RFA မြန်မာပိုင်းမှာ ၁၄ နှစ်ကျော်ဆက်တိုက်သတင်းလုပ်လာတဲ့ ကျနော့ကို၊
ဒီနှစ် အောက်တိုဘာမှာ ဘာမပြောညာမ ပြော ထုတ်ပစ်လိုက်တဲ့အတွက် မိတ်ဆွေတွေ၊
သောတရှင်တွေကဖုန်းနဲ့ရော၊ ချပ်တင်တွေရော၊ FaceBook စာမျက်နှာ
တွေကပါနှစ်သိမ့်အားပေးတာ၊ စာဆက်ရေးနေဘို့ တိုက်တွန်းတာတွေအပြင်၊ ဘာကြောင့်
အလုပ်ထုတ်ခံရတာလဲ? အာအက်အေ က မြန်မာ့ဒီမိုကရေစီအရေး အားပေးတာဘပမို့လား?..
နောက်ထပ်လူတွေထုတ်အုံးမယ်ဆို..? ဘာညာသ တင်း တွေမေးကြတယ်။
အလုပ်ကထုတ်ခံရတဲ့ ဒီလိုကာလမှာ ကျနော် အာအက်ဖ်အေအကြောင်း သိတ်မရေးချင်ဘူး။ ဆန္ဒဇောတွေပါမှာစိုးလို့ပါ။
တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမား အာ ပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီး ရေးလိုက်ပါပြီ။
တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမား အာ ပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီး ရေးလိုက်ပါပြီ။
ဟိုးတုန်းက.. အာအက်ဖ်အေ မြန်မာပိုင်းဋ္ဌာနဟာ
မြန်မာပြည်ဒီမိုကရေစီရေးအတွက်ရော ပြည်သူတွေအတွက်ရော လာ ခြင်းကောင်းခဲ့တယ်။
သတင်းလွတ်လပ်ခွင့်ပျက်သုန်းနေတဲ့ တိုင်းပြည်အတွက် အားကောင်းမောင်းသန်
ဖြစ်ခဲ့တယ်။ သ တင်းမှန်တွေနဲ့ အများပြည်သူ သိသင့်သိထိုက်တဲ့သတင်းတွေကို
စစ်အာဏာရှင်တွေ သံကွန်ခြာအထပ်ထပ်ကာ၊ ပြည် သူတွေကို ပါးစပ်ပိတ်၊ နားပိတ်ပြီး
ဓားမိုးခြိမ်းခြောက်တဲ့ကြားက ဖောက်ထုတ်နှိုက်ယူခဲ့ကြတယ်။ သတင်းထောက်တွေနဲ့ အဖိနှိပ်ခံပြည် သူတွေ၊ ပြည်သူ့ရှေ့ဆောင်နိုင်ငံရေးသမားတွေ၊
စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အားပေးတဲ့
နိုင်ငံအရေး လှုပ်ရှားတက်ကြွသူတွေ အတူလက်တွဲပြီး အချိတ်အဆက်မိမိနဲ့
သတင်းတွေဖော်ထုတ်နိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပသာ မက၊
နိုင်ငံတကာသတင်းလောကမှာပါ အသိအမှတ်ပြုမှု၊ ကိုးကားတင်ပြမှုတွေရခဲ့သလို၊
အာဏာရှင်တွေ ဖိန့် ဖိန့်တုန်အောင်ကြောက်ခဲ့တဲ့ မီဒီယာတခုအဖြစ်
ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာ အားလုံးသိကြတယ်။