Friday, May 13, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ

(ဗလ)
( အပိုင်း )
ကျနော် ဒီစာကိုအစပျိုးထားခဲ့တာ ဒါမှမဟုတ် ရေးနေခဲ့တာ ကြာပါပြီ၊ အကြောင်းအမျိုး မျိုး ကြောင့် ဆုံးအောင်ဆက်မရေးဖြစ်ခဲ့ပါ ။ လူအများဖတ်ဖို့လဲ တင်ပြခြင်း မလုပ်ခဲ့မိပါ။ အဓိက အကြောင်းကတော့ အကျိုးထက် အဆိုးများသွားမှာ ကြောက်လို့ ဖြစ်ပါတယ်။

အခုတလောတော့ စေ့ဆော်မှုတွေအများကြီးက၊ ဆုံးအောင်ရေးဖို့နဲ့ ထုတ် ပြန်ဖို့ တွန်းအားဖြစ် လာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဦးဆောင်မှုတွေကို အားမလိုအားမရ ဖြစ်တာတွေနဲ့ လမ်းကြောင်းသစ်အတွက် စူးစမ်းကြံဆ ဆွေးနွေး လာနေကြတာကို တွေ့ရတော့ ဘာ့ကြောင့် ဘာ့ကြောင့်ဘယ်လိုဖြစ် နေတယ် ဆိုတာနဲ့ အရွေ့က ဘယ်အဆင့် ဘယ်နေရာ ကို ရောက်နေပြီး ဘယ် ကို ဦးတည်နေတယ်ဆိုတာကို ဆွေးနွေးဖို့ လိုလာပြီ ထင်မိပါတယ်။ နိုင်ငံရေး ကိစ္စကို နိုင်ငံရေး သက်သက်ပဲ ရေးလိုပါတယ်၊ လူပုဂ္ဂိုလ် အမည်တွေ အဖွဲ့ အစည်း အမည်တွေ မပါစေချင်ပါ။ ဒါပေမဲ့ ခုစာမှာတော့ မလွဲသာ မရှောင်သာ ထည့်ရေးစရာတွေ ရှိနိုင်ပါသည်။ ကျနော် အတက်နိုင်ဆုံးတော့ ကြိုးစားပြီး အဖြစ်အပျက် သက်သက်ကို ရေးပါမည်။