Thursday, October 4, 2012

၂၀၁၅ ဟာ NLD အတွက် စိန်ခေါ်မှုကြီးလို့ ဆိုတဲ့ ဦးတင်ဦး

ပါတီညီလာခံ ကျင်းပရေးအတွက် ပဲခူးတိုင်းခရီးစဉ်တွင် တွေ့ရသော NLD နာယက ဦးတင်ဦး (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
(အင်တာဗျူး)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက တဦးဖြစ်သူ ဦးတင်ဦးကို ဧရာဝတီက စက်တင်ဘာလ အစောပိုင်းတွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၈၈ မျိုးဆက်ကျောင်း၊ ပြည်ပမှ ပြန်လာသူများနှင့် NLD ၏ ဆက်ဆံရေး အနေအထား၊ NLD နှင့် စီးပွားရေးမူဝါဒ၊ လွှတ်တော်တွင်းမှ NLD ၏ အခြေအနေ ၂၀၁၅ အတွက် NLD ၏ ပြင်ဆင်ချက်၊ မျှော်လင့်ချက်များကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်၊ ဧရာဝတီ သတင်းထောက် ကျော်ခတို့က ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။

မေး ။     ။ ပြည်ပက ပြန်လာတဲ့သူတွေ ရှိတယ်။ မကြာခင်ကပဲ ကိုသောင်းထွန်းတို့၊ ကိုမိုးသီးဇွန်တို့ တွေ့ကြတယ်။ နောက် ၈၈ မျိုးဆက်အုပ်စုရှိတယ်။ သူတို့တွေဆိုရင် လွန်ခဲ့တဲ့ NLD စဖွဲ့ကတည်းက အဖွဲ့ဝင်တွေ မဟုတ်သော်လည်းပဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသုက္ခတွေ ရောက်ခဲ့တဲ့ကာလတွေမှာ စိန်ခေါ်မှုကာလတွေမှာ NLD ကို အမြဲတမ်း ၀န်းရံကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြ ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အခုလိုပွင့်လာတဲ့ NLD ဘယ်လိုလဲလို့ ဝေဖန်ကြတာတွေ ရှိတယ်။ အခုကာလမှာ သူတို့တွေရဲ့ အားကို ဘယ်လို ယုံကြည်ပြီး သုံးမှာလဲ။

Wednesday, October 3, 2012

ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ်

ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို

 ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ က ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲနိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။
ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။
ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာသမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးခဲ့ပါတယ် ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကိုကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။