Sunday, September 26, 2010

အမြင့်ဆုံးကိုလွှင့်ထူနိုင်ခဲ့တဲ့ တို့ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ

(မောင်မောင်ဝမ်း)
ဒီနေ့ကြမှရာသီဥတုကဘယ်လိုဖြစ်သလည်းမသိဘူး၊မိုးရွာခြင်သလိုလို  ကျန်တဲ့ရက်တွေက အဲသလောက်မအေးဘူး၊ ဒီနေ့အေးလိုက် တာ ၊ လူတွေကစုစုဝေးဝေး အမေရိကံပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ တစ်နေရာပေါ့၊ အဲဒီနေရာက တစ်မြို့လုံးရဲ့ အချက်အခြာကြတဲ့ မြို့တော်ခန်းမရှေ့ကကျောက်တိုင်ပန်းခြံမှာ၊ ရုတ်တရက်စစ်ယူနီဖေါင်း ၀တ်ဆင်ထားတဲ့သူတွေ အချို့ကိုတွေ့လိုက်ရတော့ အတော်တောင်အံသြသွားမိတယ်။ အသေအခြာကြည့်လိုက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF ) ယူနီဖေါင်းတွေဝတ်ထားမှန်းသိလိုက်ရတယ်။

Thursday, September 16, 2010

ပြည်သူ့ပါတီ NLD

(ထွန်းအောင်ကျော်)

သန်းရွှေရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ NLDကို တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ရွေးကောက်ပွဲ ကော်မီရှင်က ကြေငြာ လိုက်ပြီ။ NLDကလည်း ဒီကြေငြာချက်ဟာ တရားမဝင်ဘူးလို့ ပြောသည်။ သိပ်မှန်သည်။ ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မီရှင်ဆိုတာ ဘာလဲ? သူတို့မှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီကြီးကို တရားမဝင်ကြောင်း ကြေငြာနိုင်လောက်သည့် အာဏာမရှိပါ။
ရွေးကောက်ပွဲကော်မီရှင်သည် သန်းရွှေခင်းကျင်းပြသနေသည့် မျောက်ပွဲတခုသာဖြစ်သည်။ ကော်မီရှင်မျောက်များက သန်းရွှေက ဒုတ်ကိုင်ပြီး အချက်ပြလိုက်လျှင် အမြှီးမျှောက်လိုက်၊ ဂျွမ်းထိုးလိုက် လုပ်နေရသည့် သဘောဖြစ်သည်။ သန်းရွှေက ဘယ်ပါတီကို ပိတ်လိုက်ဆိုလျှင် ၎င်းတို့က သန်းရွှေအလိုကျ လုပ်ရသည့် ဆပ်ကပ်မျောက်များသာဖြစ်သည်။ ၎င်းတို့တွင် လုပ်ပိုင်ခွင့် အာဏာမရှိ၊ ၎င်းတို့ဆရာကြီး သန်းရွှေတွင်လည်း လုပ်ပိုင်ခွင့်မရှိချေ။

Tuesday, September 14, 2010

ပညာကို ဟမ်ဘာဂါလိုရောင်းနေတဲ့ ခေတ်

Written by လူထုစိန်ဝင်း 
ဒီကနေ့ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက်ဖြစ်နေပြီး တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေအစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေဖြစ်နေပြီ။

ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်

Sunday, September 12, 2010

နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ


(သန်းရွှေနိုင်-ခေတ်ပြိုင်)
ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၁) နှစ်ပြည့်ပြီဖြစ်သည်။

Friday, September 3, 2010

မင်းဆိုးမင်းညစ်သန်းရွှေ Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

ဦးအောင်ခင် / ၀၂ စက်တင်ဘာ ၂၀၁၀

လွတ်လပ်ရေးရပြီး မြန်မာပြည်မှာ မင်းဆိုးမင်းညစ် (၂) ဦး ကြီးစိုးတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဖြစ်တယ်။ ရက်စက်တဲ့နေရာနဲ့ ညစ်ပတ်စုတ်ပဲ့တဲ့နေရာမှာလည်း အသွင်တူကြတယ်။ တိုက်ဆိုင်ပုံကတော့ (၂) ဦးစလုံး စာတိုက်စာရေးဘ၀က အာဏာရှင် မင်းဆိုးမင်းညစ်ဖြစ်လာတာပဲ။ အသက် (၉၀) အရွယ် ဗိုလ်နေ၀င်းဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့နေရင်း သေဆုံးသွားတယ်။ ပြည်သူပြည်သားတွေ အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ရာမှာလည်း အသွင်တူကြတယ်။