Sunday, February 20, 2011

ရောင်နီလာနံနက်ခင်းဆီသို့ ( အပိုင်း ၆ )

 

-       လူသားတိုင်းမှာ တူညီတဲ့ လူ့အခွင့်ရေးရှိရမယ် ( မာတင်လူသာကင်း-ဂျူနီယာ)
-       ဦးနေ၀င်းရဲ့ အဝေဖန်မခံရဲတဲ့စိတ်နဲ့ သူရဲဘောကြောင်တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ရတယ်။( ဗိုလ်မူးအောင်- ရဲဘော်သုံးကျိတ်ဝင် )
ဒီနေ့စကားဝိုင်းလေးကိုစတော့ ကိုသွေးက..
“ အကို ကျနော်တို့ ဒီနေ့ လူ့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးချင်တယ် ” အားလုံးက လှုတ်လှုတ်ရွရွဖြစ်သွားပြီး တပြိုင်နက်ထဲ သဘောတူထောက်ခံခဲ့ကြတယ်။

Wednesday, February 16, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၂)


 
(ခတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွ၊ အင်နုတ်(in-note)တွ ဘေးနုတ်(margin-note) တွနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထာက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

Monday, February 14, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ်အရေးမို့ပါ အပိုင်း (၁)

ရဲဘော်ကျော်သန်း

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

Saturday, February 5, 2011

 "ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၅ )


( မောင်မောင်ဝမ်း )

"နွေမှာ ငုနဲ့ပိတောက်လှိုင်မည်။
မေမှာ စုနဲ့ခမောက်နိုင်ပြီ ။”

။။။။။။။
ဒီမိုကရေစီဆိုတာကို လက်ခံရင် ရွေးကောက်ပွဲကို လက်ခံရတယ် ၊။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလည်း ဖြစ်ဖို့လိုတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းကတော့ ဒီမိုကရေစီကို ဖြစ်ထွန်းပါမယ်လို့ အာမ မခံနိုင်ပါဘူး ၊။ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထွန်းကားနေသေးတဲ့ နိုင်ငံတွေရှိနေပါတယ်။
။။။။။။။

ဒီနေ့ ကျနော်တို့တတွေ ဆုံနေကြ အမှတ်တရ လဘက်ရည်ဆိုင်လေးမှာပဲပြန်ဆုံဖြစ်ကြတယ်။ပူပြင်းလှတဲ့ အညာနေရဲ့အောက်ကဖြတ်ပြီးရောက်လာတဲ့ လူငယ်တွေအတွက် သူတို့ရဲ့စိတ်ဓါတ်ခံယူချက်၊ယုံကြည်ချက်တွေကိုလေးစားမိပါတယ်။ အားလုံးမရှက်နိုင်တော့ဘူး အကျီချွှတ်သူကချွှတ်၊ပုဆိုးကို ဒူးအထိတင်ပြီး ထားသူကထား ချွှေးတွေတရွဲရွှဲ ၊ ၈၈ လူထုအရေးတော်ပုံတုန်းက ကျောင်းသားခေါင်းဆောင်တဦးပြောသွားတာကို သတိရမိတယ်…..“ နေပူတာ နေ၀င်းပူတာလောက်မဆိုးသေးပါဘူးတဲ့ ” အဲဒီလိုပြောရမလိုဖြစ်နေပြီ အခုလည်း အညာနေပူတာဟာ..စစ်အာဏာရှင် နအဖ ပူတာလောက်မဆိုးလို့ အားလုံးစုံနေကြရတာမဟုတ်လား၊