Wednesday, August 22, 2012

ကိုမိုးသီး နဲ့  နေ့ သစ် အင်တာဗျူး


( ပြီးခဲ့တဲ့ လ က ပီနန်းဆရာတော်ဘုရားကြီးကို နယူးယောက်မှာ ဖူးတွေ့  ခဲ့စဉ်က )
 
နေ့ သစ်- ကိုမိုးသီးခင်ဗျား ကို အောင်မိုးဝင်း ဆိုတဲ့သူက တိုက်ခိုက်ထားတယ်။ ငွေကိစ္စ၊လူသတ်မှုကိစ္စနဲ့  ခင်ဗျားအကြောင်းကို သိနေတဲ့ကျနော်တို့ က စိုးရိမ်တယ်။ ကိုမိုးသီးရဲ့  သမိုင်းကြောင်းကိုလေးစားတဲ့ သူတွေက စိုးရိမ်မကင်းနဲ့ ကျနော်တို့ ကိုမေး လာကြတယ်။ နောက်ပြီးတော့အခုကာလက ခင်ဗျားက တိုင်းပြည်ငြိမ်းချမ်းရေးရအောင်ကြိုးပန်းဆောင်ရွက်နေတဲ့ကာလဆိုတော့ ဒါကို မနာလိုတဲ့သူတွေရှိနေတဲ့အဖျက်အမှောက်တွေရှိနေတယ်။ ဒီကိစ္စတွေကို ခင်ဗျားဘာပြန်ပြောချင်သလဲ။

မိုးသီး- ကြေးစည်သံကြားတော့ခွေးတွေအူတာပေါ့လေ။ ကောင်းမှုကိုသာဓုမခေါ်နိင်ဘူးပေါ့။ခွေးဟောင်တိုင်းထကြည့်ရင် အိပ်ရေး ပျက်ယုံရှိမပေါ့။ ကဲပါလေ လိုရင်းပဲပြောကြတာပေါ့။ပီနန်ဆရာတော်ဘုရားကြီးက ကျနော်ကိုသိပ်ချစ်ခင်ပါတယ်။ ကျနော်ကလဲ သူကိုလေးစားကြည်ညိုတယ်။ ဆရာတော်ကြီး ကိုလေးစားကြည်ညိုရတဲ့အကြောင်းကတော့ဆရာတော်ဘုရားကြီးရဲ့  အမြင်ကျယ် တဲ့ တိုးတက်တဲ့ အမြင်တွေကို တခါဖူးတိုင်းတခါကြားရတယ်။ ဟိုတလောက ကျနော် တို့ နယူးယောက်ကမိတ်ဆွေတယောက် နဲ့ ဆွမ်းကပ်ဖြစ်သေးတယ်။

Saturday, August 18, 2012

ကိုရီးယားရဲ့ဟန်နှင့် မြန်မာတို့၏မာန်


တောင်ကိုရီးယားနိုင်ငံတလျှောက် တသွင်သွင်စီးဆင်းလျက်ရှိတဲ့မြစ်ပြင်ကျယ်ကြီးကို ဟန်မြစ် လို့ခေါ်ပါတယ်။ ဟန်မြစ်ဆိုတာ တကယ်တမ်းတော့ ကိုရီးယားမြစ်လို့ မြန်မာလိုခေါ်လို့ရ ပါတယ်။  ကိုရီးယားတွင် ဟန်ဂူလ်း၊ ဟန်ဂျာ၊ ဟန်ဂုဂ်..စသဖြင့် ဟန်ဟာကိုရီးယားကို ကိုယ်စားပြုတဲ့ စာလုံးတစ်လုံးအဖြစ် ကိုရီးယားစာတွေထဲမှာ အလွယ်တကူတွေ့နိုင်ပါတယ်။ တကယ်တော့ ဟန်မြစ်ဟာ မြန်မာနိုင်ငံက ဧရာဝတီမြစ်နဲ့ တူတဲ့အချက်တွေ အများကြီး ရှိပါတယ်။ 
 
ဟန်မြစ်စတင်ဖြစ်ပေါ်လာတာကတော့ တောင်ကိုရီးယားဘက်မှာရှိတဲ့ တောင်ဟန်မြစ်နဲ့ မြောက်ကိုရီးယားဘက်မှာရှိတဲ့ မြောက်ဟန်မြစ်တဲ့ပေါင်းဆုံရာကနေ စတင်ဖြစ်ပေါ်လာတာပါ။