Tuesday, July 31, 2012

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကျော်ကျော်မျိုး

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှနောက်တန်းကစားသမား ကျော်ကျော်မျိုးအား အသင်း၏ပြန်ကြားရေးအရာရှိကတွေ့ဆုံမေး
 မြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်လည်ဖော်ပြအပ်ပါသည်။

မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့
လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့
အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက်
လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။
သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့
ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့
ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အခါမှာတော့ ကျွန်တော်
လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။

Sunday, July 29, 2012

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု

လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။

ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။

Sunday, July 22, 2012

မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျ သွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?

ဘယ်လိုမြှင့်တင်ကြမလဲ?

နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှ
င့်တင်ဘို့ကြိုးစားရာတွင်ဘာအားနည်းချက်တွေရှိသလဲဆိုတာကို
အရင်လေ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ်ဖို့လိုသည်။
 
ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား
ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာရေးသည်အရေးကြီးသည်။

၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိ
ုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊
ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊
ဆရာမများ၏အရည်အသွေးတိုးမြှင့်ေ
ရးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်နေ ရေး
ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုး
မပေးဘဲရွှေဥာဏ်တော်စူး
ရောက်စွာဖြင့် အကျင့်စာ
ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲ
သင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး
ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင်
သည့်ကျောင်းတွင်အပိုဝင်ငွေရရန်
ဆရာတပိုင်း၊ ဈေးသည်
တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။