Tuesday, February 28, 2012

ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)

ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။


ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။ လက်တွေ့လည်း ပါရပါမည်။


လေ့လာပုံမှာ ...


(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)

(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)
(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)
(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)
(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)
(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။

Tuesday, February 14, 2012

မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း

ဘာတေးလ် လစ်တနာ

မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာ အစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေပါတယ်။

အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂအတွင်းက ရန်သူဟောင်းတွေကလည်း အခုအခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေ ကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက် လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက် ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ ရာ ခြေလှမ်း တပြင်ပြင် ဖြစ်နေပြီ။
 
သမ္မတသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာတခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ပြောင်းပါသလဲ။ အဲဒီ အပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။