Sunday, September 30, 2012

NLD ရှေ့ရေး .. ဗကပ အတွေး


(၁) ဤဆောင်းပါးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) နာယက ဦးတင်ဦးက ‘ဒေါ်အောင်ဆန်းစုကြည်ကို အမြဲအား ကိုးနေလို့မဖြစ်’ ဟု ပြောတာကို ဖတ်ရလို့ ရေးလို့ရပြီဆိုပြီး ရေးခြင်းဖြစ်သည်။

(၂) ဒေါ်စု တယောက် လွှတ်တော်ပြေးတက်လိုက်။ အိမ်ပြန်ပြီး တညလောက်အိပ်။ ကော့မှူးကိုထွက် လုပ်နေရတာ။ ဒီကြားထဲ နိုင်ငံခြားထွက်တာတွေ တွေ့ပြီး ဒီ (၆၇) နှစ်အရွယ်နဲ့ ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲလို့ စဉ်းစားမိသည်။ သူ ဗမာပြည်နိုင်ငံရေးထဲ ၀င်လာတော့တောင် အသက် (၄၀) ကျော်နေပြီ၊ သူ့အဖေလို လူငယ်ခြေတက်ဘ၀နဲ့ လုပ်ရတာ မဟုတ်။

ဒါ့ထက်အရေးကြီးတာက

Friday, September 21, 2012

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနဲ့ ဆက်သွယ်မေးမြန်းချက်


မေး။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ စစ်ကော်မရှင်အဖွဲ့ဝင်လည်းဖြစ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ် ကျော်ဇောကို ပါတီခေါင်းဆောင်တယောက်အနေနဲ့ အသိအမှတ်ပြုမခေါ်တာ ဘာကြောင့်လို့ထင်မြင်လဲ?

ဖြေ။ ကျနော်တို့ အမြင်မှာက ဗိုလ်ချုပ်ကျော်ဇော ဆိုတဲ့ ပုဂ္ဂိုလ်တည်ရှိနေတာက ကြာလှပြီ။ အရင်တုန်းက ဗိုလ် ချုပ်ကျော်ဇောဟာ ကျန်းကျန်းမာမာ၊ သွားနိုင်လာနိုင်၊ ပြောနိုင်ဆိုနိုင် သွက်သွက်လက်လက်ပဲ၊ အဲလိုအချိန် တုန်းက အစိုးရအဆက်ဆက်ဟာ ဗိုလ်ချုပ်ကျော်ဇော မြို့ပေါ်ကိုပြန်လာမှာ သိတ်ကြောက်တယ်။ ဗိုလ်ချုပ် ကျော်ဇောရဲ့စကား၊ ဗိုလ်ချုပ်ကျော်ဇောရဲ့ အလုပ်အကိုင်တွေဟာ ပြည်သူလူထုကြားမှာ ဘယ်လောက်သြဇာရှိ နေတယ်ဆိုတာ သူတို့သိနေတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်ကျော်ဇောကို သူတို့စကားထဲ ထည့်မပြောရဲဘူး။ အခုကျမှ မသွားနိုင်မလာနိုင်၊ မပြောမဆိုနိုင် (ကျန်းမာရေးက သိတ်ကိုဆိုးနေပါပြီ) ဗိုလ်ချုပ်ကျော်ဇော အနေနဲ့ ရန်ကုန်ကိုသွားဖို့တောင်၊ မရောက်နိုင်တဲ့ အခြေအနေမျိုးရှိမှန်းသိတော့မှ ဖိတ်ခေါ်ပါတယ်ဆိုပြီး နာမည်ကောင်း ယူပြီးခေါ်တာပါ။ ကျနော်ကတော့ ဒါဟာ ရိုးသားတဲ့စေတနာနဲ့ အပြုအမူလို့ မထင်ပါဘူး။

Thursday, September 20, 2012

အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

စက်တင်ဘာ ၁၈ ရက်က United States Institute of Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။

“ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။ ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက် တကယ်တန်းလက်တွေ့ ထိထိမိမိနဲ့ ပြောပြီလို့ ကျနော် ယူ ဆပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

NDF ပါတီ အနေဖြင့်လည်း ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက တိုင်းပြည်ကို အမေရိကန် အပါအ၀င် နိုင်ငံတကာ က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုများကို မလိုလားခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွင် စီးပွားရေး ဒဏ် ခတ် ပိတ်ဆို့ထားမှုက အရှိန်နှေးကွေးစေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ကို ချစ်မြတ်နိုးကြောင်း လက် တွေ့ ပြောဆိုပြသလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုတွင် စက်တင်ဘာ ၁၈ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်က မြန်မာ အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို လျှော့ချရန် ထောက်ခံလိုက်ပြီး နိုင်ငံရေး အကျဉ်းသား တယောက် မကျန် လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

Monday, September 17, 2012

ရခိုင်ပြည်နယ် ပြိုကွဲခဲ့လျှင် . . .

ရန်ကုန်မှာ ရခိုင်တွေအများကြီးဖြစ်လာပြီ ။ ရခိုင်တွေအများကြီးဖြစ်လာတော့ ရခိုင်တစ်ယောက်ဖြစ်တဲ့ ကျနော်လည်း ရခိုင်အသိုင်းအ၀ိုင်းနဲ့ မတွေ့မဖြစ်တွေ့လာရတယ် ။ ဟိုအရင်တုန်းက ကျနော်တို့တလမ်းပေါင်းမှ ရခိုင်အိမ် ၂ အိမ်ပဲ ရှိတယ် ။ အခုဆို တလမ်းလုံးပေါင်းရင် ရခိုင်အိမ် ၆ အိမ်အထက်မှာဖြစ်လာပြီ ။ ကျနော်တွေးမိတယ် ။ ရခိုင်ပြည်ကြီးဟာ နိုင်ငံခြားသို့ လူဦးရေယိုစီးရုံသာမက ပြည်မကြီး နဲ့အခြားပြည်နယ်တွေကိုပါ တစိမ့်စိမ့် လူဦးရေယိုစီးခြင်းခံနေရတယ် ။ နှစ်စဉ်နှစ်တိုင်းပဲ အခြားပြည်နယ်နဲ့ ပြည်မကြီးက လူငယ်တွေလိုပဲ ရခိုင်လူငယ်တွေ မလေးရှား ၊ ထိုင်း နဲ့ စင်ကာပူအစရှိတဲ့ နိုင်ငံတွေကို အလုပ်အကိုင်နဲ့ငွေကြေးအတွက် ထွက်ခွာနေကြ တယ် ။ မောင်တော နဲ့ဘူးသီးတောင် လို လုံခြုံစိတ်ချမှု့မရှိတဲ့ဒေသက ရခိုင်တွေ ကလည်း ပြည်မကြီးကို အလုံးအရင်းနဲ့ပြောင်းရွှေ့လာကြတယ် ။ 

အခုဆိုရင် ရန်ကုန်တိုင်းမှာဆို ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီးထားရတဲ့အထိ များပြားနေပြီ ။ ရန်ကုန်မှာ များပြားနေတာဟာ ရခိုင်မှာ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းအင်အားလျှော့နေတာကို ညွန်းတယ် ။ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ဘင်္ဂလီတွေကို ဘယ်နည်းနဲ့မှ တွန်းလှန်နိုင်စရာလမ်းမမြင်ဘူး ။ တစတစ လျှော့နည်းလာတဲ့လူဦးရေဟာ နိုင်ငံတော်အစိုးရအဖို့ အဲ့ဒီဒေသမှာ စီးပွားရေး လုပ်ငန်းတွေ ထူထောင်ပေးဖို့ ၊ လုံခြုံမှု့ရှိအောင်လုပ်ပေးဖို့ မီးမောင်းထိုးပြနေပေမယ့် တာဝန်ရှိသူတွေကတော့ မြင်ပုံမရဘူး ။ တာဝန်ရှိသူတွေမြင်တာက ဘင်္ဂလီနဲ့ပါတ်သက်ပြီးနိုင်ငံခြား ရဲ့အငြိုအငြင်မခံရဖို့ပဲ ၊ ၀န်ကြီးဦးခင်ရီကတောင်ပြောလိုက်ပါပြီ ။ ရခိုင်ပြည်မှာ ခိုးဝင်တဲ့ ဘင်္ဂလီမရှိတဲ့ ။ မအံ့သြောမိတော့ပါဘူး ။

Saturday, September 8, 2012

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်


အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထား ရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာ သန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓ
ဘုရားရှင်ရှိစဉ်က ဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်

သမိုင်းက မအ သလို ပြည်သူတွေကလဲ ငန မဟုတ်ပါဘူး

ကျော်ဟုန်း ၊စက်တင်ဘာ ၈၊  ၂၀၁၂
ခုတလော  ပြည်တော်ခဏပြန် လေ့လာရေးအဖွဲ့ တွေနဲ့ ပတ်သက်ပြီး  ပြည်တွင်း ပြည်ပတွေမှာ အသံတွေကြားနေရပါတယ်။ ကိုယ့်ထင်မြင်ချက်နဲ့ ကိုယ် ရေးသားကြတဲ့ face book က အမြင်တွေရော၊ ပြည်တွင်း သတင်းမီဒီယာသမားတချို့ ရဲ့ အတွေ့အမြင် အရေးအသားတွေရော၊  ပြည်ပရှိ တော်လှန်ရေးနယ်ပယ်က သူတွေရော၊  ပြည်ပက နိုင်ငံရေးနယ်ပယ်ရှိ သူတွေရော၊ပြည်ပမီဒီယာ ဌာနကြီးတွေရဲ့ တွေ့ ဆုံမေးမြန်းခန်းတွေမှာရော ပြည်တော်ပြန်တွေရဲ့အကြောင်းနဲ့ပတ်သက်လို့  အတော် ဆူဆူ ညံညံကြားနေရတာ ပါ။
သရုပ်ခွဲလေ့လာကြည့်တဲ့အခါ တချို့ က ကိုမိုးသီးဇွန်တို့ အဖွဲ့  ပြည်တော်ပြန်တာ အချိန်စောလွန်းသေးတယ်ပြောတဲ့ သူရှိတယ်။

သူတို့ အဖွဲ့ ရဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းသတင်းထောက်တွေ မေးမြန်းချက်ကို  ပြန်လည်ဖြေကြားတဲ့  စကားရပ်တွေ   အပေါ်မှာ နေထိုင်ခွင့်(၂၁)ရက်ထဲနဲ့  သူတို့ ပြောတဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးကိစ္စတို့ ၊ လူသားရင်းမြစ်  တိုးတက်ရေးကိစ္စတို့ ၊ စတဲ့ ခေါင်းစဉ်ကြီးကြီးတပ်ထားတဲ့ ကိစ္စတွေကို သူတို့ လုပ်နိုင်ပါ့မလားလို့  သံသယအတွေးတွေကို အရင်းခံပြီး  ထင်မြင်ယူဆ ရေးသားပြောဆိုနေတာတွေလဲ တွေ့ ရပါတယ်။

ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း

* မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း အစည်းအရုံး၊ leven Media Group နဲ့ ၀ါရင့်သတင်းစာဆရာ တချို့က ထင်မြင်ချက်၊ ဝေဖန်ချက် ပေးထားတာတွေ ရှိနေပါတယ်။ ၀န်ကြီးအနေနဲ့ ဝေဖန်ထင်မြင် ချက် တွေကို ဘယ်လိုပြန်လည်ပြောကြား ချင်ပါသလဲ။ အမြုတေ စာနယ်ဇင်း ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိချင်ပါတယ်။


ကျွန်တော့အနေနဲ့ ၀န်ကြီး စဖြစ်တယ် ဆိုတာနဲ့ ကျွန်တော့ခေါင်းထဲမှာ ရောက် လာတဲ့ ဦးစားပေးလုပ်ငန်းကတော့ ဒီစာနယ်ဇင်း ကောင်စီပေါ့လေ၊ အများယုံကြည်လက်ခံနိုင်တဲ့ စာနယ်ဇင်း ကောင်စီတစ်ရပ် ဖြစ်မြောက်လာရ အောင်၊ ဒီစာနယ်ဇင်းကောင်စီက ကောင်းမွန်စွာ၊ မျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ အလုပ်လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းထဲမှာ စဉ်းစား မိပါတယ်။

Friday, September 7, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စုအဆင့်အငြ⁠င်းပွားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်စုကြည်ကတော့ ဒီနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ ခွင့်ယူပြီး ပြန်သွား ပါပြီ။ ဒေါ်စု ရဲ့ ဒီပြည်ထောင်စုအဆင့်အငြ⁠င်းပွားမှုအပေါ် ရပ်တည်ချက်ကတော့ ရှင်းပါတယ်..သူကြားနေမယ်..တနည်းအားဖြင့် မထောက်ခံနိုင်ဘူးပေါ့။ အမျိုးသားလွှတ်တော်အစည်းဝေးမှာ ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ကိစ္စကို မဲခွဲဆုံးဖြတ်တော့ NLD အမတ်တစ်ဦးက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ထပြီးတော့ တင်ပြပါတယ်..ဒီကိစ္စဟာ အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ကြားနေတဲ့သူတွေလဲ နေလို့ရအောင်..ထိုင်ထစနစ် နဲ့ မဲခွဲ ဆုံးဖြတ်မှု မပြုလုပ်ဘဲ လျှို့ဝှက်ဆန္ဒမဲ ပေးတဲ့ စနစ်နဲ့ ပြုလုပ်ပေးဖို့တောင်းဆိုခဲ့တာသိရပါတယ်..ဒါပေမယ့် ဥက္ကဋ္ဌကြီးက ပယ်ခဲ့ပါတယ်..ဒီမှာတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဒီပြသနာအပေါ် ရပ်တည်ချက်က ရှင်းနေခဲ့ပါတယ်..သူတို့ မထောက်ခံ နိုင်ဘူးပေါ့..ဒါကလဲ ဒေါ်စုကြည်တို့က သိတယ်.