Friday, November 4, 2011

စစ်အာဏာရှင်စနစ်ကိုဇာတ်သိမ်းစေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီး

ကျနော် ဒီဆောင်းပါးကို အချက်လက်ရရှိဘို့ စာတွေတော်တော်များများလေ့လာပြီးမှ အကျဉ်းချုပ်ဘာသာပြန်ခဲ့တာပါ၊ တိုင်းပြည်ဟာ အရေးကြီးတဲ့ အဆုံးဖြတ်ကိုပေးရမဲ့အချိန်ကာလကိုရောက်နေပါပြီ......စံပြအတုယူနိုင်ဘို့ ဒီဆောင်းပါးကိုတင်ပြလိုက်ရပါတယ်။
                                                                                                                    လေးစားစွာဖြင့်
                                                                                                                  ( မောင်မောင်ဝမ်း)

ခေါင်းစဉ်ကိုရုတ်တရက်ကြည့်လိုက်တော့ဒေါ်အောင်ဆန်းစုကြည်အကြောင်းလိုလိုဘာလိုလိုနဲ့….ဒါပေမဲ့ရိုးတိုးရိပ်တိတ်အဆင့်ထက်ကျော်လွန်တဲ့တူညီမှု့တွေရှိနေတဲ့ …အာဖရိကတိုက်..လိုက်ဘေးရီးယားနိုင်ငံကအမျိုးသမီးသမ္မတ…အယ်လင်ဂျွှန်ဆင်ဆာလိ..ရဲ့တစိတ်တဒေသပါ……လိုက်ဘေးရီးယားနိုင်ငံရဲ့သမိုင်းက လည်းစိတ်ဝင်စားဘို့ကောင်းလှတယ်ဗျ။ရင်ခုန်စရာတွေအသဲယားစရာတွေကြောက်စရာတွေအပြည့်နဲ့။ယူတတ်မယ်ဆို သင်ခန်းစာတွေ တပုံကြီး ။
          ၁၉၈၀အထိလိုက်ဘေးရီးယားနိုင်ငံဟာတပါတီအုပ်ချုပ်ရေးပုံစံနဲ့အုပ်ချုပ်တယ်။၁၉၈၀ မှာတော့ စစ်တပ်ကအာဏာသိမ်းယူပြီးအပြင်းအထံနှိပ်ကွပ်မှု့တွေ၊သတ်ဖြတ်မှု့တွေအမြောက်အများကိုကျူးလွန်တော့တာပါပဲ ၊ စစ်အာဏာသိမ်းမှု့ကို ဦးဆောင်သူက ဆင်မြူရယ် ဒိုး ဆိုသူဖြစ်တယ်….သူဟာ..အရင်အစိုးရလက်ထက် သမ္မတ…၀ီလျှံတျွှိုင်းဘတ်ဆိုသူအပါဝင် အစိုးရအဖွဲ့ဝင်တော်တော်များများကို လိုက်ဘေးရီးယားနိုင်ငံရဲ့မြို့တော် မွန်ရိုးဗီးယားဆိုတဲ့မြို့ရဲ့ကမ်းခြေတခုမှာ..သစ်လုံးတိုင်မှာကပ်တန်းစီပြီးသေနပ်နဲ့ပစ်သတ်လိုက်တယ်….နောက်များမှာလည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု့တွေ….လာဒ်ပေးလာဒ်ယူမှု့တွေ၊အာဏာအလွှဲသုံးစားလုပ်မှု့တွေတပြုံကြီးကိုဆက်လက်ကျူးလွန်ရင်း……တိုင်းပြည်ဟာလုံးပါးပါးလာခဲ့တော့တယ်။စစ်အာဏာသိမ်းခေါင်းဆောင် ဆင်မြူရယ်ဒိုးဟာအရင်အစိုးရလက်ထက်သမ္မတဟောင်နဲ့အစိုးရအဖွဲ့ဝင်ဟောင်းတွေကိုသတ်ဖြတ်ခဲ့တုန်းကများဆိုရင်…အဲဒီညမှာအောင်သေအောင်သား…စားပွဲသဘင်တောင်ကျင်းပရင်း…တရားသောစစ်ပွဲကိုဆင်နွဲခဲ့တဲ့စစ်သူကြီးတဦးပမာ….ဂုဏ်ယူဝံ့ကြွားမှု့အပြည့်နဲ့ပေါ့။

Friday, October 21, 2011

သေဒဏ်မြောက်များစွာ ကျခံအပ်သည့် အဓိက စစ်ရာဇဝတ်ကောင်

ဦးသန်းရွှေ
ဗိုလ်မှူးကြီးကဒါဖီ

“ဦးသန်းရွှေကသူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲလုပ်လုပ်ပေါ့၊ သမိုင်းကြွေး က ခေါင်းပေါ်မှာ ဓားဝဲနေသလိုပဲရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။

ဗိုလ်မှူးကြီးကဒါဖီ၏ဘ၀နိဂုံးဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေးသမိုင်းဇာတ်ခုံပေါ်မှ ကြည့်ရှုမည်ဆိုပါက သင်ခန်း စာယူစရာ၊ သံဝေဂရစရာကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ် ) က ပြောသည်။

မဆလခေတ် တောက်လျှောက် ပြောစမှတ်ပြုလောက်သော စစ်ရေးစွမ်းရည် မရှိငြားသော်လည်း သခင်ရှုမောင်(ခ)ဗိုလ်နေဝင်;၏ လူကောင်းလူတော် မွေးမြူရေးစီမံကိန်းကြောင့် ဗဟိုကော်မတီဝင် ဖြစ်နေခဲ့သော စာတိုက်စာရေးဟောင်း ဗိုလ်သန်းရွှေတစ်ယောက် ၁၈ စက်တင်ဘာ ၁၉၈၈ အာဏာသိမ်း နဝတ စစ်ကောင်စီတွင် အဖွဲ.ဝင် အိမ်ဖြည့်အဖြစ်ပါဝင်လာခဲ့ခြင်းက

Thursday, October 20, 2011

ငါးပွက်ရာ ငါးစာချတဲ့ လုပ်ရပ်တွေဖြစ်တယ်

မြန်မာပြည်က လက်ရှိ နိုင်ငံရေး အခြေအနေတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (အေဘီအက်စ်အယ်လ်) က ပြောပါတယ်။

ရဲ ဘော် ကျော် သန်း ( ABSL)

လွန်ခဲ့တဲ့ ၂၃ နှစ် လုံးလုံး ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေဟာ ပြည်တွင်း အင်အားစုတွေကို  ထိထိရောက်ရောက် အထောက်အပံ့ မပေးနိုင်ခဲ့ဘူးလို့လည်း  အဲဒီအဖွဲ့က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်  ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသား တပ်မတော်က ရဲဘော်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဖွဲ့ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းကို မေးမြန်းထားပါတယ်။

Friday, October 14, 2011

ထောင်တွင်းမှ..ဘောင်ချာတွေ..

(Mizzima TV)

အခုတင်ပြသည့် ဗွီဒီယိုဖိုင်တိုလေးကတော့..၁၂. ၁၀. ၂၀၁၁ နေ့ မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသော… ဦးနေ၀င်းမြေးတစုနှင့် ဖမ်းဆီးခံခဲ့ရသေ.. အုပ်စုထဲမှအဖွဲ့ ဝင်တယောက်ဖြစ်ပါတယ်။

ကျွန်တော်တင်ပြလိုတဲ့အကြောင်းအရာက… သူတို့ အမှု့ နှင့်ပါတ်သက်၍ တင်ပြလိုခြင်းမဟုတ်ပါ..၊
လွတ်လာပြီး ပြည်တွင်း မီဒီယာတွေရဲ့  ၀ိုင်းဝန်းမေးကြတဲ့အခါ သူဖြေကြားတဲ့ အထဲမှ တခုကို ပြောပြလုခြင်းကြောင့်ဖြစ်ပါတယ်..။
သူ့ အမည်ဟာ..သတင်းသမားများရဲ့ အမေးကြောင့် နန်းဝေ လို့ ဖြေဆိုတာကြားလို့ … ကိုနန်းဝေလို့ ဘဲ သုံးစွဲလိုက်ပါတယ်။
သတင်းသမားတယောက်မှ… ဘယ်ကလွတ်လာတာလဲလို့ မေးတယ်… ကိုနန်းဝေက ဆေးရုံကလို့ ပြောတယ်…၊

သတင်းသမားက.. ဘယ်အဆောင်ကလွတ်လာတာလဲလို့ တိတိကကျကျမေးတဲ့ မေးခွန်းမဟုတ်ပေမဲ့… ကိုနန်းဝေက သိရှိနားလည်စွာဖြင့် ဆေးရုံကလို့ ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်..။ ဒီအကြောင်းကိုပြောချင်လို့ … ဗွီဒီယို ကိုတင်ပြခြင်းဖြစ်ပါတယ်..၊ 

Monday, September 12, 2011

ပြည်တော်ဝင်ခွင့်မျော်လင့် နေတဲ့ ..... သူ

စကားသံက ဟုတ်မှဟုတ် ပါ့မလား.....မှုန်ရီဝေး၀ါးနေတဲ့စိတ်ဝဋ်ဥာဉ်ကြားက လွင့်နေတဲ့ ဝိဥာဉ်ကို စုစည်း အသေအချာနားစွင့်မိ လိုက်တယ်..ဟုတ်ပါတယ်.......ပြတ်သားတဲ့ အသံပါ ဆွေးနွေးနေကြတဲ့ အသံတွေပါ။။

''နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သောစီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည် ပရောက်အတိုက်အခံများအပါအ၀င် မြန်မာနိုင်ငံ သားများ အမိနိုင်ငံသို့ ပြန်လာ၍ရကြောင်း ပြည်ပသို့ ရောက်ရှိနေသူများ ကို ပြန်လာခွင့် ပြုသည်ဟု အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်နောက်ပြီးရှိပါသေးတယ်... အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်”ဖိတ်ခေါ်မှု တွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု အဆိုပါမိန့်ခွန်းတွင် ပြောကြားသည်တဲ ..".

.ဒါဆို..၁၉၈၈ မတိုင်ခင်က လူတွေ ကကော....ဒီလိုစကားတွေ အတွက် ကျုပ်စိတ်မ၀င်စားတာအမှန်ပါ...ကျုပ်ရဲ့ သေနေတဲ့  နှလုံးသားတစ်စုံကို လန်နိုးစေခဲ့ တဲ့ နှလုံးသားကိုနှိုးကြားစေနိုင်တာက ဘာတဲ့...ကျုပ်နားကြားများမှားလေ ရော့လား..... အသေချာနားစွင့်မိတော့..ပီပီသသကြားမိတာက  "ရွှေဘိုနန်းတော်နဲ့ ဗိုလ်ချုပ်ပြတိုက်ကိုအကြီးစားပြင်ဆင်နေပြီတဲ့ ......" အိုး.  ..ဒါဆို....ဒါဆို..ကျူပ်ရဲ့ ပြည်တော်ပြန်ခရီးမဝေးတော့ဘူးပေါ့......ဒီစကားရတာတော့ နှစ်ပေါင်း၇၀၀ကျော် သေနေတဲ့ နှလုံး သားပြန်လည်နိုးထလာခဲ့ ပြီ...ကျုပ်ရဲ့ ဝမ်းသာမှုပီတိ....ကျုပ်ကလွဲလို့ ဘယ်သူမှမသိနိုင်ဘူး...။ 

Wednesday, September 7, 2011


ပြီးခဲ့တဲ့ သြဂုတ်လ၁၇ရက်နေ့က ပြောခဲ့တဲ့ကြံ့ဖွတ်အစိုးရဦး/ဗိုလ်ချုပ်သန်းစိန်ရဲ့မိန့်ခွန်းကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ “သဘောထား အမြင်ချင်းမတူကြတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ မတူကွဲပြားတာတွေကိုဘေးဖယ်၊ တိုင်းပြည် အတွက် အမှန်အကျိုးရှိစေမယ့်ဘုံအကျိုးစီးပွားတွေ မှာ ပူးပေါင်းဆောင်ရွက်ရန် အမြဲဖိတ်ခေါ်ပါတယ်။”ဆိုတဲ့စကားလို ရွှန်းရွှန်းဝေနေတဲ့ အပြောတွေလည်းအများအပြားပါရှိတဲ့ မိန့်ခွန်းဖြစ်ပါတယ်။

            ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွတ်အစိုးရက ပြည်ပရောက်နေသူတွေအပေါ် သဘောထားကြီးကြောင်းပြတဲ့အနေနဲ့ “ပြည်ပကို အကြောင်းအမျိုးမျိုးနှင့်ထွက်ခွာသွားသူများပြန်လာနိုင်ကြောင်း” လို့တောင် မိန့်ခွန်းမှာပါခဲ့ပါတယ်။

            အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အသုံးအနှုန်းတွေကိုတမင် ရှောင်ကွင်းပြီးပြော ထားတဲ့ သမတသစ်ဗိုလ်ချုပ်ရဲ့မိန့်ခွန်းရှည်ကြီးမှာ ထုတ်မပြောသော်လည်းထင်ရှားစွာမြင်နေရတဲ့ အချက်သုံးချက်ပါရှိ ပါတယ်။

Thursday, September 1, 2011

အချိန်အခါအလိုက် အရောင်ပြောင်းလဲနိုင်သော ပုတ်သင်ညို


အညိုရောင် ပင်စည်တွင် ကပ်နေသောအခါ ပုတ်သင်ညိုသည် အညိုရောင်အသွင် ပြောင်းသွားသည်။ အစိမ်းရောင်သစ်ရွက်များကြားတွင် ရောက်သွားသည့်အခါ အစိမ်းရောင် ပြောင်းသွားပြန်သည်။ ထိုသို့ အရောင်းပြောင်းလဲတတ်သည့် သတ္တိအစွမ်းပကားကြောင့် ပုတ်သင်ညိုကို အန္တရာယ်ပြုမည့်သူများ မတွေ့မမြင် ဖြစ်ရသည်။ သဘာဝက သူ့ကို အကာအကွယ်ပေးထားသည်ကိုး။

လူလောကတွင်းတွင်လည်း ပုတ်သင်ညိုကဲ့သို့ တနေရာမှ တနေရာကူးပြောင်းသည့်အခါ မူလ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို စွန့်လွှတ်ခါ အရောင်ပြောင်းလဲသွားသူများလည်းရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စဉ်စစ် ထိုသူများသည် ယုံကြည်ချက်ကြောင့်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ မိမိကောင်းစားရေးအတွက် ဘာမဆို လုပ်မည်ဆိုသည့် ယုံကြည်ချက်ကြောင့်ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မိမိကိုယ်ကျိုးအတွက် အရာရာကို အသုံးချမည်ဟု ခံယူချက်ရှိသူများပင် ဖြစ်တော့သည်။

Saturday, August 20, 2011

မင်းအောင်လှိုင် တပ်မတော်ကာချုပ်ဘာလို့ဖြစ်လာတာလဲ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

ဒီအကြောင်း ပြောပြရရင်တော့ စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မောင်အေးတပည့် လို့သိရပါတယ် မင်းအောင်လှိုင်က သူ့ရှေ့က ဆီနေယာတွေကို ကျော်ဖြတ်ပြီးဘာလို့ တပ်မတော်ကာချုပ်ဖြစ်လာ တာလဲ ဆိုတာ အင်မတန်မှ လူတွေ သိချင်ကြမဲ့အကြောင်း ဖြစ်လိမ့်မယ်လို့ထင်မိပါတယ် ဇာတ်လမ်းက ဒီလိုပါ ဗိုလ်ချုပ်မောင်အေး ထီးကို ဆင်ဆာဖြတ်ရာကစတာလို့ပဲပြောရတော့မှာပါ အဲဒီကနေ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ တရားဝင် လူသိရှင်ကြား ဂိုဏ်းကွဲသွားကြပါတယ် ဗိုလ်သန်းရွှေကလဲ ဗိုလ်မောင်အေး ဟာကွက်ကို စောင့်နေသလို ဗိုလ်မောင်အေးကလဲ ဗိုလ်သန်းရွှေ ဟာကွက်ကို စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဗိုလ်သန်းရွှေ မြှောက်စားလို့ ဧရာဝတီတိုင်းကနေ ညာလက်ရုံးဖြစ်လာတဲ့ ဗိုလ်ရွှေမန်းဟာ သူ့သားရဲ့red link company ကွန်ပြူတာလိုင်းများကြောင့် ဗိုလ်မောင်အေးက ဖမ်းပြီး စစ်ဆေးခဲ့ပါတယ် နိုင်ငံတော်လျှို့ဝှက်ချက်များနဲ့ ဗိုလ်မောင်အေးကို ဖြုတ်ချရေး စီမံကိန်းများ ဗိုလ်သန်းရွှေကိုပါ ဖြုတ်ချရေးစီမံကိန်းများ ဘူးပေါ်သလို ပေါ်သွားခဲ့ တဲ့နောက် ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်တော့မယ် ဆိုပြီး သတင်းထွက်လာခဲ့ပါတော့တယ် ဗိုလ်ရွှေမန်း ကို ဖြုတ်ထုတ်သတ်လုပ်ရင် ဗိုလ်သန်းရွှေလဲ ဖြုတ်ထုတ်သတ်လုပ်ခံရမှာဖြစ်တဲ့အတွက် ဗိုလ်သန်းရွှေက ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်မဲ့ အစီအစဉ်ကို သဘောမတူခဲ့ပါဘူး ဗိုလ်မောင်အေးကလဲ ဖြုတ်ထုတ်သတ် လုပ်ဖို့တာဆူနေပါပြီ

Saturday, July 23, 2011

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း ( ၁ )

                                               
 ( မောင်မောင်ဝမ်း )


သမိုင်းဆိုတာအမြင်ကပ်ရုံသက်သက်နဲ့ဖျောက်လို့မရနိုင်ကောင်းပါဘူး၊လူသားတွေရဲ့  အတ္တကိုငွေကြေး အာဏာ အကျိုးစီးပွားတွေနဲ့ သွန်းလောင်းပေးလို့ ယာယီမှေးမှိန်ကောင်းမှေးမှိန်နိုင်ပေမဲ့….အမှန်တရားဆိုတာ….တနေ့မှာ တော့ပေါ်ထွန်းလာစမြဲပါ……..
ရှစ်ဆယ့်ရှစ်ဆိုတာဘာလည်း………….?
ရှစ်ဆယ့်ရှစ်ဆိုတာ…စစ်အာဏာရှင်များအဆက်ဆက်ပြောသွားခဲ့သလို….အရေးအခင်းလား……..
ရှစ်ဆယ့်ရှစ်ဆိုတာ….မင်းမဲ့စရိုက်တွေနဲ့ပြည်သူလူထုကြီးရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုခြောက်လှန့်ခဲ့ တဲ့  ပရမ်းပတာ…ရုန်းရင်းဆန်ခတ်မူ့ကြီးလား……..
ရှစ်ဆယ့်ရှစ်ဆိုတာ…အာဏာရှင်စနစ်ကိုတော်လှန်ပြီးဒီမိုကရေစီစနစ်ကိုပြောင်းလည်း အကောင် ထည်ေ ဖ်ာဘို့ ကိုလိုလားတဲ့ လူထုကြီးရဲ့ လူထုတော်လှန်ရေးကြီးလား………..
ဒီနေ့မျိုးဆက်သစ်တွေအတွက်ကတော့ေ၀၀ါးနေဆဲ ပုံပြင်တပိုဒ်လိုပါပဲ
          ---------------------------------------------------------------------------------------
ကျနော် ၈၈ လူထုအရေးတော်ပုံအကြောင်းကိုတင်ပြရာမှာ အကုန်လုံးကို ကျနော်မသိပါဘူး ၊ အခုကျနော်ရေးတဲ့ ဆောင်းပါးဟာသမိုင်းပြုစုနေတာမဟုတ်ဘူးဆိုတာတော့ပြောပရစေ..ကျနော်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုလက်ဆင့်ကမ်းတင်ပြလိုက်ခြင်းသာလျှင်ဖြစ်ပါတယ်…..ဒီအထဲမှာ သင်ခန်းစာယူစရာတွေ ဆင်ခြင်စရာတွေကို ရှစ်ဆယ့်ရှစ်လူထုအရေးတော်ပုံဆိုတာဘာမှန်းမသိတဲ့…လူငယ်မျိုးဆက်သစ်တွေ..လေ့လာနိုင်ဘို့ကိုအထူးရည်ရွယ်ပါတယ်……

Friday, July 1, 2011

လွတ်လပ်မှု ကို ရယူခြင်း ဒေါ် အောင်ဆန်းစုကြည် ပို့ချချက် (၁) ၂၀၁၁

ပို့ချချက် (၁)
လွတ်မြောက်ရေး

၂၈.၆.၂၀၁၁ ရက်နေ့ ၀၉ ၀၀ နာရီတွင် ထုတ်လွှင့်သော ဘီဘီစီ၏ ပထမဆုံးသော ရေဒီယို အသံလွှင့်ချက်

Sue Lawley ။ လန်ဒန်မြို့အသံလွှင့်ဌာနမှာရှိတဲ့ အသံလွှင့်ခန်းမကနေ ကြိုဆို နှုတ်ခွန်းဆက်သအပ်ပါတယ်။ အောင် ဆန်းစုကြည် ဟာ လွတ်လပ်မှုကို လိုလားတောင့်တတဲ့ လူသားတွေကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ သူမဟာ မြန်မာ ပြည်သူတွေရဲ့ လွတ်လပ်မှုကို ကာကွယ်ပေးဖို့ကြိုးပမ်းရာမှာ ဘဝကို မြှုပ်နှံ ထားခြင်းဖြင့် ကမ္ဘာတဝှမ်းလုံးရဲ့ မျှော်လင့်ချက် အထိမ်းအမှတ်လကဏာတရပ် ဖြစ်လာခဲ့ပါတယ်။

ဒီကနေ့ပို့ချမဲ့ ပို့ချချက်နှစ်ပိုင်းအနက် ပထမပိုင်းကတော့ မြန်မာပြည်တွင်းမှာ လျို့ဝှက်စွာ အသံသွင်းယူပြီး ပြည်ပကို ခိုးထုတ်လာခဲ့တဲ့ တိပ်ခွေနဲ့ ပို့ချချက် ဖြစ်ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံရဲ့ သဘောသဘာဝ နှင့် မြန်မာပြည်တခုတည်းအတွက်သာမက ကမ္ဘာတဝှမ်းလုံးအတွက် အရေးပါပုံကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါ တယ်။

“ကြည် ပဲပြုတ်နဲ့ နံပြား စားချင်တယ် အောင်ဆန်း”

 “ကြည် ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း”


        ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးဖြင့် သူကိုယ်တိုင်ရေးပြီး အောက်တွင်လည်း “အောင်ဆန်း” ဟု သူ၏နာမည်လက်မှတ် ရေးထိုးထားသော စာတိုကလေးပင်ဖြစ်သည်။ တစ်ခါက ဗိုလ်ချုပ်က သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်အား သူကြိုက်သော ပဲပြုတ် နံပြား စားချင်ကြောင်း ပူစာလိုက်သည့် စာပင်ဖြစ်သည်။
             “ ပူဆာ ” သည်ဟု ဆိုရခြင်းမှာ ‘ ဟေ့  ငါ ပဲပြုတ်နဲ့နံပြား စားချင်တယ်၊မနက်စောစော အသင့်ဝယ်ထားလိုက် ‘ ဟု စစ်သူကြီး တစ်ဦးက စစ်သည် ရဲဘော်ကလေး အား အမိန့်ပေးလိုက်ပုံမျိုးမဟုတ်။ သားငယ်တစ်ဦးက သှူု့ကို အလွန် ချစ်မြတ်နိုးသူ မိခင်အား ကလေးငယ်သဖွယ် ပူဆာလိုက်သည့် လေသံမျိုး
ဖြစ်နေသောကြောင့် ပင်တည်း။  အထက်ဖော်ပြပါ စာတိုကလေးအကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စိတ်ဝင်စားသူ၊ လေ့လာသူ၊သူ့အကြောင်း ဟောပြောရေးသားသူမှန်သမျှ ကောင်းစွာ သိကြပါသည်။

Tuesday, June 28, 2011

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့

မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိ နိုင်။
 
ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့်ဇာပန အရေးအခင်းကို  အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။  အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

Friday, June 24, 2011

စိုင်းထီးဆိုင်

သူ့ကို ပရိသတ်တွေက `ရွှေဥသြ`လို့ ခေါ်ကြတယ်။
 
မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကနေ နိုင်ငံကျော် အဆိုတော် ဖြစ်သွားတဲ့ စိုင်းထီးဆိုင် ရဲ့ လျှောက်လှမ်းခဲ့တဲ့ သူ့ရဲ့ အနုပညာခြေလှမ်းများကို ပြန်ပြီး ကောက်ကြောင်းဆွဲကာ ဖတ်ကြည့်ရအောင် . . .
စိုင်းထီးဆိုင် (ရှမ်းအနုပညာရှင် ထူးချွန်ဆုရ)
ဆွဲအားကောင်းသူ သုံးဦး
လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့-

Thursday, June 23, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ (အပိုင်း-၅)

ဗလ
ကျနော်တို့ ဖက်ဒရယ်တပ်မတော်နဲ့ တော်လှန်သောပြည်သူ့လွတ်တော်ကို စပီး ကြံဆတုံးက နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မပြီးသေးပါ။ ကြံဖွံ့ အစိုးရ မရှိသေးပါ။ ကျနော်တို့ အနေဖြင့် ရှေ့ မတိုးနိုင်ပဲ အီနေတဲ့ တော်လှန်ရေး ရေချိန်ကို ပြန်လည်နိုးဆွ တွန်းတင်နိုင်ဖို့ ကြံဆနေရချိန်ဖြစ်သည်။ နအဖစစ်တပ်က စစ်သားတွေ တဖျောဖျော ပြေးနေပြီး အောက်ခြေပြိုနေတဲ့ အခြေအနေကို တော်လှန်ရေးအတွက် အကောင်းဆုံးအသုံး ချဖို့ ကြံဆနေချိန်ဖြစ်သည်။ အားလုံးညီကြမှ ဖြစ်မယ်လို့ သဘောပေါက်လာကြ တဲ့ လူတွေ အဖွဲ့တွေ ညီခွင့်ရမဲ့ နည်းလမ်းကို ကြံဆနေကြတဲ့ အချိန်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တလယ်လယ် ပါပဲ။ သိပ်ဖြောင့်ဖြောင့်တန်းတန်း ရှေ့တိုးတာ မဟုတ်ပါဘူး။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် ကိစ္စတော်တော်များက သဘာဝကြစွာပဲ အပြောင်းလဲ ဖြစ်လာပါတယ်။ စစ်ရေး လှုပ်ရှားမှုတွေ ပြင်းထန်များပြားလာတယ်။ စစ်ရေးပူးပေါင်း ဆောင်ရွက် ညီ ညွတ် ကြဖို့အလေးအနက် အပူတပြင်းဖြစ်လာတယ်။ တကယ်ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်တဲ့ နည်းနာနဲ့ ပုံစံ ရှာဖွေတဲ့ နေရာမှာလဲ အများကြီး တိုးတက်မှု ရလာပြီဖြစ်ပါသည်။

Friday, June 10, 2011

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ်

                
အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ် ( ဆရာတော် ဦးဇောတိက )
Your browser may not support display of this image.
 
ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရတက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတရပ်အဖြစ် ရှုမြင်တယ် ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပဲ      (ပြည်သူတွေကမဲပေးလိုက်တာ ကိုး) ဒါကိုဒေါ်စုသဘောပေါက်တယ်၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်    ဖြစ်စေ..အစိုးရတရပ်တော့ဖြစ်လာပြီ ၊ဒေါ်စုဘက်က ရိုးသားတယ် အရှိတရားကို အရှိတရားအဖြစ် မြင်လိုက်တယ်….ဒါဟာစိတ်သတ္တိတမျိုးပါ။

      ဂျွှန်မက်ကိန်းမြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားတယောက်လို သဘောထားပါတယ်တဲ့ ၊ သဘောကတော့ သူလိုကိုယ်လိုပါပဲဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်၊ သူတို့အနေနဲ့ထူးထူးခြားခြား လူထုခေါင်းဆောင်တို့၊ဒီမိုက ရေစီခေါင်းဆောင်တို့ 
သတ်မှတ်ဘို့ အသိမှတ်မပြုပါဘူးပေါ့----ဒါဟာ အရှိတရားကိုမျက်ကွယ်ပြုလိုက်ခြင်းပါ။

Sunday, June 5, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ ( အပိုင်း- ၃ - ၄ )

 
အပိုင်း- ၃

ကျနော်တို့မှာ ရှည်လျှားတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့ကြပါသည်။ များသော အားဖြင့် ကျနော်တို့ရဲ့ နိုင်ငံ ရေးကို အတိတ်ပေါ်မှာ အခြေခံပြီး ပြောကြလုပ်ကြ ပါသည်။ နေ့စဉ် လက်တွေ့ ဘဝ တွေကို ဖြတ်သန်းရင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားကြ ရင်းက အဖြစ် အပျက်အသစ်တွေ ပြဿနာအသစ် တွေလဲ ထပ်၍ ထပ်၍ ရလာနေပါသည်။ ပြေလည်သွားတာ ကတော့ နည်းသေးသည်ဟု ထင်ပါသည်။ ထပ်ဖြစ်ပျက် တွေ့ကြုံ တာတွေ ကြောင့် နာစရာတွေ ပြောစရာတွေကလဲ ထပ်များလာပြန် သည်။ ဒီလို အတိတ်က အနာအဆာ အဖုအထစ်တွေကို ပွေ့ပိုက် ထားကြ ယုံနဲ့တော့ ကျနော်တို့ တိုးတက်အောင်မြင် မလွယ်ပါ။ အနာဂါတ်ကို မျော်မှန်း ကမ်းလင့်တဲ့ လုပ်ဆောင်မှု တွေလဲ လိုပါလိမ့်မည်။ နောက်တခုက ရှည်လျားတဲ့ ဖြစ်စဉ် အတွင်းက ပြောင်းလဲဖြစ်ပေါ်မှုတွေကို အသိအမှတ်ပြု လက်ခံဖို့ပါ။ အနေအ ထား တချို့တွေဟာ လွတ်လပ်ရေးယူကာစ ၁၉၄၈ တုံးကနဲ့ မတူတော့  ပါဘူး၊

Friday, May 13, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ

(ဗလ)
( အပိုင်း )
ကျနော် ဒီစာကိုအစပျိုးထားခဲ့တာ ဒါမှမဟုတ် ရေးနေခဲ့တာ ကြာပါပြီ၊ အကြောင်းအမျိုး မျိုး ကြောင့် ဆုံးအောင်ဆက်မရေးဖြစ်ခဲ့ပါ ။ လူအများဖတ်ဖို့လဲ တင်ပြခြင်း မလုပ်ခဲ့မိပါ။ အဓိက အကြောင်းကတော့ အကျိုးထက် အဆိုးများသွားမှာ ကြောက်လို့ ဖြစ်ပါတယ်။

အခုတလောတော့ စေ့ဆော်မှုတွေအများကြီးက၊ ဆုံးအောင်ရေးဖို့နဲ့ ထုတ် ပြန်ဖို့ တွန်းအားဖြစ် လာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဦးဆောင်မှုတွေကို အားမလိုအားမရ ဖြစ်တာတွေနဲ့ လမ်းကြောင်းသစ်အတွက် စူးစမ်းကြံဆ ဆွေးနွေး လာနေကြတာကို တွေ့ရတော့ ဘာ့ကြောင့် ဘာ့ကြောင့်ဘယ်လိုဖြစ် နေတယ် ဆိုတာနဲ့ အရွေ့က ဘယ်အဆင့် ဘယ်နေရာ ကို ရောက်နေပြီး ဘယ် ကို ဦးတည်နေတယ်ဆိုတာကို ဆွေးနွေးဖို့ လိုလာပြီ ထင်မိပါတယ်။ နိုင်ငံရေး ကိစ္စကို နိုင်ငံရေး သက်သက်ပဲ ရေးလိုပါတယ်၊ လူပုဂ္ဂိုလ် အမည်တွေ အဖွဲ့ အစည်း အမည်တွေ မပါစေချင်ပါ။ ဒါပေမဲ့ ခုစာမှာတော့ မလွဲသာ မရှောင်သာ ထည့်ရေးစရာတွေ ရှိနိုင်ပါသည်။ ကျနော် အတက်နိုင်ဆုံးတော့ ကြိုးစားပြီး အဖြစ်အပျက် သက်သက်ကို ရေးပါမည်။

Saturday, April 16, 2011

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်

( မာင်မောင်ဝမ်း )

ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ ကိုပြန်ပြောင်းလို့သတိရမိတယ်၊
၁၉၉၀ရွှေးကောက်ပွဲအကြိုစည်းရုံးရေးကာလမှာကျနော်တို့မြို့ကိုစည်းရုံးရေးဆောင်ရွက်ဘို့အနုပညာရှင်တွေ ရောက်ရှိလာကြတယ်၊ ကဗျာဆရာကြီး ဦးတင်မိုး ၊ ဖေမြင့် ၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင် ၊ စန္ဒယား တင်ဝင်းလှိုင် တို့---------ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့ ၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ရှိနေကြတယ်….ဆရာကြီးနဲ့ဝိုင်းဖွဲ့ဆွေးနွေးရင်း..ဆရာကြီးရဲ့သြ၀ါဒတွေကိုခံယူတယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ……………
          စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲဝိုင်းဖွဲ့ခဲ့ကြတယ် ဆရာကြီးက ထိပ်ဆုံးမှာ..
တကယ်တော့နိုင်ငံရေးအလုပ်ဆိုတာမြင့်မြတ်တဲ့အလုပ်ပါတနည်းအားဖြင့်မြင့်မြတ်သူတို့ရဲ့အလုပ်..တော်ရုံစိတ်ထားနဲ့လုပ်နိုင်ဘို့ခက်တယ်….ဒါပေမဲ့ကျုပ်ကနိုင်ငံရေးသမားတော့မဟုတ်ဘူးနိုင်ငံရေးသမားလို့ခံယူရ လောက်အောင်စွန့်လွတ်အနစ်နာခံစိတ်အဲသလောက်မကြီးမားဘူးမြင့်မြတ်တဲ့စိတ်အဲသလောက်မရှိသေးဘူးပမှီဒေါက်မှီ နိုင်ငံရေးသမားတယောက်ဖြစ်ဘို့ တော်တော်လိုတာဗျဥပမာဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့.ကျုပ်က အများကြီးလိုသေးတယ်…..”

Tuesday, April 12, 2011

လက်ခုပ်နှစ်သံ
“ အကယ်ဒမီ နေတိုး ထာဝရနှင်းဆီ နှင့် မြန်မာ့စစ်အာဏာရှင်”
ယမန်နှစ်က မြန်မာနိုင်ငံ စစ်အစိုးရမှ ရိုက်ကူးပြသခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားနှင့် ပတ်သက်၍ ဂယက် အများအပြား ပေါ်ထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ယနေ့အထိ သမိုင်း အဖြစ်အပျက်များကို ရောယှက်ရိုက်ကူး ခဲ့သည့် ထိုဇာတ်ကားတွင် မှားယွင်းသော အချက်အလက်များ ဖြင့်သာ တင်းကြမ်းပြည့် နေခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုကြီး တစ်ခုလုံးကို သရော်စော်ကား ခဲ့သည့် ဇာတ်ကားတစ်ကား အဖြစ် သမိုင်းမှတ်တမ်းတင် ခဲ့ပြီး ဖြစ်ပါသည်။



ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် သူများ ပြည်ပနိုင်ငံများသို့ ဖျော်ဖြေရေး ခရီး ထွက်ခဲ့ ရာတွင် ပြည်ပရှိ မြန်မာ အမျိုးသားများ၊ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ကိုလည်း အများသိပြီး ဖြစ်ပါသည်။ ထိုသို့ ကန့်ကွက်မှုများကြောင့် အမေရိကန် အစိုးရက ဗီဇာပြန်လည် ရုပ်သိမ်းသဖြင့် အမေရိကန် ပြည်ထောင်စုသို့ ဖျော်ဖြေရန် ရောက်ရှိနေသူ အနုပညာရှင်များ အမေရိကန် ပြည်ထောင်စုမှ အဆောတလျင် ပြန်လည် ထွက်ခွာခဲ့ရသည်ကိုလဲ သတင်းများတွင် တွေ့ခဲ့ရပါသည်။

Sunday, February 20, 2011

ရောင်နီလာနံနက်ခင်းဆီသို့ ( အပိုင်း ၆ )

 

-       လူသားတိုင်းမှာ တူညီတဲ့ လူ့အခွင့်ရေးရှိရမယ် ( မာတင်လူသာကင်း-ဂျူနီယာ)
-       ဦးနေ၀င်းရဲ့ အဝေဖန်မခံရဲတဲ့စိတ်နဲ့ သူရဲဘောကြောင်တဲ့ အာဏာယစ်မူးချင်တဲ့စိတ်ဓါတ်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေဆိတ်သုဉ်းလာခဲ့ရတယ်။( ဗိုလ်မူးအောင်- ရဲဘော်သုံးကျိတ်ဝင် )
ဒီနေ့စကားဝိုင်းလေးကိုစတော့ ကိုသွေးက..
“ အကို ကျနော်တို့ ဒီနေ့ လူ့အခွင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးချင်တယ် ” အားလုံးက လှုတ်လှုတ်ရွရွဖြစ်သွားပြီး တပြိုင်နက်ထဲ သဘောတူထောက်ခံခဲ့ကြတယ်။

Wednesday, February 16, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ အပိုင်း (၂)


 
(ခတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွ၊ အင်နုတ်(in-note)တွ ဘေးနုတ်(margin-note) တွနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထာက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

Monday, February 14, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ်အရေးမို့ပါ အပိုင်း (၁)

ရဲဘော်ကျော်သန်း

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

Saturday, February 5, 2011

 "ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၅ )


( မောင်မောင်ဝမ်း )

"နွေမှာ ငုနဲ့ပိတောက်လှိုင်မည်။
မေမှာ စုနဲ့ခမောက်နိုင်ပြီ ။”

။။။။။။။
ဒီမိုကရေစီဆိုတာကို လက်ခံရင် ရွေးကောက်ပွဲကို လက်ခံရတယ် ၊။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလည်း ဖြစ်ဖို့လိုတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းကတော့ ဒီမိုကရေစီကို ဖြစ်ထွန်းပါမယ်လို့ အာမ မခံနိုင်ပါဘူး ၊။ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထွန်းကားနေသေးတဲ့ နိုင်ငံတွေရှိနေပါတယ်။
။။။။။။။

ဒီနေ့ ကျနော်တို့တတွေ ဆုံနေကြ အမှတ်တရ လဘက်ရည်ဆိုင်လေးမှာပဲပြန်ဆုံဖြစ်ကြတယ်။ပူပြင်းလှတဲ့ အညာနေရဲ့အောက်ကဖြတ်ပြီးရောက်လာတဲ့ လူငယ်တွေအတွက် သူတို့ရဲ့စိတ်ဓါတ်ခံယူချက်၊ယုံကြည်ချက်တွေကိုလေးစားမိပါတယ်။ အားလုံးမရှက်နိုင်တော့ဘူး အကျီချွှတ်သူကချွှတ်၊ပုဆိုးကို ဒူးအထိတင်ပြီး ထားသူကထား ချွှေးတွေတရွဲရွှဲ ၊ ၈၈ လူထုအရေးတော်ပုံတုန်းက ကျောင်းသားခေါင်းဆောင်တဦးပြောသွားတာကို သတိရမိတယ်…..“ နေပူတာ နေ၀င်းပူတာလောက်မဆိုးသေးပါဘူးတဲ့ ” အဲဒီလိုပြောရမလိုဖြစ်နေပြီ အခုလည်း အညာနေပူတာဟာ..စစ်အာဏာရှင် နအဖ ပူတာလောက်မဆိုးလို့ အားလုံးစုံနေကြရတာမဟုတ်လား၊

Tuesday, January 25, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီး ကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။

Saturday, January 15, 2011

ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း (၃)

( မောင်မောင်ဝမ်း )
"Freedom is not free."
"လွတ်မြောက်မှု့ဆိုတာ အလကား မရဘူး။”
 
လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ ၀င်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု့တွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့..စတဲ့ မေးခွန်းတွေ………….။

“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့ မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ..ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော် များများသော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခုလို ယုံကြည်နေကြတာကိုး၊။

Sunday, January 9, 2011

"ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၂ )

( မောင်မောင်ဝမ်း )

“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာ သည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုးကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံးမပြု သင့် ။ ”
ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော် နေလို့ ထိုင်လို့ ကောင်းနေတယ်၊ မပူလွန်း မအေးလွန်း အနေထား၊ ။
အညာမြေမှာ ဒီလိုအနေထားမျိုးကို လူတော်တော်များများ နှစ်ခြိုက်ကြတယ်၊ ။တခါတရံ မိုးနံ့လေးတွေ ပြေးနေတယ်၊နေလည်း မပူ ၊ မိုးကလည်း အအုံ့ကြီး မဟုတ်၊။ တခါတရံ မိုးဖွားလေးများ ရွာချလာတတ်တယ်၊။ ရုတ်တရက် နာရီကို ကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာ လဲလိုက်ပြီး ခပ်သုတ်သုတ်လေး ထွက်လာခဲ့တယ်၊ ။

မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ

(ဂါမဏိ ဘာသာပြန်သည်)
http://www.naytthit.net မှ...

အာဏာရှင်တို့၏ စီးပွားရေးတလွဲတချော်စီမံခန့်ခွဲမှု နှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကိုလျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ နှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်းပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့ နေ လိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများအမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအ ကျယ် ကွဲလွဲနေပါသည်။

နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကားပြောတတ်သည့် မြန်မာလူမျိုးအနည်း ငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့်စာတမ်းများမှာ မည်သို့အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန် တည်းတွင် နိုင်ငံရေးနောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့်ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စု အ တွက် လျှောက်လဲချက်ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီးနေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်း ရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုးအများအပြား မြောင်းထဲရောက်သွားခဲ့သည်။

Saturday, January 1, 2011

" ရောင်နီလာ နံနက်ခင်းဆီသို့”

( မောင်မောင်ဝမ်း )
အပိုင်း ( ၁ )

ကျနော်တို့ လူထုတော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုးမဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ် ခံထားရတာဆိုတော့ နိုင်ငံရေးသဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊ သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။ မသိဘူး၊။ ဒါပေမယ့် မခံချင်စိတ်တော့ ရှိတယ်၊။