Friday, January 27, 2012

ဦးခင်ရွှေကြီး ဆရာမွေးခြင်း၏နောက်ကွယ်

ဓါတ်ပုံ(ပေါ်ပျူလာဂျာနယ်)

မြန်မာ့နိုင်ငံရေးတွင် ဆရာမွေး တပည့်မွေးသည့် အလေ့အကျင့်မှာ အစဉ်အလာဟုပင် ဆိုရလောက်ပါသည်။ ယခုလည်း ထိုအစဉ်အလာကို လိုက်၍ ဇေကမ္ဘာဦးခင်ရွှေက ၎င်းတည်ထောင်ထားသော ဖောင်ဒေးရှင်း၏ နာယကရာထူးအတွက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တစ်လလျှင် ဒေါ်လာငါးထောင်ဖြင့် အလုပ်ပေးကမ်းလှမ်းလိုက်သည်။ ပြည်ထောင်စုဝန်ကြီးတစ်ဦး ထက်များပြီး ဒုတိယသမ္မတများနှင့် တန်းတူ ဖြစ်ကာ နိုင်ငံတော်သမ္မတ အောက် အနည်းငယ်သာလျော့သည့် လစာမျိုးပင်ဖြစ်သည်။ ဦးခင်ရွှေအနေဖြင့် တရံရောအခါက မြန်မာ့နိုင်ငံရေးတွင် ဘုန်းမီးနေလ တောက်ပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းကို လစာအမြောက်အများပေးထားပြီး မည်သည့်နေရာတွင် အသုံးချမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးခင်ရွှေအနေဖြင့် နိုင်ငံရေးတွင် ပိုမိုလှုပ်ရှားနိုင်ရန်အတွက် ဝန်ကြီးချုပ်ဟောင်းကို အိမ်ဦးခန်းပင့်၍ နိုင်ငံရေး ကျူရှင်ယူခြင်းလော၊ သို့တည်းမဟုတ် ယခင်က ဦးခင်ညွန့် တရားမဝင်ထူထောင်ခဲ့သည့် လုပ်ငန်းများနှင့် ငွေကြေးများ ဦးခင်ရွှေထံတွင် ရှိနေ၍လော စသည်ဖြင့် အကြောင်းအရာများကို စဉ်းစားကြည့်လျှင်

Tuesday, January 24, 2012

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဝင်းမော်နှင့် မေးမြန်းချက်

ဒီဗွီဘီသတင်းထောက်၊ ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင်
ကိုဝင်းမော်

၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပြီး  ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ကို ပေးပို့ခဲ့တဲ့  ဂီတသမား ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်ဟာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံနေရာက   ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်မှာ ကျောက်ဖြူထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
 
သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေ၊ ယုံကြည်ချက် ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံးအနေနဲ့ ကိုဝင်းမော် စအဖမ်းခံရတဲ့အချိန် ၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ ထင်တယ်။ အဲဒီနေ့မှာ ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရတယ်ဆိုတာကို ပြောပြပေးပါလား။

“ကျနော်အဖမ်းခံရတာ Moon Bakery လက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာပါ။ မြို့ထဲက ဆူးလေဘုရားလမ်းမှာ စရဖ ကလူတွေ၊ နာမည်တွေတော့ မသိတော့ဘူး။”
  
နောက်တော့ ဘယ်ကိုခေါ်သွားလဲ။

“၉ မိုင်လို့ ကြားတယ်။ သေချာ မသိရဘူး။ မျက်စိတွေဘာတွေ ပိတ်ပြီးတော့ ခေါ်သွားတာ။”

Sunday, January 22, 2012

ပညာရှင်များနဲ့ တိုးတက်ဖွံ့ဖြိုးမှု

တက္ကသိုလ် တွေကနေ ဘွဲ့တွေ ဒီဂရီတွေ တသီကြီး ရထားပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ပညာရပ်အလိုက် စိုက်လိုက်မတ်တပ် လုပ်ကိုင်ခြင်း၊ အမြဲတန်း လေ့လာဆည်းပူးနေခြင်း၊ သုတေသန ပြုလုပ်ခြင်း စတာတွေကို ဆက်မလုပ်တော့ဘူး ဆိုရင် ကျွမ်းကျင်သူ ပညာရှင်လို့ သတ်မှတ်ဖို့ ခက်ခဲပြန်ပါတယ်။ ဒါမျိုးကို သံချေးတက်ပညာရှင် လို့ နောက်ပြောင်ခေါ်လေ့ ရှိပါတယ်။


လူ့အဖွဲ့အစည်း တခုအတွင်းမှာ ကျင်လည်ရတဲ့ ပတ်သက်ရတဲ့ နယ်ပယ်အမျိုးအစားပေါင်း မရေတွက် နိုင်လှအောင် များပြားပါ တယ်။ အဲသည့် အထဲမှာမှ အထူးသဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် စောက်ချပြီး အထူးပြုလေ့လာ လိုက်စားတဲ့ လူပုဂ္ဂိုလ်မျိုး ကို ကျွမ်းကျင်သူ (သို့မဟုတ်) ပညာရှင်လို့ ခေါ်ဝေါ်သတ်မှတ် ကြပါတယ်။ ဒီနေရာမှာ ပြောလိုတာ တခုရှိပါတယ်။ ဒါကတော့ ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုံးကို သိသလိုမျိုး တတ်သလိုမျိုး ပြောဆိုကျင့်ကြံနေတဲ့ လူမျိုးကိုတော့ ပညာရှင် စစ်စစ်မှန်မှန် ဖြစ်တယ်လို့ အများက မသတ်မှတ်ပါဘူး။ တချို့ကတော့ ပညာရှင်ဆိုတာ တက္ကသိုလ်ကြီး တွေကနေ ဘွဲ့တွေ တသီတတန်း ရရှိထားမှ ပညာရှင် ဘောင်ဝင်တယ်လို့ သတ်မှတ်ပါယ်။ ဒီအယူအဆဟာ ထိုက်သင့်သလောက်ပဲ မှန်ပါတယ်။ ထိုက်သင့် သလောက်ပဲ မှန်တယ်ဆိုတာက ဒီလိုပါ။ တက္ကသိုလ် တွေကနေ ဘွဲ့တွေ ဒီဂရီတွေ တသီကြီး ရထားပေမယ့် သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ပညာရပ်အလိုက် စိုက်လိုက် မတ်တပ်လုပ်ကိုင်ခြင်း၊ အမြဲတန်း လေ့လာဆည်းပူးနေခြင်း၊ သုတေသန ပြုလုပ်ခြင်း စတာတွေကို ဆက်မလုပ်တော့ဘူး ဆိုရင် ကျွမ်းကျင်သူ ပညာရှင်လို့ သတ်မှတ်ဖို့ ခက်ခဲပြန်ပါတယ်။ ဒါမျိုးကို သံချေးတက် ပညာရှင်လို့ နောက်ပြောင်ခေါ်လေ့ ရှိပါတယ်။

Tuesday, January 17, 2012

ကိုကျော်ကိုကို(ဗကသ-ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

'ဝေဖန်သုံးသပ်တာတွေက ဟိုဘက် ဒီဘက် ရှိမှာပဲ'
ကိုကျော်ကိုကို(ဗကသ-ဥက္ကဋ္ဌ)
 အသက် ၂၆နှစ် အရွယ်၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ပညာသင်ယူနေဆဲကာလ ၂၀၀၇ခုနှစ်အချိန်တွင် ခံယူချက်တူ လူငယ်များကို စုစည်းခဲ့ပြီး ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖွဲ့စည်း တည်ထောင်ခဲ့များအနက် တစ်ဦးဖြစ်ခဲ့သူ၊ ၂၀၀၇ခု စက်တင်ဘာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေးကာလ) ၌ ပါဝင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ထိမ်းသိန်းခံရကာ ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသူ၊ ပြည်ပအခြေစိုက် မီဒီယာများက ဗကသဥက္ကဋ္ဌဟု အမည်ရင်းနှင့် တွဲလျက် ရေးသားခံခဲ့ရသူ၊ ဇန်န၀ါရီလ ၁၃ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ၊ လူငယ်ကျောင်းသားမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ပြန်လည်တင်ပြအပ်ပါသည်။

လွှတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လိုက်သော နိုင်ငံရေး အကျဉ်းသားများလွှတ်စာရင်းနှင့် ကျန်စာရင်း

မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်
တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)
ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)
သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်
ဗန်းမော် ထောင်မှ အကုန်လွှတ်
ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်
သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်
ဖားအံ့ထောင်မှ အားလုံးလွှတ်
ကလေးထောင်
(၁) ဦးဂမ္ဘီရ

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်တွေ့ဆုံမေးမြန်း


နှစ်ထပ်တိုက်အိမ်လေးရဲ့ အ၀င်မှာပဲ ပန်းချီကားတွေကို အဝေးကတည်းက လှမ်းမြင်ရပါတယ်။ ပန်းချီကားတွေနဲ့ အိမ်က ကိုမင်းကိုနိုင်ရဲ့ အိမ်ပဲ လို့ လမ်းညွှန်ခဲ့သူတဦးရဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရလိုက်မိတယ်။

ဧည့်ခန်းထဲမှာလည်း ကိုမင်းကိုနိုင်ရဲ့ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွှန့်က ဧည့်သည်တွေကို ထိုင်ပြီး ဧည့်ခံနေခဲ့တာ တွေ့ရပါတယ်။

နံရံအနှံ့ချိတ်ဆွဲထားတဲ့ ဆိုဒ်မျိုးစုံနဲ့ပန်းချီကားတွေရယ် ကိုမင်းကိုနိုင်ကို လာရောက်တွေ့ဆုံနှုတ်ဖို့လာကြတဲ့ မိတ်ဆွေသားချင်းတွေရယ်က အိမ်ခန်းထဲမှာ အပြည့်ပါပဲ။

၈၈မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုသက်ဦး၊ ကိုသိမ်းဆွေ၊ကိုကိုကြီးတို့အပြင် အခြားမိတ်ဆွေ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားအချို့ကိုလည်း တွေ့ရပါတယ်။

Wednesday, January 11, 2012

ပြည်ပရောက် မြန်မာပညာတတ်များ အလိုရှိသည်

ဆရာတွေ နားနေခန်းမှာ ရွှေမြန်မာတွေတင်တဲ့ သတင်းတွေကို ဟိုကလစ် ဒီကလစ် လုပ်နေတဲ့အချိန် အရပ်အမောင်းက မနိမ့်မမြင့်၊ အသားအရေကလည်း ဥရောပတိုက်သားနဲ့မတူ၊ အာရှသားတွေရဲ့ အသားအရေ မျိုးလည်းမဟုတ်တဲ့ အသက် ၃၀ နီးပါး ခန့်မှန်းရတဲ့ လူရွယ်တဦး CDC ကျောင်းအုပ်ကြီး ရုံးခန်းကို ၀င်ရောက်လာပါတယ်။ သူ့ကို ခေါ်လာတဲ့ ပုဂ္ဂိုလ်၊ ရွှေ့ပြောင်း အလုပ်သမား ပညာရေး အတိုင်ပင်ခံ ကိုသိန်းနိုင်က မိတ်ဆက်ပေးပါတယ်။

“ံHi! My name is Khin Myint” လို့ မိတ်ဆက်တော့ ကျနော်က ဒါဆိုခင်ဗျားက မြန်မာလားလို့မေးတော့၊ ကျနော့်အဖေက ဗမာပါတဲ့။ နောက်တော့ သူ့ကို ကျနော်တို့က ကိုခင်မြင့်လို့ပဲ ခေါ်ကြတယ်။

ကိုခင်မြင့်ဟာ သူ့ရဲ့မွေးဖွားရာနိုင်ငံ အော်စီမှာ ၀င်ငွေကောင်းတဲ့ ကျောင်းဆရာအလုပ်ကို ခေတ္တရပ်နားပြီး ခွင့်ခြောက်လနှင့် ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို အင်္ဂလိပ်စာ လာသင်ပေးနေတဲ့ ဆရာတဦးဖြစ်ပါတယ်။

ရင်းနှီးလာတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အကြောင်းတွေကို ပြောဆိုဆွေးနွေးဖြစ်ကြပါတယ်။ ကိုခင်မြင့် အမှတ်မထင်ပြောလိုက်တဲ့ စကားတခွန်းက ကျနော့်ရဲ့ စိတ်ထဲမှာတော်တော်  ပီတိဖြစ်မိပါတယ်။