Saturday, January 1, 2011

" ရောင်နီလာ နံနက်ခင်းဆီသို့”

( မောင်မောင်ဝမ်း )
အပိုင်း ( ၁ )

ကျနော်တို့ လူထုတော်တော်များများ မျှော်လင့်နေကြတာ ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်လိုက်ပြီဆိုရင်ကို နေ့ချင်းညချင်း တိုင်းပြည်ဟာ ၀ုန်းကနဲ ဖွံ့ဖြိုးတိုးတက် သာယာသွားလိမ့်မယ်လို့ ထင်ကြတာကိုး၊။

ဒီလို ထင်မြင်ယူဆချက်များကိုလည်း အဆိုးမဆိုသာပါဘူး၊ကျနော်တို့နိုင်ငံမှာက နိုင်ငံရေးနဲ့ပတ်သက်လာရင် သားကြောဖြတ် ခံထားရတာဆိုတော့ နိုင်ငံရေးသဘောတရားအရာမှာ အားနည်းရှာတယ်၊ယနေ့လူငယ်ထုရဲ့ရိုက်ခတ်လာတဲ့ အသံတွေကို နားစွင့်ကြည့်မယ်ဆို သိသာတယ်၊ သူတို့က ရိုးရိုးသားသားပဲ ၊ နိုင်ငံရေး နားမလည်ဘူး၊။ မသိဘူး၊။ ဒါပေမယ့် မခံချင်စိတ်တော့ ရှိတယ်၊။

Monday, December 27, 2010

ပြည်တွင်းစစ် အကြီးစားကြီး မီးဟုန်းဟုန်း တောက်အောင် ၀ိုင်းပြီး လုပ်ဆောင်ကြပါစို့။

ရဲရင့်ငယ် (ကနေဒါ)

ဒေါက်တာလွဏ်းဆွေ ဘလော့(ဂ်)ပေါ်က ရန်မင်းအောင်ရဲ့ ‘လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရှော့ခ် ရိုက်ဖို့် လိုနေတယ်’ ဆောင်းပါးကို ဖတ်ပြီးတော့ ပြည်တွင်းစစ်နဲ့မှပဲ နအဖက တွေ့ဆုံဆွေးနွေးရေး စားပွဲကိုရောက်လာမှာ ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပြီး ဒီဆောင်းပါးကို ရေးပါတယ်။

ပြည်တွင်းစစ်ဖြစ်ဘို့က စစ်တပ်ကွဲပြီး အချင်းချင်း ချအောင် အရင်လုပ်ပေးရမယ်။ အချင်းချင်း နဲနဲပါးပါးချလာကြရင်၊ ၀တွေ ကရင်တွေလို အားရှိ တဲ့တပ်တွေကလည်း ၀င်တိုက်ကြရမယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ကိုကြီးလာအောင် ချဲ့ပေးကြရပါမယ်။