက
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ထပြီးတော့ တင်ပြပါတယ်..ဒီကိစ္စဟာ အရမ်းအရေးကြီးတဲ့
ကိစ္စဖြစ်တဲ့အတွက် ကြားနေတဲ့သူတွေလဲ နေလို့ရအောင်..ထိုင်ထစနစ် နဲ့ မဲခွဲ
ဆုံးဖြတ်မှု မပြုလုပ်ဘဲ လျှို့ဝှက်ဆန္ဒမဲ ပေးတဲ့ စနစ်နဲ့
ပြုလုပ်ပေးဖို့တောင်းဆိုခဲ့တာသိရပါတယ်..ဒါပေမယ့် ဥက္ကဋ္ဌကြီးက ပယ်ခဲ့ပါတယ်..ဒီမှာတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရဲ့ ဒီပြသနာအပေါ် ရပ်တည်ချက်က ရှင်းနေခဲ့ပါတယ်..သူတို့ မထောက်ခံ
နိုင်ဘူးပေါ့..ဒါကလဲ ဒေါ်စုကြည်တို့က သိတယ်.
Wednesday, August 22, 2012
ကိုမိုးသီး နဲ့  နေ့ သစ် အင်တာဗျူး
( ပြီးခဲ့တဲ့ လ က ပီနန်းဆရာတော်ဘုရားကြီးကို နယူးယောက်မှာ ဖူးတွေ့  ခဲ့စဉ်က )
|
နေ့ သစ်- ကိုမိုးသီးခင်ဗျား ကို အောင်မိုးဝင်း ဆိုတဲ့သူက တိုက်ခိုက်ထားတယ်။ ငွေကိစ္စ၊လူသတ်မှုကိစ္စနဲ့  ခင်ဗျားအကြောင်းကို သိနေတဲ့ကျနော်တို့ က စိုးရိမ်တယ်။ ကိုမိုးသီးရဲ့  သမိုင်းကြောင်းကိုလေးစားတဲ့ သူတွေက စိုးရိမ်မကင်းနဲ့ ကျနော်တို့ ကိုမေး လာကြတယ်။ နောက်ပြီးတော့အခုကာလက ခင်ဗျားက တိုင်းပြည်ငြိမ်းချမ်းရေးရအောင်ကြိုးပန်းဆောင်ရွက်နေတဲ့ကာလဆိုတော့ ဒါကို မနာလိုတဲ့သူတွေရှိနေတဲ့အဖျက်အမှောက်တွေရှိနေတယ်။ ဒီကိစ္စတွေကို ခင်ဗျားဘာပြန်ပြောချင်သလဲ။
မိုးသီး- ကြေးစည်သံကြားတော့ခွေးတွေအူတာပေါ့လေ။ ကောင်းမှုကိုသာဓုမခေါ်နိင်ဘူးပေါ့။ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေး ပျက်ယုံရှိမပေါ့။ ကဲပါလေ လိုရင်းပဲပြောကြတာပေါ့။ပီနန်ဆရာတော်ဘုရားကြီးက ကျနော်ကိုသိပ်ချစ်ခင်ပါတယ်။ ကျနော်ကလဲ သူကိုလေးစားကြည်ညိုတယ်။ ဆရာတော်ကြီး ကိုလေးစားကြည်ညိုရတဲ့အကြောင်းကတော့ဆရာတော်ဘုရားကြီးရဲ့  အမြင်ကျယ် တဲ့ တိုးတက်တဲ့ အမြင်တွေကို တခါဖူးတိုင်းတခါကြားရတယ်။ ဟိုတလောက ကျနော် တို့ နယူးယောက်ကမိတ်ဆွေတယောက် နဲ့ ဆွမ်းကပ်ဖြစ်သေးတယ်။
Saturday, August 18, 2012
ကိုရီးယားရဲ့ဟန်နှင့် မြန်မာတို့၏မာန်
တောင်ကိုရီးယားနိုင်ငံတလျှောက် တသွင်သွင်စီးဆင်းလျက်ရှိတဲ့မြစ်ပြင်ကျယ်ကြီးကို ဟန်မြစ် လို့ခေါ်ပါတယ်။ ဟန်မြစ်ဆိုတာ
တကယ်တမ်းတော့ ကိုရီးယားမြစ်လို့ မြန်မာလိုခေါ်လို့ရ ပါတယ်။ ကိုရီးယားတွင် ဟန်ဂူလ်း၊ ဟန်ဂျာ၊ ဟန်ဂုဂ်..စသဖြင့် ဟန်ဟာကိုရီးယားကို
ကိုယ်စားပြုတဲ့ စာလုံးတစ်လုံးအဖြစ် ကိုရီးယားစာတွေထဲမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ တကယ်တော့
ဟန်မြစ်ဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ တူတဲ့အချက်တွေ အများကြီး ရှိပါတယ်။
ဟန်မြစ်စတင်ဖြစ်ပေါ်လာတာကတော့
တောင်ကိုရီးယားဘက်မှာရှိတဲ့ တောင်ဟန်မြစ်နဲ့ မြောက်ကိုရီးယားဘက်မှာရှိတဲ့ မြောက်ဟန်မြစ်တဲ့ပေါင်းဆုံရာကနေ
စတင်ဖြစ်ပေါ်လာတာပါ။
Tuesday, July 31, 2012
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း
![]() |
| ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင |
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
မြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်လည်ဖော်ပြအပ်ပါသည်။
မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့
လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့
အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက်
လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။
သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့
ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့
ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့ အခါမှာတော့ ကျွန်တော်
လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။
မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွာ
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင
လျှောက်လွှာတွေခေါ်တဲ့အချိန်မ
အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက်
လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။
သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့
ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထ
ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ
လျှောက်လွှာတင်ဖြစ်သွားခဲ့တယ
Sunday, July 29, 2012
လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်
လုပ်ငန်းရှင်ကြီးအချို့အပေါ်
ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည်
နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊
လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ
-အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့်
ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့
အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ
ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြ င့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြ င့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။
လုပ်ငန်းရှင်ကြီးအချို့(ဥပမ
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြ
Sunday, July 22, 2012
မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျ သွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?
ဘယ်လိုမြှင့်တင်ကြမလဲ?
နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှ င့်တင်ဘို့ကြိုးစားရာတွင်ဘာအား နည်းချက်တွေရှိသလဲဆိုတာကို
နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှ
အရင်ေ လ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ် ဖို့လိုသည်။
ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား
၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊
ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊
ဆရာမများ၏အရည်အသွေးတိုးမြှင့်ေ ရးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်ေ န ရေး
ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုး မပေးဘဲရွှေဥာဏ်တော်စူး
ရောက်စွာဖြင့် အကျင့်စာ
ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲ သင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး
ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင်
သည့်ကျောင်းတွင်အပိုဝင်ငွေရရန် ဆရာတပိုင်း၊ ဈေးသည်
တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။
ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းလာရေးသည်အရေးကြီးသည်။
၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိ
ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊
ဆရာမများ၏အရည်အသွေးတိုးမြှင့်ေ
ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုး
ရောက်စွာဖြင့် အကျင့်စာ
ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲ
ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင်
သည့်ကျောင်းတွင်အပိုဝင်ငွေရရန်
တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။
Friday, April 27, 2012
စစ်အစိုးရ၊ လက်ရှိအစိုးရနှင့် NLD လွှတ်တော်တက်ရေး
စစ်ဗိုလ်ချုပ်တို့အနေဖြင့် ပြည်တွင်းပြည်ပ
နိုင်ငံရေးအကြပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြီး
နိုင်ငံရေးအမြတ် ထုတ်လေ့ရှိသည်ကို အထူးအထွေ မတင်ပြလိုတော့ပါ။ သို့သော်
အတိတ်ကသမိုင်းကြောင်းများကို ဆင်ခြင်ပြီး NLD ဆက်လက် လျှောက်လှမ်းနိုင်ရန်
စာရေးသူ သိရှိခဲ့သမျှ တင်ပြအပ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားပြီး
စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) နိုင်လိမ့်မည် သို့မဟုတ် အပြတ်အသတ် မရှုံးနိုင်ဟု စစ်ဗိုလ်ချုပ်များ
တွက်ချက်ကာ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ခဲ့သဖြင့် NLD
အာဏာရှိလာလျှင်တော့ ဒုက္ခရောက်ရတော့မည်ဟု စစ်ဗိုလ်ချုပ်ကြီးငယ်တို့
စိုးရိမ်ခဲ့ကြသည်။
Wednesday, April 25, 2012
လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု့စာသားပြောင်းလည်းခြင်း
မီဒီယာမှာ ကျမ်းသစ္စာ
ကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို
နားထောင်လိုက်ရတဲ့အခါ…ပညာယူစရာ၊ဆင်ခြင်နိုင်စရာ၊မှတ်သားစရာတွေ
မကြားရပဲ..အာဏာကိုဘယ်လောက်ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို
ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်း တို့ ဦးဋ္ဌေးဦး တို့
အင်တာဗျူးတွေ နားထောင်ကြည့်ပါ…တိုင်းပြည်ရဲ့ပြသနာကို..အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ
မတွေ့ရဘူး….ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့
မထိတထိမျက်နှာပေးတွေနဲ့…..ကျမ်းသစ္စာကျိန်ဆိုခြင်းစာသားပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ..သူတို့က
အထက်စီးကရှိနေလေတဲ့
လေသံတွေနဲ့ပြောဆိုနေတာတွေ့ရတော့..အတော်စက်ဆုတ်မိတယ်ဗျာ။ မိမိ
အတ္တကလွဲလို့..တိုင်းပြည်အရေးအတွက်
အမျှော်အမြင်မရှိသူများအဖြစ်မှတ်တမ်းတင်ထားပါတယ်။
Subscribe to:
Posts (Atom)












