Saturday, August 20, 2011

မင်းအောင်လှိုင် တပ်မတော်ကာချုပ်ဘာလို့ဖြစ်လာတာလဲ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

ဒီအကြောင်း ပြောပြရရင်တော့ စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မောင်အေးတပည့် လို့သိရပါတယ် မင်းအောင်လှိုင်က သူ့ရှေ့က ဆီနေယာတွေကို ကျော်ဖြတ်ပြီးဘာလို့ တပ်မတော်ကာချုပ်ဖြစ်လာ တာလဲ ဆိုတာ အင်မတန်မှ လူတွေ သိချင်ကြမဲ့အကြောင်း ဖြစ်လိမ့်မယ်လို့ထင်မိပါတယ် ဇာတ်လမ်းက ဒီလိုပါ ဗိုလ်ချုပ်မောင်အေး ထီးကို ဆင်ဆာဖြတ်ရာကစတာလို့ပဲပြောရတော့မှာပါ အဲဒီကနေ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးတို့ တရားဝင် လူသိရှင်ကြား ဂိုဏ်းကွဲသွားကြပါတယ် ဗိုလ်သန်းရွှေကလဲ ဗိုလ်မောင်အေး ဟာကွက်ကို စောင့်နေသလို ဗိုလ်မောင်အေးကလဲ ဗိုလ်သန်းရွှေ ဟာကွက်ကို စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဗိုလ်သန်းရွှေ မြှောက်စားလို့ ဧရာဝတီတိုင်းကနေ ညာလက်ရုံးဖြစ်လာတဲ့ ဗိုလ်ရွှေမန်းဟာ သူ့သားရဲ့red link company ကွန်ပြူတာလိုင်းများကြောင့် ဗိုလ်မောင်အေးက ဖမ်းပြီး စစ်ဆေးခဲ့ပါတယ် နိုင်ငံတော်လျှို့ဝှက်ချက်များနဲ့ ဗိုလ်မောင်အေးကို ဖြုတ်ချရေး စီမံကိန်းများ ဗိုလ်သန်းရွှေကိုပါ ဖြုတ်ချရေးစီမံကိန်းများ ဘူးပေါ်သလို ပေါ်သွားခဲ့ တဲ့နောက် ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်တော့မယ် ဆိုပြီး သတင်းထွက်လာခဲ့ပါတော့တယ် ဗိုလ်ရွှေမန်း ကို ဖြုတ်ထုတ်သတ်လုပ်ရင် ဗိုလ်သန်းရွှေလဲ ဖြုတ်ထုတ်သတ်လုပ်ခံရမှာဖြစ်တဲ့အတွက် ဗိုလ်သန်းရွှေက ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်မဲ့ အစီအစဉ်ကို သဘောမတူခဲ့ပါဘူး ဗိုလ်မောင်အေးကလဲ ဖြုတ်ထုတ်သတ် လုပ်ဖို့တာဆူနေပါပြီ




နောက်ဆုံးမှာတော့ ဗိုလ်ရွှေမန်းကို ချက်ချင်း ဖြုတ်ထုတ်သတ် လုပ်လိုက်ရင် တပ်မတော်အတွင်းမတည်ငြိမ်မှု များ ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်များကြောင့် ဗိုလ်ရွှေမန်းကို ခဏဟန်ပြ ယူနီဖောင်းပြန်ဝတ်ပေးခဲ့ပါတယ် ဒါပေမဲ့ ဗိုလ်ရွှေမန်းကတော့ အရှင်ထွက်စာရင်းထဲ ဝင်သွားခဲ့ပါတယ် ဗိုလ်သန်းရွှေဟာ သူ အယုံကြည်ရဆုံး ညာလက်ရုံး ဗိုလ်ရွှေမန်း ဖောင်းလုပ်ခဲ့တာကို ဗိုလ်မောင်အေးက လက်ပူးလက်ကြပ်မိသွားခဲ့တဲ့အတွက် ဗိုလ်သန်းရွှေဟာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေးက ဖြုတ်မဲ့အစီအစဉ်ကို လေသံမဟတော့ပါဘူး ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေး အပေးအယူလုပ်ခဲ့ပါတယ် အဲဒါကတော့ တပ်မတော်ကာချုပ်ရာထူးနေရာကို ဗိုလ်မောင်အေး ဒါမှမဟုတ် ဗိုလ်မောင်အေးတပည့်ကိုပဲ ပေးဖို့ဖြစ်ပါတယ် ဗိုလ်သန်းရွှေက သဘောတူခဲ့ပြီး ဗိုလ်ရွှေမန်းကို ချက်ချင်းရာထူးမှမထွက်ခိုင်းခဲ့ဘဲ ဟန်မပျက်ဆက်နေခိုင်းခဲ့ပါတယ် ဒါမှသာ ဗိုလ်သန်းရွှေက တပ်ချုပ်ရာထူးကိုစွန့်ပြီးချိန်မှာ အေးအေးဆေးဆေးနေနိုင်မဲ့နည်းလမ်းရှာဖွေဖို့သူ့အတွက် ပြင်ဆင်ချိန်ရမှာ ဖြစ်ပါတယ် ဒါပေမဲ့ ဗိုလ်ရွှေမန်းက ရာထူးတော့ လျှောသွားခဲ့ပါပြီ ဘယ်လက်ရုံး သူရမြင့်အောင် ပဲ ကျန်ပါတော့တယ် စစချင်း ဗိုလ်သန်းရွှေက ဗိုလ်မောင်အေးကို ဖြုတ်ချပြီး ဗိုလ်ရွှေမန်း ဒါမှမဟုတ် ဗိုလ်သူရမြင့်အောင်ကို တပ်ချုပ် လုပ်ခိုင်းဖို့စီစဉ်ထားပြီးသားလို့သိရပါတယ် ဒါပေမဲ့ ဗိုလ်မောင်အေးက ကြိုတင် လက်ဦးမှု၇ရှိသွားတဲ့အတွက် ဗိုလ်မောင်အေးကို ဖြုတ်ချရေးကိစ္စ အဆင်မပြေတော့ဘဲ သူ့အတွက် အောင်မြင်စွာ ဆုတ်ခွာနိုင်မဲ့နည်းလမ်းကိုသာ ရှာဖွေခဲ့၇ပါတော့တယ် ထိုကိစ္စကို သူရမြင့်အောင်က မသိရှိဘဲ သူက စစ်ရေးချုပ် ဖြစ်တဲ့အတွက် နောင်အခါ တပ်ချုပ်ဖြစ်မဲ့သူလို့တရားသေယူဆထားခဲ့ပါတယ်။


သူရမြင့်အောင်နဲ့ရွှေမန်းနဲ့လဲ မတည့်ကြပါဘူး အာရုဏ်ဦးမှာ ဖူးတဲ့ကြာ ဇာတ်သိမ်းခန်းမှာ နာဂစ် ဒေသ သွားတဲ့အခါ ဗိုလ်ရွှေမန်းနဲ့သူရမြင့်အောင်တို့ထိုင်ကြည့်နေတဲ့အခန်း ပါပါတယ် သူရမြင့်အောင်က နောက်တန်းခုံမှာ ထိုင်နေပြီး ဗိုလ်ရွှေမန်းက တစ်ယောက်တည်း ရှေ့ခုံကြီးမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ပုံပါပါတယ် အဲဒီအခန်းမှာ သူရမြင့်အောင်က ဗိုလ်ရွှေမန်းကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာကို သက်သေအဖြစ် တွေ့မြင်နိုင်ကြပါတယ် တပ်ချုပ် ရာထူးကိုတော့ ဗိုလ်မောင်အေး ဒါမှမဟုတ် ဗိုလ်မောင်အေး တပည့် ကတော့ ၇ဖို့သေချာသွားပြီ ဒါပေမဲ့ ဗိုလ်မောင်အေး တပ်ချုပ်လုပ်ရင် ဒုသမ္မတ ပဲ ဖြစ်မဲ့အတွက် သမ္မတထက်ရာထူးနိမ့်မဲ့ အတွက် ဗိုလ်မောင်အေးကလဲ သူတပ်ချုပ် ယူမဲ့ အစီအစဉ်ကို ပြောင်းလိုက်ပါတယ် နောက်ကွယ်ကနေ ကြိုးဆွဲဖို့ပဲ စီစဉ်ပါတော့တယ် ဒါကြောင့် သူ့တပည့်တွေထဲက တပ်ချုပ်ရာထူး ဆက်ခံနိုင်မဲ့သူကို ရှာပါတော့တယ် တင်အောင်မြင့်ဦး မြင့်လှိုင် ရဲမြင့်လေး ၃ ယောက်ထဲက တစ်ယောက်ဖြစ်နိုင်မယ်လို့အားလုံးကတွက်ထားကြပါတယ်


တင်အောင်မြင့်ဦးက ကိုင်ဇာဟိန်းနဲ့ ဆွေမျိုးမကင်းတဲ့အတွက် တင်အောင်မြင့်ဦးကို တပ်ချုပ်ရာထူးပေးမဲ့အစီအစဉ်ကို ပယ်လိုက်ပါတယ် တင်အောင်မြင့်ဦးက သူ တပ်ချုပ် မဖြစ်တော့တဲ့အတွက် ငိုခဲ့တယ်လို့သိရပါတယ် ဒါပေမဲ့ သူ့ကို ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး ဒုသမ္မတ အဖြစ် နှစ်သိမ့်ဆုပေးခဲ့တယ်လို့သိရပါတယ် တင်အောင်မြင့်ဦးကလဲ တပ်ချုပ်မဖြစ်တော့တဲ့အတွက် အားမလျော့ဘဲ သူ့တပည့် သာအေးကို တပ်ချုပ် ဖြစ်အောင် ကြိုးစားပါတော့တယ် သာအေး ကစထမှူး ၁ ဖြစ်လာပါတယ် သာအေးကို တပ်ချုပ်ရာထူး ပေးတော့မယ်ဆိုပြီး ကောလဟာလ ထွက်လာပါတယ် မြင့်လှိုင်ကလဲ တပ်ချုပ်ရာထူး မျှော်မှန်းနေတဲ့အတွက် သာအေးကို လုပ်ကြံဖို့စီစဉ်ခဲ့တယ်ဆိုပြီး သတင်းတွေထွက်လာပါတော့တယ် မြင့်လှိုင်နဲ့တင်အောင်မြင့်ဦးတို့ဟာ ရမခ တိုင်းမှာ ရှေ့ဆင့်နောက်ဆင့် တိုင်းမှူးဖြစ်လာတဲ့သူများဖြစ်တဲ့အတွက် မတည့်ကြပါဘူး ဒါကြောင့် တင်အောင်မြင့်ဦးတပည့် သာအေးနဲ့ မြင့်လှိုင်နဲ့လဲ မတည့်ကြတာဖြစ်ပါတယ် အဲဒီလို သာအေးနဲ့မြင့်လှိုင်တို့ကိစ္စတွေအပြင် သာအေးက ဘုတလင် က ပြီးတော့ သူ့မိန်းမအမျိုးတွေနဲ့ကိုင်ဇာဟိန်းအဖေတို့နဲ့လဲ ပတ်သက်မှုတွေရှိနိုင်တယ် သာအေးနဲ့ကိုင်ဇာဟိန်းအဒေါ်နဲ့က ဇာတ်လမ်းတွေရှိခဲ့နိုင်တယ်ဆိုတဲ့ ဗိုလ်မောင်အေးရဲ့သံသယ မျက်လုံးများနဲ့ပဲ သာအေးလဲ တပ်ချုပ် ရာထူးနဲ့လွဲသွားခဲ့ပါတော့တယ် သာအေးလဲ လွဲသွားသလို မြင့်လှိုင်ကိုလဲ ဒီကောင် စိတ်မချရဘူး ဆိုပြီး သာအေး မြင့်လှိုင်တို့ကစထမှူး အုပ်စုတွေကို ယူနီဖောင်းချွတ်ခိုင်းလိုက်ပါတယ် စစချင်း ဗိုလ်ရဲမြင့်လေးက ယူနီဖောင်းချွတ်မဲ့အထဲမပါပါဘူး ဖြစ်ချင်တော့ ဗိုလ်သန်းရွှေတပည့် ဗိုလ်တင်အေးသားနဲ့ ဗိုလ်ရဲမြင့်လေးသားနဲ့ ပေါင်းပြီး စီးပွားရေးလုပ်နေတာကို ဗိုလ်မောင်အေးသိသွားတဲ့အတွက် ဗိုလ်ရဲမြင့်လေး ကို လဲ စအဖ အရာရှိ ဘဝကနေ တပ်ချုပ် ရာထူး တိုးပေးဖို့ စီစဉ်ထားတဲ့ကိစ္စကို ဖျက်လိုက်ပါတော့တယ်။


ဗိုလ်ရဲမြင့်လေးဟာ လပခ တိုင်းမှူးဖြစ်ခဲ့တဲ့အတွက် ကိုင်ဇာဟိန်း နဲ့လဲ သိချင်ရင် သိနိုင်တယ်ဆိုတဲ့အကြောင်းပြချက်များကြောင့်လဲ ဗိုလ်ရဲမြင့် ယူနီဖောင်းချွတ်လိုက်ရပါတော့တယ်။ ဒါနဲ့ပဲ တပ်ချုပ်ရာထူးကို မင်းအောင်လှိုင် က ရရှိသွားခဲ့ပါတော့တယ် မင်းအောင်လှိုင် မွတ်စလင်သွေးပါတဲ့သူလို့ ဗိုလ်မောင်အေးသာ စောစောကတည်းက သိခဲ့ရင် မင်းအောင်လှိုင် တပ်ချုပ်ရာထူးရမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဗိုလ်မောင်အေးရဲ့ဖွတ်ကျားထောက်လှမ်းရေးများကြောင့် မွတ်စလင် မင်းအောင်လှိုင် တပ်ချုပ် ဖြစ်သွားရခြင်းဖြစ်ပါတယ်ခင်မျာ ။

Min Dama
ဒီအကြောင်း ပြောပြရရင်တော့ စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ် မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မောင်အေးတပည့် လို့သိရပါတယ် မင်းအောင်လှိုင်က သူ့ရှေ့က ဆီနေယာတွေကို ကျော်ဖြတ်ပြီးဘာလို့ တပ်မတော်ကာချုပ်ဖြစ်လာတာလဲ ဆိုတာ အင်မတန်မှ လူတွေ သိချင်ကြမဲ့အကြောင်း ဖြစ်လိမ့်မယ်လို့ထင်မိပါတယ် ဇာတ်လမ်းက ဒီလိုပါ ဗိုလ်ချုပ်မောင်အေး ထီးကို ဆင်ဆာဖြတ်ရာကစတာလို့ပဲပြောရတော့မှာပါ အဲဒီကနေ ဗိုလ်ချုပ်သန်းရွှေနဲ့ဗိုလ်ချုပ်မောင်အေးတို့ တရားဝင် လူသိရှင်ကြား ဂိုဏ်းကွဲသွားကြပါတယ် ဗိုလ်သန်းရွှေကလဲ ဗိုလ်မောင်အေး ဟာကွက်ကို စောင့်နေသလို ဗိုလ်မောင်အေးကလဲ ဗိုလ်သန်းရွှေ ဟာကွက်ကို စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဗိုလ်သန်းရွှေ မြှောက်စားလို့ ဧရာဝတီတိုင်းကနေ ညာလက်ရုံးဖြစ်လာတဲ့ ဗိုလ်ရွှေမန်းဟာ သူ့သားရဲ့red link company ကွန်ပြူတာလိုင်းများကြောင့် ဗိုလ်မောင်အေးက ဖမ်းပြီး စစ်ဆေးခဲ့ပါတယ် နိုင်ငံတော်လျှို့ဝှက်ချက်များနဲ့ဗိုလ်မောင်အေးကို ဖြုတ်ချရေး စီမံကိန်းများ ဗိုလ်သန်းရွှေကိုပါ ဖြုတ်ချရေးစီမံကိန်းများ ဘူးပေါ်သလို ပေါ်သွားခဲ့တဲ့နောက် ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်တော့မယ် ဆိုပြီး သတင်းထွက်လာခဲ့ပါတော့တယ် ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်ရင် ဗိုလ်သန်းရွှေလဲ ဖြုတ်ထုတ်သတ်လုပ်ခံရမှာဖြစ်တဲ့အတွက် ဗိုလ်သန်းရွှေက ဗိုလ်ရွှေမန်းကို ဖြုတ်ထုတ်သတ်လုပ်မဲ့ အစီအစဉ်ကို သဘောမတူခဲ့ပါဘူး ဗိုလ်မောင်အေးကလဲ ဖြုတ်ထုတ်သတ်လုပ်ဖို့တာဆူနေပါပြီ

နောက်ဆုံးမှာတော့ ဗိုလ်ရွှေမန်းကို ချက်ချင်း ဖြုတ်ထုတ်သတ် လုပ်လိုက်ရင် တပ်မတော်အတွင်းမတည်ငြိမ်မှုများ ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်များကြောင့် ဗိုလ်ရွှေမန်းကို ခဏဟန်ပြ ယူနီဖောင်းပြန်ဝတ်ပေးခဲ့ပါတယ် ဒါပေမဲ့ ဗိုလ်ရွှေမန်းကတော့ အရှင်ထွက်စာရင်းထဲ ဝင်သွားခဲ့ပါတယ် ဗိုလ်သန်းရွှေဟာ သူ အယုံကြည်ရဆုံး ညာလက်ရုံး ဗိုလ်ရွှေမန်း ဖောင်းလုပ်ခဲ့တာကို ဗိုလ်မောင်အေးက လက်ပူးလက်ကြပ်မိသွားခဲ့တဲ့အတွက် ဗိုလ်သန်းရွှေဟာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေးက ဖြုတ်မဲ့အစီအစဉ်ကို လေသံမဟတော့ပါဘူး ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ဗိုလ်မောင်အေး အပေးအယူလုပ်ခဲ့ပါတယ် အဲဒါကတော့ တပ်မတော်ကာချုပ်ရာထူးနေရာကို ဗိုလ်မောင်အေး ဒါမှမဟုတ် ဗိုလ်မောင်အေးတပည့်ကိုပဲ ပေးဖို့ဖြစ်ပါတယ် ဗိုလ်သန်းရွှေက သဘောတူခဲ့ပြီး ဗိုလ်ရွှေမန်းကို ချက်ချင်းရာထူးမှမထွက်ခိုင်းခဲ့ဘဲ ဟန်မပျက်ဆက်နေခိုင်းခဲ့ပါတယ် ဒါမှသာ ဗိုလ်သန်းရွှေက တပ်ချုပ်ရာထူးကိုစွန့်ပြီးချိန်မှာ အေးအေးဆေးဆေးနေနိုင်မဲ့နည်းလမ်းရှာဖွေဖို့သူ့အတွက် ပြင်ဆင်ချိန်ရမှာ ဖြစ်ပါတယ် ဒါပေမဲ့ ဗိုလ်ရွှေမန်းက ရာထူးတော့ လျှောသွားခဲ့ပါပြီ ဘယ်လက်ရုံး သူရမြင့်အောင် ပဲ ကျန်ပါတော့တယ် စစချင်း ဗိုလ်သန်းရွှေက ဗိုလ်မောင်အေးကို ဖြုတ်ချပြီး ဗိုလ်ရွှေမန်း ဒါမှမဟုတ် ဗိုလ်သူရမြင့်အောင်ကို တပ်ချုပ် လုပ်ခိုင်းဖို့စီစဉ်ထားပြီးသားလို့သိရပါတယ် ဒါပေမဲ့ ဗိုလ်မောင်အေးက ကြိုတင် လက်ဦးမှု၇ရှိသွားတဲ့အတွက် ဗိုလ်မောင်အေးကို ဖြုတ်ချရေးကိစ္စ အဆင်မပြေတော့ဘဲ သူ့အတွက် အောင်မြင်စွာ ဆုတ်ခွာနိုင်မဲ့နည်းလမ်းကိုသာ ရှာဖွေခဲ့၇ပါတော့တယ် ထိုကိစ္စကို သူရမြင့်အောင်က မသိရှိဘဲ သူက စစ်ရေးချုပ် ဖြစ်တဲ့အတွက် နောင်အခါ တပ်ချုပ်ဖြစ်မဲ့သူလို့တရားသေယူဆထားခဲ့ပါတယ်။


သူရမြင့်အောင်နဲ့ရွှေမန်းနဲ့လဲ မတည့်ကြပါဘူး အာရုဏ်ဦးမှာ ဖူးတဲ့ကြာ ဇာတ်သိမ်းခန်းမှာ နာဂစ် ဒေသ သွားတဲ့အခါ ဗိုလ်ရွှေမန်းနဲ့သူရမြင့်အောင်တို့ထိုင်ကြည့်နေတဲ့အခန်း ပါပါတယ် သူရမြင့်အောင်က နောက်တန်းခုံမှာ ထိုင်နေပြီး ဗိုလ်ရွှေမန်းက တစ်ယောက်တည်း ရှေ့ခုံကြီးမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ပုံပါပါတယ် အဲဒီအခန်းမှာ သူရမြင့်အောင်က ဗိုလ်ရွှေမန်းကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတာကို သက်သေအဖြစ် တွေ့မြင်နိုင်ကြပါတယ် တပ်ချုပ် ရာထူးကိုတော့ ဗိုလ်မောင်အေး ဒါမှမဟုတ် ဗိုလ်မောင်အေး တပည့် ကတော့ ၇ဖို့သေချာသွားပြီ ဒါပေမဲ့ ဗိုလ်မောင်အေး တပ်ချုပ်လုပ်ရင် ဒုသမ္မတ ပဲ ဖြစ်မဲ့အတွက် သမ္မတထက်ရာထူးနိမ့်မဲ့ အတွက် ဗိုလ်မောင်အေးကလဲ သူတပ်ချုပ် ယူမဲ့ အစီအစဉ်ကို ပြောင်းလိုက်ပါတယ် နောက်ကွယ်ကနေ ကြိုးဆွဲဖို့ပဲ စီစဉ်ပါတော့တယ် ဒါကြောင့် သူ့တပည့်တွေထဲက တပ်ချုပ်ရာထူး ဆက်ခံနိုင်မဲ့သူကို ရှာပါတော့တယ် တင်အောင်မြင့်ဦး မြင့်လှိုင် ရဲမြင့်လေး ၃ ယောက်ထဲက တစ်ယောက်ဖြစ်နိုင်မယ်လို့အားလုံးကတွက်ထားကြပါတယ်


တင်အောင်မြင့်ဦးက ကိုင်ဇာဟိန်းနဲ့ ဆွေမျိုးမကင်းတဲ့အတွက် တင်အောင်မြင့်ဦးကို တပ်ချုပ်ရာထူးပေးမဲ့အစီအစဉ်ကို ပယ်လိုက်ပါတယ် တင်အောင်မြင့်ဦးက သူ တပ်ချုပ် မဖြစ်တော့တဲ့အတွက် ငိုခဲ့တယ်လို့သိရပါတယ် ဒါပေမဲ့ သူ့ကို ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး ဒုသမ္မတ အဖြစ် နှစ်သိမ့်ဆုပေးခဲ့တယ်လို့သိရပါတယ် တင်အောင်မြင့်ဦးကလဲ တပ်ချုပ်မဖြစ်တော့တဲ့အတွက် အားမလျော့ဘဲ သူ့တပည့် သာအေးကို တပ်ချုပ် ဖြစ်အောင် ကြိုးစားပါတော့တယ် သာအေး ကစထမှူး ၁ ဖြစ်လာပါတယ် သာအေးကို တပ်ချုပ်ရာထူး ပေးတော့မယ်ဆိုပြီး ကောလဟာလ ထွက်လာပါတယ် မြင့်လှိုင်ကလဲ တပ်ချုပ်ရာထူး မျှော်မှန်းနေတဲ့အတွက် သာအေးကို လုပ်ကြံဖို့စီစဉ်ခဲ့တယ်ဆိုပြီး သတင်းတွေထွက်လာပါတော့တယ် မြင့်လှိုင်နဲ့တင်အောင်မြင့်ဦးတို့ဟာ ရမခ တိုင်းမှာ ရှေ့ဆင့်နောက်ဆင့် တိုင်းမှူးဖြစ်လာတဲ့သူများဖြစ်တဲ့အတွက် မတည့်ကြပါဘူး ဒါကြောင့် တင်အောင်မြင့်ဦးတပည့် သာအေးနဲ့ မြင့်လှိုင်နဲ့လဲ မတည့်ကြတာဖြစ်ပါတယ် အဲဒီလို သာအေးနဲ့မြင့်လှိုင်တို့ကိစ္စတွေအပြင် သာအေးက ဘုတလင် က ပြီးတော့ သူ့မိန်းမအမျိုးတွေနဲ့ကိုင်ဇာဟိန်းအဖေတို့နဲ့လဲ ပတ်သက်မှုတွေရှိနိုင်တယ် သာအေးနဲ့ကိုင်ဇာဟိန်းအဒေါ်နဲ့က ဇာတ်လမ်းတွေရှိခဲ့နိုင်တယ်ဆိုတဲ့ ဗိုလ်မောင်အေးရဲ့သံသယ မျက်လုံးများနဲ့ပဲ သာအေးလဲ တပ်ချုပ် ရာထူးနဲ့လွဲသွားခဲ့ပါတော့တယ် သာအေးလဲ လွဲသွားသလို မြင့်လှိုင်ကိုလဲ ဒီကောင် စိတ်မချရဘူး ဆိုပြီး သာအေး မြင့်လှိုင်တို့ကစထမှူး အုပ်စုတွေကို ယူနီဖောင်းချွတ်ခိုင်းလိုက်ပါတယ် စစချင်း ဗိုလ်ရဲမြင့်လေးက ယူနီဖောင်းချွတ်မဲ့အထဲမပါပါဘူး ဖြစ်ချင်တော့ ဗိုလ်သန်းရွှေတပည့် ဗိုလ်တင်အေးသားနဲ့ ဗိုလ်ရဲမြင့်လေးသားနဲ့ ပေါင်းပြီး စီးပွားရေးလုပ်နေတာကို ဗိုလ်မောင်အေးသိသွားတဲ့အတွက် ဗိုလ်ရဲမြင့်လေး ကို လဲ စအဖ အရာရှိ ဘဝကနေ တပ်ချုပ် ရာထူး တိုးပေးဖို့ စီစဉ်ထားတဲ့ကိစ္စကို ဖျက်လိုက်ပါတော့တယ်။


ဗိုလ်ရဲမြင့်လေးဟာ လပခ တိုင်းမှူးဖြစ်ခဲ့တဲ့အတွက် ကိုင်ဇာဟိန်း နဲ့လဲ သိချင်ရင် သိနိုင်တယ်ဆိုတဲ့အကြောင်းပြချက်များကြောင့်လဲ ဗိုလ်ရဲမြင့် ယူနီဖောင်းချွတ်လိုက်ရပါတော့တယ်။ ဒါနဲ့ပဲ တပ်ချုပ်ရာထူးကို မင်းအောင်လှိုင် က ရရှိသွားခဲ့ပါတော့တယ် မင်းအောင်လှိုင် မွတ်စလင်သွေးပါတဲ့သူလို့ ဗိုလ်မောင်အေးသာ စောစောကတည်းက သိခဲ့ရင် မင်းအောင်လှိုင် တပ်ချုပ်ရာထူးရမှာ မဟုတ်ပါဘူး ဒါပေမဲ့ ဗိုလ်မောင်အေးရဲ့ဖွတ်ကျားထောက်လှမ်းရေးများကြောင့် မွတ်စလင် မင်းအောင်လှိုင် တပ်ချုပ် ဖြစ်သွားရခြင်းဖြစ်ပါတယ်ခင်မျာ ။

Min Dama

No comments:

Post a Comment