Monday, February 14, 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ်အရေးမို့ပါ အပိုင်း (၁)

ရဲဘော်ကျော်သန်း

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

Saturday, February 5, 2011

 "ရောင်နီလာ နံနက်ခင်းဆီသို့ " ( အပိုင်း ၅ )


( မောင်မောင်ဝမ်း )

"နွေမှာ ငုနဲ့ပိတောက်လှိုင်မည်။
မေမှာ စုနဲ့ခမောက်နိုင်ပြီ ။”

။။။။။။။
ဒီမိုကရေစီဆိုတာကို လက်ခံရင် ရွေးကောက်ပွဲကို လက်ခံရတယ် ၊။ ဒီနေရာမှာ ရွေးကောက်ပွဲဆိုတာကို သေသေချာချာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုပါလိမ့်မယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲလည်း ဖြစ်ဖို့လိုတယ် ။ ဒါပေမယ့် ရွေးကောက်ပွဲတိုင်းကတော့ ဒီမိုကရေစီကို ဖြစ်ထွန်းပါမယ်လို့ အာမ မခံနိုင်ပါဘူး ၊။ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာရှင်စနစ် ထွန်းကားနေသေးတဲ့ နိုင်ငံတွေရှိနေပါတယ်။
။။။။။။။

ဒီနေ့ ကျနော်တို့တတွေ ဆုံနေကြ အမှတ်တရ လဘက်ရည်ဆိုင်လေးမှာပဲပြန်ဆုံဖြစ်ကြတယ်။ပူပြင်းလှတဲ့ အညာနေရဲ့အောက်ကဖြတ်ပြီးရောက်လာတဲ့ လူငယ်တွေအတွက် သူတို့ရဲ့စိတ်ဓါတ်ခံယူချက်၊ယုံကြည်ချက်တွေကိုလေးစားမိပါတယ်။ အားလုံးမရှက်နိုင်တော့ဘူး အကျီချွှတ်သူကချွှတ်၊ပုဆိုးကို ဒူးအထိတင်ပြီး ထားသူကထား ချွှေးတွေတရွဲရွှဲ ၊ ၈၈ လူထုအရေးတော်ပုံတုန်းက ကျောင်းသားခေါင်းဆောင်တဦးပြောသွားတာကို သတိရမိတယ်…..“ နေပူတာ နေ၀င်းပူတာလောက်မဆိုးသေးပါဘူးတဲ့ ” အဲဒီလိုပြောရမလိုဖြစ်နေပြီ အခုလည်း အညာနေပူတာဟာ..စစ်အာဏာရှင် နအဖ ပူတာလောက်မဆိုးလို့ အားလုံးစုံနေကြရတာမဟုတ်လား၊