Monday, December 27, 2010

ပြည်တွင်းစစ် အကြီးစားကြီး မီးဟုန်းဟုန်း တောက်အောင် ၀ိုင်းပြီး လုပ်ဆောင်ကြပါစို့။

ရဲရင့်ငယ် (ကနေဒါ)

ဒေါက်တာလွဏ်းဆွေ ဘလော့(ဂ်)ပေါ်က ရန်မင်းအောင်ရဲ့ ‘လက်ရှိမြန်မာ့နိုင်ငံရေးမှာ ရှော့ခ် ရိုက်ဖို့် လိုနေတယ်’ ဆောင်းပါးကို ဖတ်ပြီးတော့ ပြည်တွင်းစစ်နဲ့မှပဲ နအဖက တွေ့ဆုံဆွေးနွေးရေး စားပွဲကိုရောက်လာမှာ ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပြီး ဒီဆောင်းပါးကို ရေးပါတယ်။

ပြည်တွင်းစစ်ဖြစ်ဘို့က စစ်တပ်ကွဲပြီး အချင်းချင်း ချအောင် အရင်လုပ်ပေးရမယ်။ အချင်းချင်း နဲနဲပါးပါးချလာကြရင်၊ ၀တွေ ကရင်တွေလို အားရှိ တဲ့တပ်တွေကလည်း ၀င်တိုက်ကြရမယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ကိုကြီးလာအောင် ချဲ့ပေးကြရပါမယ်။ 

Saturday, December 18, 2010

သကြားကိုခါးတယ်သတ်မှတ်လိုက်ယုံနဲ့ အချိုဓါတ်ပျောက်မသွားပါ


( မောင်မောင်ဝမ်း )

အခု ကျနော်ရေးတင်လိုက်တဲ့ဆောင်းပါးက ပုံမှန်ရေးနေကြဆောင်းပါးမဟုတ်ဘူး။ စိတ်ထဲမှာ ကသိကအောင့်ဖြစ်တာလေးတခုရှိနေလို့ ကြားဖြတ်ရေးလိုက်တာ။ စာရေးသူတစ်ယောက်ဆိုတာ ကိုယ်စာတပိုဒ်ကိုရေးပြီဆိုရင် တာဝန်ယူတာဝန်ခံရဲရမယ်။ အကြောင်းအရာတခုကို ရေးပြီဆိုရင်လည်း သေသေချာချာဂဃနန လေ့လာပြီးမှရေးသင့်တယ်။ တခါတလေမှာအစွဲတွေနဲ့ရေးတယ်။ သူပြောတာတွေဟာ လက်တွေ့ဘ၀နဲ့လွဲချော်နေတယ်။ မမှန်ဘူး၊ ဒါပေမဲ့ စာရေးသူဟာ ထင်ရှာတယ်၊ သြဇာရှိတယ်ဆိုရင် အဲသလိုလူရဲ့စာကို လူငယ်တွေကဖတ်ပြီး အမှတ်မှားလိုက်ရင် ဘယ်လိုလုပ်မလဲ။