Saturday, April 16, 2011

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်

( မာင်မောင်ဝမ်း )

ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ ကိုပြန်ပြောင်းလို့သတိရမိတယ်၊
၁၉၉၀ရွှေးကောက်ပွဲအကြိုစည်းရုံးရေးကာလမှာကျနော်တို့မြို့ကိုစည်းရုံးရေးဆောင်ရွက်ဘို့အနုပညာရှင်တွေ ရောက်ရှိလာကြတယ်၊ ကဗျာဆရာကြီး ဦးတင်မိုး ၊ ဖေမြင့် ၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင် ၊ စန္ဒယား တင်ဝင်းလှိုင် တို့---------ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့ ၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ရှိနေကြတယ်….ဆရာကြီးနဲ့ဝိုင်းဖွဲ့ဆွေးနွေးရင်း..ဆရာကြီးရဲ့သြ၀ါဒတွေကိုခံယူတယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ……………
          စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲဝိုင်းဖွဲ့ခဲ့ကြတယ် ဆရာကြီးက ထိပ်ဆုံးမှာ..
တကယ်တော့နိုင်ငံရေးအလုပ်ဆိုတာမြင့်မြတ်တဲ့အလုပ်ပါတနည်းအားဖြင့်မြင့်မြတ်သူတို့ရဲ့အလုပ်..တော်ရုံစိတ်ထားနဲ့လုပ်နိုင်ဘို့ခက်တယ်….ဒါပေမဲ့ကျုပ်ကနိုင်ငံရေးသမားတော့မဟုတ်ဘူးနိုင်ငံရေးသမားလို့ခံယူရ လောက်အောင်စွန့်လွတ်အနစ်နာခံစိတ်အဲသလောက်မကြီးမားဘူးမြင့်မြတ်တဲ့စိတ်အဲသလောက်မရှိသေးဘူးပမှီဒေါက်မှီ နိုင်ငံရေးသမားတယောက်ဖြစ်ဘို့ တော်တော်လိုတာဗျဥပမာဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့.ကျုပ်က အများကြီးလိုသေးတယ်…..”

Tuesday, April 12, 2011

လက်ခုပ်နှစ်သံ
“ အကယ်ဒမီ နေတိုး ထာဝရနှင်းဆီ နှင့် မြန်မာ့စစ်အာဏာရှင်”
ယမန်နှစ်က မြန်မာနိုင်ငံ စစ်အစိုးရမှ ရိုက်ကူးပြသခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားနှင့် ပတ်သက်၍ ဂယက် အများအပြား ပေါ်ထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ယနေ့အထိ သမိုင်း အဖြစ်အပျက်များကို ရောယှက်ရိုက်ကူး ခဲ့သည့် ထိုဇာတ်ကားတွင် မှားယွင်းသော အချက်အလက်များ ဖြင့်သာ တင်းကြမ်းပြည့် နေခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုကြီး တစ်ခုလုံးကို သရော်စော်ကား ခဲ့သည့် ဇာတ်ကားတစ်ကား အဖြစ် သမိုင်းမှတ်တမ်းတင် ခဲ့ပြီး ဖြစ်ပါသည်။



ထိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် သူများ ပြည်ပနိုင်ငံများသို့ ဖျော်ဖြေရေး ခရီး ထွက်ခဲ့ ရာတွင် ပြည်ပရှိ မြန်မာ အမျိုးသားများ၊ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ကိုလည်း အများသိပြီး ဖြစ်ပါသည်။ ထိုသို့ ကန့်ကွက်မှုများကြောင့် အမေရိကန် အစိုးရက ဗီဇာပြန်လည် ရုပ်သိမ်းသဖြင့် အမေရိကန် ပြည်ထောင်စုသို့ ဖျော်ဖြေရန် ရောက်ရှိနေသူ အနုပညာရှင်များ အမေရိကန် ပြည်ထောင်စုမှ အဆောတလျင် ပြန်လည် ထွက်ခွာခဲ့ရသည်ကိုလဲ သတင်းများတွင် တွေ့ခဲ့ရပါသည်။