Tuesday, January 25, 2011

ကိုယ်ကျိုးရှာသမားများနဲ့ မအပ်စပ်တဲ့အလုပ်


လတ်တလော ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၇၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီ ၁၇၀ လောက်ထဲက စတုတ္ထမဏ္ဍိုင်ထဲ အကျုံးဝင်တဲ့ သတင်းဂျာနယ်ပေါင်း ၆၀ လောက်ရှိတယ်။

အခါမလပ်စောင့်ကြည့်
သတင်းဂျာနယ် ၆၀ လောက်ပဲ စတုတ္ထမဏ္ဍိုင်ထဲမှာ အကျုံးဝင်တယ်လို့ ဆိုခဲ့လေတော့ ကျန်တာတွေကို စတုတ္ထမဏ္ဍိုင်ထဲ ထည့်သွင်းမထားဘူးလားလို့ မေးစရာရှိတယ်။ ဘယ်နိုင်ငံမှာမဆို သတင်းစာနဲ့ သတင်းဂျာနယ်၊ မဂ္ဂဇင်းများကိုပဲ စတုတ္ထမဏ္ဍိုင်ထဲပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့လုပ်ရပ်တွေကို နေ့စဉ်အခါမလပ်စောင့်ကြပ်ကြည့်ရှုပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့ ပြည်သူလူထုကြီး ကို အစီရင်ခံတင်ပြတဲ့ တာဝန်ကိုထမ်းဆောင်နေရတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့်သတင်းစာနဲ့သတင်းမီဒီယာတွေကို ‘watch dog’ အိမ်စောင့်ခွေးလို့ ခေါ်ခဲ့ကြတာဖြစ်တယ်။

Saturday, January 15, 2011

ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း (၃)

( မောင်မောင်ဝမ်း )
"Freedom is not free."
"လွတ်မြောက်မှု့ဆိုတာ အလကား မရဘူး။”
 
လူငယ်တွေ ခဏခဏ မေးတတ်တဲ့ မေးခွန်းတွေက ခေါင်းထဲကို အစီအရီ ၀င်လာတယ်။နိုင်ငံရေးဆိုတာ ဘာလဲ။၊ဒီမိုကရေစီဆိုတာ ဘာလဲ။ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှု့တွေက ဘာလို့ပေါ်ပေါက်လာရတာလဲ။အနာဂတ်မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေက ဘာတွေများလဲ။….စတဲ့..စတဲ့ မေးခွန်းတွေ………….။

“အကို..နိုင်ငံရေးဆိုတာ ဘာလဲ” စန်းမောင်ရဲ့အနှစ်သာရ ပြည့်ဝလှတဲ့ မေးခွန်းလေးက ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့တယ်။ ဒီမေးခွန်းဟာ..ကျနော် သိပ်ပြောချင်နေတဲ့ အကြောင်းအရာပေါ့……..တော်တော် များများသော လူထုကြီးဟာ နိုင်ငံရေးလို့  ဆိုလိုက်တာနဲ့ သီးခြားလုပ်ငန်းစဉ်တခုလို ယုံကြည်နေကြတာကိုး၊။

Sunday, January 9, 2011

"ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၂ )

( မောင်မောင်ဝမ်း )

“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာ သည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုးကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံးမပြု သင့် ။ ”
ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော် နေလို့ ထိုင်လို့ ကောင်းနေတယ်၊ မပူလွန်း မအေးလွန်း အနေထား၊ ။
အညာမြေမှာ ဒီလိုအနေထားမျိုးကို လူတော်တော်များများ နှစ်ခြိုက်ကြတယ်၊ ။တခါတရံ မိုးနံ့လေးတွေ ပြေးနေတယ်၊နေလည်း မပူ ၊ မိုးကလည်း အအုံ့ကြီး မဟုတ်၊။ တခါတရံ မိုးဖွားလေးများ ရွာချလာတတ်တယ်၊။ ရုတ်တရက် နာရီကို ကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာ လဲလိုက်ပြီး ခပ်သုတ်သုတ်လေး ထွက်လာခဲ့တယ်၊ ။

မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ

(ဂါမဏိ ဘာသာပြန်သည်)
http://www.naytthit.net မှ...

အာဏာရှင်တို့၏ စီးပွားရေးတလွဲတချော်စီမံခန့်ခွဲမှု နှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကိုလျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ နှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်းပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့ နေ လိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများအမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအ ကျယ် ကွဲလွဲနေပါသည်။

နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကားပြောတတ်သည့် မြန်မာလူမျိုးအနည်း ငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့်စာတမ်းများမှာ မည်သို့အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန် တည်းတွင် နိုင်ငံရေးနောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့်ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စု အ တွက် လျှောက်လဲချက်ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီးနေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်း ရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုးအများအပြား မြောင်းထဲရောက်သွားခဲ့သည်။

Saturday, January 1, 2011

" ရောင်နီလာ နံနက်ခင်းဆီသို့”

( မောင်မောင်ဝမ်း )
အပိုင်း ( ၁ )

ကျနော်တို့ လူထုတော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုးမဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ် ခံထားရတာဆိုတော့ နိုင်ငံရေးသဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊ သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။ မသိဘူး၊။ ဒါပေမယ့် မခံချင်စိတ်တော့ ရှိတယ်၊။