* မကြာသေးမီက ဖွဲ့စည်းခဲ့တဲ့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံ စာနယ်ဇင်း အစည်းအရုံး၊ leven Media Group နဲ့
ဝါရင့်သတင်းစာဆရာ တချို့က ထင်မြင်ချက်၊ ဝေဖန်ချက် ပေးထားတာတွေ ရှိနေပါတယ်။
ဝန်ကြီးအနေနဲ့ ဝေဖန်ထင်မြင် ချက် တွေကို ဘယ်လိုပြန်လည်ပြောကြား ချင်ပါသလဲ။
အမြုတေ စာနယ်ဇင်း ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို သိချင်ပါတယ်။
ကျွန်တော့အနေနဲ့ ၀န်ကြီး စဖြစ်တယ် ဆိုတာနဲ့ ကျွန်တော့ခေါင်းထဲမှာ ရောက်
လာတဲ့ ဦးစားပေးလုပ်ငန်းကတော့ ဒီစာနယ်ဇင်း ကောင်စီပေါ့လေ၊
အများယုံကြည်လက်ခံနိုင်တဲ့ စာနယ်ဇင်း ကောင်စီတစ်ရပ် ဖြစ်မြောက်လာရ အောင်၊
ဒီစာနယ်ဇင်းကောင်စီက ကောင်းမွန်စွာ၊ မျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ
အလုပ်လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းထဲမှာ စဉ်းစား မိပါတယ်။