( မောင်မောင်ဝမ်း )
ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ ကိုပြန်ပြောင်းလို့သတိရမိတယ်၊
၁၉၉၀ရွှေးကောက်ပွဲအကြိုစည်းရုံးေ ရးကာလမှာကျနော်တို့မြို့ကိုစည်း ရုံးရေးဆောင်ရွက်ဘို့အနုပညာရှင် တွေ ရောက်ရှိလာကြတယ်၊ ကဗျာဆရာကြီး ဦးတင်မိုး ၊ ဖေမြင့် ၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင် ၊ စန္ဒယား တင်ဝင်းလှိုင် တို့---------ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့အောက်ဘက် မြက်ခင်းပြင်မှာ ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့ ၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့ရှိနြေ ကတယ်….ဆရာကြီးနဲ့ဝိုင်းဖွဲ့ဆွေး နွေးရင်း..ဆရာကြီးရဲ့သြ၀ါဒတွေကိုခံယူတယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ……………
စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲဝိုင်းဖွဲ့ခဲ့ ကြတယ် ဆရာကြီးက ထိပ်ဆုံးမှာ..
“တကယ်တော့…နိုင်ငံရေးအလုပ်ဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ…တနည်းအာြး ဖင့်မြင့်မြတ်သူတို့ရဲ့အလုပ်..ေ တ်ာရုံစိတ်ထားနဲ့လုပ်နိုင်ဘို့ ခက်တယ်….ဒါပေမဲ့ကျုပ်ကနိုင်ငံေ ရးသမားတော့မဟုတ်ဘူး…နိုင်ငံရေး သမားလို့ခံယူရ လောက်အောင်စွန့်လွတ်အနစ်နာခံစိ တ်အဲသလောက်မကြီးမားဘူး…မြင့်ြ မတ်တဲ့စိတ်အဲသလောက်မရှိသေးဘူး…ေ ပမှီဒေါက်မှီ နိုင်ငံရေးသမားတယောက်ဖြစ်ဘို့ တော်တော်လိုတာဗျ…ဥပမာ…ဗိုလ်ချု ပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့… .ကျုပ်က အများကြီးလိုသေးတယ်…..”