Saturday, November 10, 2012

ဒေါ်အောင်ဆန်းစုကြည်၊ ဂျဝါဟာလာနေရူးဆုနဲ့ ဟိုတုန်းက နယူးဒေလီ


လာမယ့်တနလာင်္နေ့ (နိုဝင်ဘာ ၁၂) ရက်ဆို ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကိုသွားမယ်ဆိုတဲ့သတင်း အားလုံး လည်း သိထားပြီး ဖြစ်တယ်။ ဆယ်ကျော်သက်ရွယ်ကာလက အမေဒေါ်ခင်ကြည် အိန္ဒိယသံအမတ်နဲ့ နေထိုင်စဉ်၊ အိန္ဒိယ နိုင်ငံမှာ ပညာသင်ကြီးပြင်းလာတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ငယ်ငယ်တုန်းက နေရာဟောင်းလေးတွေနဲ့ ပုံရိပ်ဟောင်း တွေ ပြန်မြင်ယောင်စေမယ့် ခရီးဖြစ်မယ်ထင်ရဲ့။

ဒီဆောင်းပါးရေးနေချိန်ဟာ ခရီးစဉ်စဖို့ ၃ ရက်ပဲ လိုပါတယ်။

ဒါပေမဲ့ ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး အိန္ဒိယတာဝန်ရှိသူတွေဘက်ကရော၊ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသိုင်းအ၀ိုင်းဘက်ကပါ ဘာသတင်းမှ မထုတ်ပြန်သေးပါ။ ဒီခရီးဟာ အိန္ဒိယအစိုးရက တရားဝင်ဖိတ်ခေါ်တာမျိုး မဟုတ်ပါဘူး၊ ၁၉၉၃ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဂျဝါဟာလာနေ ရူးဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့၊ ဂျဝါဟာလာနေရူး မယ်မိုဒီရယ်လ်အဖွဲ့က ဖိတ်ခေါ်ခဲ့တာပါ။