Tuesday, June 28, 2011

မဆလခေတ် အစိုးရ အကြောက်ဆုံး လူငယ်တစ်ဦး သို့မဟုတ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး


၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး အမှတ်တရနေ့

မဆလခေတ် အာဏာရှင်အစိုးရ အတုန်လှုပ်ဆုံးလူငယ်တစ်ဦးကိုပြပါဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကိုပြရမည်သာ။ အသက် ၂၅ နှစ်သာရှိသေးသော လူငယ်အား အချိန်တိုတိုအတွင်း လက်ဦးမှုယူကြိုးပေးသတ် ပစ်ခြင်းမှာ သူ၏ သတ္တိ၊ သူ့ထက်မြက်မှု၊ သူ့ဦးဆောင်နိုင်မှုများကို၊ ကြောက်ရွံ့လွန်ခြင်းကြောင့်မှ တပါးအခြားအကြောင်းမရှိ နိုင်။
 
ကိုတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်- ၁၉၇၆ ခုနှစ်အတွင်းဆက်တိုက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတွေ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာရှင် ဦးနေဝင်း အစိုးရကို အရှက်ရသွားစေတဲ့ ကုလသမဂ~အတွင်းရေးမှူးချူပ် ဟောင်း ဦးသန့်ဇာပန အရေးအခင်းကို  အဓိကဦးဆောင် သူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ (၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့) အရေးအခင်းကာလ သူ့ဦးဆောင်မှု၊ သတ္တိရှိမှုကို ကျနော် အမြဲမြင်ယောင်နေမိ ပါတယ်။  အဲဒီနေ့ဟာ မဆလ အစိုးရက ကျောင်းသားများကို သွေးတိုးစမ်းတဲ့နေ့ လည်းဖြစ်တယ်။

Friday, June 24, 2011

စိုင်းထီးဆိုင်

သူ့ကို ပရိသတ်တွေက `ရွှေဥသြ`လို့ ခေါ်ကြတယ်။
 
မန္တလေးရောက် ရှမ်းတစ်ယောက် သီချင်းကနေ နိုင်ငံကျော် အဆိုတော် ဖြစ်သွားတဲ့ စိုင်းထီးဆိုင် ရဲ့ လျှောက်လှမ်းခဲ့တဲ့ သူ့ရဲ့ အနုပညာခြေလှမ်းများကို ပြန်ပြီး ကောက်ကြောင်းဆွဲကာ ဖတ်ကြည့်ရအောင် . . .
စိုင်းထီးဆိုင် (ရှမ်းအနုပညာရှင် ထူးချွန်ဆုရ)
ဆွဲအားကောင်းသူ သုံးဦး
လောကမှာ ပရိသတ်ကို အဆွဲဆောင်နိုင်ဆုံးသူ သုံးဦးကတော့-

Thursday, June 23, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ (အပိုင်း-၅)

ဗလ
ကျနော်တို့ ဖက်ဒရယ်တပ်မတော်နဲ့ တော်လှန်သောပြည်သူ့လွတ်တော်ကို စပီး ကြံဆတုံးက နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မပြီးသေးပါ။ ကြံဖွံ့ အစိုးရ မရှိသေးပါ။ ကျနော်တို့ အနေဖြင့် ရှေ့ မတိုးနိုင်ပဲ အီနေတဲ့ တော်လှန်ရေး ရေချိန်ကို ပြန်လည်နိုးဆွ တွန်းတင်နိုင်ဖို့ ကြံဆနေရချိန်ဖြစ်သည်။ နအဖစစ်တပ်က စစ်သားတွေ တဖျောဖျော ပြေးနေပြီး အောက်ခြေပြိုနေတဲ့ အခြေအနေကို တော်လှန်ရေးအတွက် အကောင်းဆုံးအသုံး ချဖို့ ကြံဆနေချိန်ဖြစ်သည်။ အားလုံးညီကြမှ ဖြစ်မယ်လို့ သဘောပေါက်လာကြ တဲ့ လူတွေ အဖွဲ့တွေ ညီခွင့်ရမဲ့ နည်းလမ်းကို ကြံဆနေကြတဲ့ အချိန်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တလယ်လယ် ပါပဲ။ သိပ်ဖြောင့်ဖြောင့်တန်းတန်း ရှေ့တိုးတာ မဟုတ်ပါဘူး။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် ကိစ္စတော်တော်များက သဘာဝကြစွာပဲ အပြောင်းလဲ ဖြစ်လာပါတယ်။ စစ်ရေး လှုပ်ရှားမှုတွေ ပြင်းထန်များပြားလာတယ်။ စစ်ရေးပူးပေါင်း ဆောင်ရွက် ညီ ညွတ် ကြဖို့အလေးအနက် အပူတပြင်းဖြစ်လာတယ်။ တကယ်ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်တဲ့ နည်းနာနဲ့ ပုံစံ ရှာဖွေတဲ့ နေရာမှာလဲ အများကြီး တိုးတက်မှု ရလာပြီဖြစ်ပါသည်။

Friday, June 10, 2011

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ်

                
အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ် ( ဆရာတော် ဦးဇောတိက )
Your browser may not support display of this image.
 
ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရတက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတရပ်အဖြစ် ရှုမြင်တယ် ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပဲ      (ပြည်သူတွေကမဲပေးလိုက်တာ ကိုး) ဒါကိုဒေါ်စုသဘောပေါက်တယ်၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်    ဖြစ်စေ..အစိုးရတရပ်တော့ဖြစ်လာပြီ ၊ဒေါ်စုဘက်က ရိုးသားတယ် အရှိတရားကို အရှိတရားအဖြစ် မြင်လိုက်တယ်….ဒါဟာစိတ်သတ္တိတမျိုးပါ။

      ဂျွှန်မက်ကိန်းမြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားတယောက်လို သဘောထားပါတယ်တဲ့ ၊ သဘောကတော့ သူလိုကိုယ်လိုပါပဲဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်၊ သူတို့အနေနဲ့ထူးထူးခြားခြား လူထုခေါင်းဆောင်တို့၊ဒီမိုက ရေစီခေါင်းဆောင်တို့ 
သတ်မှတ်ဘို့ အသိမှတ်မပြုပါဘူးပေါ့----ဒါဟာ အရှိတရားကိုမျက်ကွယ်ပြုလိုက်ခြင်းပါ။

Sunday, June 5, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ ( အပိုင်း- ၃ - ၄ )

 
အပိုင်း- ၃

ကျနော်တို့မှာ ရှည်လျှားတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့ကြပါသည်။ များသော အားဖြင့် ကျနော်တို့ရဲ့ နိုင်ငံ ရေးကို အတိတ်ပေါ်မှာ အခြေခံပြီး ပြောကြလုပ်ကြ ပါသည်။ နေ့စဉ် လက်တွေ့ ဘဝ တွေကို ဖြတ်သန်းရင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားကြ ရင်းက အဖြစ် အပျက်အသစ်တွေ ပြဿနာအသစ် တွေလဲ ထပ်၍ ထပ်၍ ရလာနေပါသည်။ ပြေလည်သွားတာ ကတော့ နည်းသေးသည်ဟု ထင်ပါသည်။ ထပ်ဖြစ်ပျက် တွေ့ကြုံ တာတွေ ကြောင့် နာစရာတွေ ပြောစရာတွေကလဲ ထပ်များလာပြန် သည်။ ဒီလို အတိတ်က အနာအဆာ အဖုအထစ်တွေကို ပွေ့ပိုက် ထားကြ ယုံနဲ့တော့ ကျနော်တို့ တိုးတက်အောင်မြင် မလွယ်ပါ။ အနာဂါတ်ကို မျော်မှန်း ကမ်းလင့်တဲ့ လုပ်ဆောင်မှု တွေလဲ လိုပါလိမ့်မည်။ နောက်တခုက ရှည်လျားတဲ့ ဖြစ်စဉ် အတွင်းက ပြောင်းလဲဖြစ်ပေါ်မှုတွေကို အသိအမှတ်ပြု လက်ခံဖို့ပါ။ အနေအ ထား တချို့တွေဟာ လွတ်လပ်ရေးယူကာစ ၁၉၄၈ တုံးကနဲ့ မတူတော့  ပါဘူး၊