Sunday, July 22, 2012

မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျ သွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?

ဘယ်လိုမြှင့်တင်ကြမလဲ?

နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှ
င့်တင်ဘို့ကြိုးစားရာတွင်ဘာအားနည်းချက်တွေရှိသလဲဆိုတာကို
အရင်လေ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ်ဖို့လိုသည်။
 
ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား
ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာရေးသည်အရေးကြီးသည်။

၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိ
ုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊
ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊
ဆရာမများ၏အရည်အသွေးတိုးမြှင့်ေ
ရးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်နေ ရေး
ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုး
မပေးဘဲရွှေဥာဏ်တော်စူး
ရောက်စွာဖြင့် အကျင့်စာ
ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲ
သင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး
ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင်
သည့်ကျောင်းတွင်အပိုဝင်ငွေရရန်
ဆရာတပိုင်း၊ ဈေးသည်
တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။ ထို့ကြောင့်ဆရာများကကျောင်းသား
များကို
စာသင်ကြားပေး ရေးတွင်စိတ်မဝင်စားတော့ဘဲကျောင်
းတွင်ဈေးရောင်းအိမ်တွင်ကျူရှင်ပြပြီး၊ကျောင်းစာ
သင်ခန်းထဲတွင် စာကိုဟုတ်တိ
ပတ်တိမသင်ကြားချင်သောအဿပြာဆရာမျ
ားအဖြစ်ဖျက်စီးပြောင်း လဲပစ်လိုက်ခြင်း
ကြောင့် ကလေးသူငယ်များကိုအကျင့်စာရိတ္တေ
ကာင်းမွန်ရန်၊
ပြည်သူပြည်သားများကို ကြင်နာသနား ပြီး
ရိုးရိုးကျင့်မြင့်မြင့်ကြံစိတ်
ဓါတ်ဖြင့်အများအကျိုးဆောင်ရွက်လိုစိတ်ရှိလာအောင်သင်
ကြားပေးရ မည့်ဆရာဆရာမများအကျင့်စာရိတ္တပျ
က်စီးလာသောအခါတိုင်းပြည်ပညာရေးနှိမ့်ကျလာ
ခြင်းမှာ အဆန်း မဟုတ်ချေ။
ထို့ကြောင့်အကျင့်စာရိတ္တကောင်းေ
သာဆရာဆရာမများကိုမွေးထုတ်ပေးရ မည်။
အကျင့်စာရိတ္တကောင်းသောဆရာဆရာမမျ
ားဖြစ်လာစေရန်လခလုံလောက်စွာပေးရမည်။

၂။ ဒုတိယလုပ်ရမည့်အချက်မှာပုဂ္ဂလိ
ကကိုယ်ပိုင်ကျောင်းများလွတ်လပ်စွာဖွင့်လှစ်သင်ကြားခွင့်ကိုပေး
ရမည်။ ဗိုလ်နေဝင်းလက်ထက်အလွတ်ပညာသင်ေ
ကျာင်းများအားလုံးကိုပြည်သူပိုင်သိမ်းလိုက်ပြီး
နောက်မြန်မာနိုင်ငံပညာရေးအဆင့်
အတန်းနိမ့်ကျသွားခဲ့ရသည်။
အကြောင်းမှာပုဂ္ဂလိကကျောင်းများ
သည်တော်ပေ့ကျွမ်းပေ့ဆိုသည့်ဆရာ၊
ဆရာမများကိုဈေးကြီးကြီးပေးငှားပြီးသင်ကြားစေသဖြင့်ထို
ကျောင်းများသို့တက်ရောက်နိုင်ေ
သာကျောင်းသားများသည်အစိုးရကျောင်းများထက်အောင်ချက်
ကောင်းပြီးစာတော်ကြသည်။
အစိုးရအနေနှင့်နှစ်စဉ်တိုးလာနေေ
သာကျောင်းသားဦးရေအတွက်လိုအပ်သည့်ကျောင်းများဆောက်
လုပ်ခြင်း၊ တိုးချဲ့ခြင်းတို့ကိုလုပ်နိုင်ေ
သာအင်အားမရှိဘဲနှင့်ပုဂ္ဂလိကကျောင်းများကိုအရင်းရှင်ကျောင်း
များဟုကင်ပွန်းတပ်ပြီးပြည်သူပို
င်သိမ်းလိုက်ခြင်းကြောင့်အစိုးရအားနည်းချက်ကိုပုဂ္ဂလိကကျောင်းများမှဝင်ရောက်ပခုံးထမ်းဖြည့်ဆည်းမှုကိုရိုက်ချလိုက်သလိုဖြစ်စေခဲ့သည်။
ဖြစ်သင့်သည်မှာအစိုးရ
ကျောင်းများတွင်အရည်အချင်းပြည့်
မှီသောဆရာဆရာမများရရှိအောင်ဆရာအတတ်သင်ကောလိပ်
များကိုငွေကုန်ကြေးကျခံရင်းနှီး
မြှုပ်နှံမှုဖြင့်အထူးကြပ်မတ်ပေးပြီးဆရာကောင်းများကိုမွေးထုတ်ပေးရေးသာဖြစ်သည်၊
ပုဂ္ဂလိကကျောင်းများကိုအစိုးရကျေ
ာင်းများထက်သာသဖြင့်လိုက်ပိတ်ပင်နေစရာမလို။
ပုဂ္ဂလိကကျောင်းများသည်အစိုးရလို
အပ်ချက်ကွက်လပ်ကိုဖြည့်ဆည်းပေးသည့်ပညာရေးကဏ္ဍ၏အကူဒေါက်တိုင်များဖြစ်သည်ဟုမှတ်ယူနိုင်ရမည်၊
တတ်နိုင်လျှင်အားပေးရမည်။

၃။ ကာကွယ်ရေးအသုံးစားရိတ်ကိုလျော့
ချ၍
ပညာရေးအသုံးစားရိတ်ကိုတိုးသုံြး
ခင်းဖြင့်ပြည်နယ်များ
တွင်အထူးလိုအပ်နေသောနေရာများ၌မူ
လတန်း၊ အလယ်တန်း၊ အထက်တန်း
ကျောင်းများကိုတည် ဆောက် ပေးရမည်။
မြို့ကြီးပြကြီးများတွင်မြို့
အင်္ဂါနှင့်ညီညွတ်သောတက္ကသိုလ် ၊ ကောလိပ်
များကို တည်ဆောက်ခြင်း၊
တိုးချဲ့ခြင်းတို့ကိုပြုလုပ်ြ
ခင်းဖြင့်မြို့ပြများစည်ကားလာခြင်း၊မြို့ပြတွင်ရှိခြင်းကြောင်
အိမ်မှသော်၎င်း၊ အဆောင်များမှသော်၎င်းကျောင်းတက်ရာ
တွင်ဘတ်စကားများ၊
ကားများရှိခြင်း ကြောင့် ကျောင်းသို့လွယ်ကူစွာသွားနိုင်ြ
ခင်း
တို့ကြောင့်ကျောင်းသား များစိတ်လက်ရွှင်လန်းစွာစာ
သင်ကြားနိုင်သဖြင့်ထူးချွန်သောေ
ကျာင်းသားများဖြစ်လာနိုင်ပေသည်။

၎။ ကျောင်းသင်ရိုးညွှန်းတမ်းများကို

နှုတ်တိုက်ထမင်းခွံ့ပညာရေးမှဆွေ
းနွေးဝေဖန်၍သင်ကြားသော
စံနစ်သို့ပြောင်းနိုင်ရေးသည်အလွ
န်အရေးကြီးသောအချက်တခုဖြစ်သည်။
မြန်မာပြည်ပညာရေးစံနစ်၏
အဓိကပြုပြင်ရမည့်အချက်မှာဆရြာေ
ပာသမျှကိုလိုက်မှတ်ပြီး
အာဂုံဆောင်အလွတ်ကျက်ဖြေဆိုသော အလေ့အထဖြစ်သည်။
အနောက်နိုင်ငံများတွင်ဆရာကစာသင်
သားများအားဖတ်ရှုလေ့လာရမည့်အပိုင်းများ၊
အခန်းများကိုစာ မျက်နှာဖြင့်ဖေါ်ပြပေးပြီးထို
အခန်းများကိုမိမိဖာသာလေ့လာစေသည်
ထို့နောက်ကျောင်းသားများတဦး
ချင်းလေ့လာဖတ်သိသမျှကိုအတန်းတွ
င်းဆွေးနွေးပြီးသူ့အမြင်ကိုယ့်အမြင်ကိုဖလှယ်စေသည်၊
ကျောင်းသားများအမြင်ဖလှယ်မှုမျာ
းထဲမှလိုအပ်သည်တို့ကိုဆရာကဖြည့်စွက်ဆွေးနွေးပေးသည်။
တခါတရံဆရာမမြင်သည်တို့မတွေးမိ
သည်တို့ကိုကျောင်းသားများကသိမြင်ပြီးတင်ပြလာသည့်အခါဆရာဖြစ်သူအတွက်ပါအမြတ်ထွက်သည်လည်းရှိသဖြင့်ထိုသင်ကြားသည့်စံနစ်သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသည်။
အကြောင်းအရာတခုကိုဖက်ပေါင်းစုံ၊
ရှုဒေါင့်ပေါင်းစုံမှကြည့်၍လေ့လာခြင်းသည်အလွတ်ကျက်စရာမလိုဘဲအမှန်တကယ်မှတ်သားနားလည်မှုကိုရသဖြင့်တန်ဖိုးရှိသည်။

၅။ ကျောင်းသားရပိုင်ခွင့်များကိုကာ
ကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား
ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများ
ပေါ်ထွန်းလာရေးသည်အရေးကြီးသည်။
ကျောင်းသားသမဂ္ဂခေါင်း ဆောင်များကိုရွေးချယ်ခြင်း၊
သမဂ္ဂအတွင်းနိုင်ငံရေးအရငြင်းခုံ
ခြင်း၊စကားရည်လုခြင်း တိုင်းပြည်အခြေ
အနေတို့ကိုသုံးသပ်ခွင့်ရလာခြင်း

တို့ကြောင့်နိုင်ငံရေးရည်ကြွယ်
ဝလာပြီးတချိန်ချိန်တွင်ပြည်သူများက ဘယ်သူက
မျိုးချစ်စိတ်ရှိသည်အတွေ့အကြုံ
ရှိသောနိုင်ငံရေးသမားကောင်းဖြစ်သည်ဟုရွေးချယ်နိုင်
သဖြင့်  တိုင်းပြည်အတွက်အကျိုးရှိသည်။ထိ
ု့ပြင်ကျောင်းသားသမဂ္ဂသည်အဆင့်မြင့်ပညာရေးကို
ကျောင်းသားများကကျောင်းအုပ်ချု
ပ်ရေးတွင်ပါဝင်ဆွေးနွေးရွေးချယ်ခွင့်တို့ကိုပြုလုပ်နိုင်သဖြင့်ပညာ
ရေးအရများစွာအကျိုးရှိ သည်။

၆။ အဆင့်မြင့်ပညာရှင်များပေါ်ထွန်းေ
ရးတွင်အရေးကြီးသည့်အချက်ကြီးများထဲမှနောက်ဆုံးအချက်မှာ
စာကြည့်တိုက်များဖြစ်သည်။
အနောက်နိုင်ငံများတွင်စာကြည့်တိ
ုက်များကိုတက္ကသိုလ်များတွင်အထူးငွေကုန်ကြေးကျခံပြီးထားသည်မှာအလွန်အားရစရာကောင်းသည်။ဥာဏ်အမျှော်အမြင်အလွန်ကြီးသည့်လုပ်ရပ်ဖြစ်သည်။
တက္ကသိုလ် စာကြည့်တိုက်များသည်တက္ကသိုလ်ကျေ
ာင်းသားများ၏အဓိကပညာရှာမှီးရာနေရာများဖြစ်သည်။
စာကြည့်တိုက်စံနစ်သည်အလွန်ပွင့်
လင်းပြီးကျောင်းသားအရပ်သားမခွဲခြားဘဲမည်သူမဆိုစာကြည့်
တိုက်တွင်းသို့ဝင်ရောက်လေ့လာနို
င်သည်။
စာကြည့်တိုက်များ၏ပေါ်လစီသည်အထူး
အတုယူစရာကောင်းသည်။

၁။ ကျောင်းသားများအနေနှင့်ကျောင်း
သားကဒ်ပြားများဖြင့်စာကြည့်တိုက်မှစာအုပ်စာတမ်းများကိုလ
နှင့် ချီ၍ငှားနိုင်ခွင့်ရှိခြင်း။

၂။ မည်သည့်စာကြည့်တိုက်မဆိုစာကြည့်
တိုက်တွင်းရှိစာအုပ်စင်များတွင်းသို့အရပ်သားကျောင်းသား
မရွေးဝင်ရောက်ပြီးမိမိဖတ်လိုသော
စာအုပ်စာတန်းများကိုရှာဖွေရယြူ
ပီးစာကြည့်တိုက်တွင်းရှိ စားပွဲ
ကုလားထိုင်များတွင်ထိုင်၍ဖတ်ရှု
နိုင်ခြင်း။
အပြင်လူများအနေနှင့်စာကြည့်တို
က်တွင်းရှိစာအုပ်ကိုငှား ရမ်း
လိုသော်စာကြည့်တိုက်မှူးများထံ
တွင်မှတ်ပုံတင်၍သတ်မှတ်ငွေပေးပြီးငှားနိုင်သည်။

၃။ မိမိစာကြည့်တိုက်တွင်မရှိသည့်စာ
အုပ်စာတမ်းများကိုလိုချင်ပါကစာကြည့်တိုက်မှူးထံအကြောင်း
ကြား၍ဝယ်ခိုင်းနိုင်ခွင့်ရှိသည်
။ အကယ်၍မစောင့်နိုင်ပါက (Inter Library
Loan) စာကြည့်တိုက် အချင်းချင်းငှားရမ်းခြင်းသဘောတူ
ညီချက်အရစာအုပ်ရှိ
သောစာကြည့်တိုက်ကိုအကြောင်းကြား ပြီး လှမ်း၍မှာယူငှားရမ်းနိုင်သည်။

၎။ စာကြည့်တိုက်တွင်းတွင်လိုအပ်သော
စာရွက်စာတမ်းများကိုမိမိဖါသာအကြွေထည့်၍ကူးယူ
နိုင် သောမိတ္တူကူးစက်များစာအုပ်စင်ဒေါ
င့်များတွင်ထားရှိပေးထားပြီးမည်သည့်စာကိုမဆို
မိမိကူးယူလို သောစာများကိုစိတ်ကြိုက်ကူးယူနိ
င်ခွင့်ရှိသည်။

၅။ စာကြည့်တိုက်တွင်းရှိကွန်ပြူတာ
ခန်းများတွင်ကျောင်းသားများအချိန်မရွေးဝင်ရောက်ပြီးအင်တာ
နက်ကိုအသုံးပြုနိုင်သဖြင့်ကမ္ဘာ
အရပ်ရပ်တွင်ရှိမည်သူနှင့်မဆိုဆက်သွယ်နိုင်သလို၊လေ့လာလိုသော
ဘာသာရပ်များကိုလည်းတားဆီးပိတ်
ပင်ခံရမှုမရှိဘဲလေ့လာနိုင်ခွင့်ရှိသည်။

၆။ အရေးကြီးဆုံးအချက်မှာစာကြည့်တို
က်မှူးများ၏အခန်းကဏ္ဍဖြစ်သည်။
မှီငြမ်းစားပွဲ (Reference Desk) ရှိစာကြည့်တိုက်မှူးများ၏
တာဝန်မှာကျောင်းသားများ၏လိုအပ်
ချက်များကိုဖြည့်ဆည်းပေးရေး ပင်ဖြစ်သည်။
၎င်းတို့သည်ကျောင်း သားများအပြင်၊ ပြင်ပမှလာရောက်လေ့လာသူမည်သူ မဆို ကို
လိုအပ်သည့်စာအုပ်စာတမ်းများကို
အကူအညီတောင်းခံလာပါကရှာဖွေပေးခြင်း၊
ဘာသာရပ်အလိုက် မည်သည့်စာအုပ် စင်တွင်ရှိသည်ကိုညွှန် ပြပေးခြင်း၊
စာကြည့်တိုက်တွင်းရှိဝင်ရောက်သူ
များ၏လိုအပ်
ချက်ကိုဖြည့်ဆည်းပေးရမည့်တာဝန်
ကိုယူ ထားသူများဖြစ်သည်။
ကိုယ်အမူအရာနှုတ်အမူအရာချို သာပြီးအလွန်ဖေါ်ရွေသူများဖြစ်သည်
။ပြုံးပြုံး၊
ပြုံးပြုံး နှင့်ကျောင်းသားများလိုအပ်ချက်
များကိုအားတက် သ
ရောကွန်ပြူတာမှနေ၍ရှာဖွေပေးခြင်
း၊
သွားရမည့်နေရာကိုလမ်းညွှန်ပေြး
ခင်းတို့ကိုစိတ်ပါလက်ပါ လုပ်ပေးကြသည်။

၇။ စာကြည့်တိုက်များတွင်စာအုပ်စာ
တမ်းများငှားရမ်းခြင်း၊
ပြန်လည်လက်ခံယူခြင်းတို့ကိုပြု
လုပ်သော စားပွဲ ကို Circulation desk
ဟုခေါ်သည်။ ကျောင်းသား၊အရပ်သားများကိုစာအု
ပ်စာတမ်းများရှာဖွေ
ပေးသောစာကြည့်တိုက်မှူးများထို
င်နေသောစားပွဲကို Reference Desk ဟုခေါ်သည်။
စာကြည့်တိုက် တိုင်းတွင်လူအများသုံးရန်ခွင့်ြ
ပုထားသောကွန်ပြူတာအခန်းများရှိသဖြင့်ကျောင်းသားများသာမဟုတ်အရပ်သားများပါကျောင်းသားမဟုတ်သော်လည်းကိုယ်စိတ်ဝင်းစားရာကိုလေ့လာနိုင်ခွင့်ရှိသည်။

၈။ အမေရိကန်နိုင်ငံတွင်နိုင်ငံတော်
ပိုင်စာကြည့်တိုက်များ၊ တက္ကသိုလ်
စာကြည့်တိုက်များ နှင့်အသင်း
အဖွဲ့များမှဖွင့်လှစ်ထားသောစြာ
ကည့်တိုက်များလည်းအများအပြားရှိသည်။
နိုင်ငံတော်ပိုင်စာကြည့်
တိုက်များတွင်လည်းအသင်းဝင်ပြီး
ပါကစာကြည့်တိုက်တွင်းရှိ
စာအုပ်စာတမ်းများကိုငှားယူနိုင် ခွင့်ရှိ သည်။
အသင်းဝင်ကြေးပေးစရာမလိုဘဲမှတ်ပံ
ုတင်ပြပြီးအသင်းဝင်နိုင်သည်။
စာအုပ်စာတမ်းများအပြင် ဗီဒီယိုခွေများ၊ အသံသွင်း တိတ် ခွေများ
လည်းငှားသည်။ စာကြည့်တိုက်တိုင်းတွင်တူညီသည့် အချက်
တခုမှာစာကြည့်တိုက်တွင်းရှိမည် သည့်စာအုပ်စင်သို့မဆိုကိုယ်တို
င်သွားရောက်
မွှေနှောက်ရှာဖွေခွင့် ရှိခြင်းပင်ဖြစ်သည်။
လေ့လာသူကိုယ်တိုင်စာကြည့်တိုက်
တွင်းရှိစာအုပ်စာတမ်းများကိုကြည့်ရှုခွင့်ရှိသဖြင့်မူလကိုယ်ရှာဖွေလိုသောစာအုပ်အပြင်မိမိလေ့လာလိုသောဘာသာရပ်မှမိမိနှင့်သက်ဆိုင်သောအလားတူစာအုပ်စာ
တမ်းများကိုတပြုံတခေါင်းကြီးတွေ
့နိုင်ပြီးပိုမိုလေ့လာဖတ်ရှူခွင့်ရရှိသွားခြင်းဖြစ်သည်။
ထိုအခါမိမိလေ့လာလိုသောဘာသာရပ်ကိ
ုကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုလေ့လာနိုင်သဖြင့်ဗဟုသုတကြွယ်ဝသူအဆင့်မြင့်ပညာရှင်များဖြစ်လာကြသည်မှာပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်စံနစ်ကြောင့်
ဖြစ်သည်။

တိုင်းပြည်တခုတွင်ပွင့်လင်းကော
င်းမွန်သောစာကြည့်တိုက်အများအပြားရှိခြင်းသည်ပညာရေးတိုးတက်မှု၏အဓိကလိုအပ်ချက်ကြီးပင်ဖြစ်သည်။

ကျွနုပ်၏အတွေ့အကြုံ


၁၉၆၉-၁၉၇၃ တက္ကသိုလ်ကျောင်းသားဘဝကတနေ့တွင်
ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်စာကြည့်တိုက်
ကြီးသို့သွား ရောက်ပြီးစာကြည့်တိုက်မှူးထံတွ
င် ၁၉၆၂
ခုနှစ်သတင်းစာများကိုဖတ် ချင်သည့် ကြောင်း တောင်းသည့်
အခါစာကြည့်တိုက်ဝန်းထမ်းကအမည်နှ
င့်ကျောင်းသားကဒ်ကိုတောင်း သည်၊
ထိုနောက်ဘာကြောင့် ကြည့်ချင်သည်ကိုစာရွက်တွင်ရေးခိ
ုင်းသည်။
နောက်အကြောင်းကြားမည်ဟု ပြောလွှတ်လိုက်သည်၊
ကျောင်းပြီးသည့်အထိဘာအကြောင်ြး
ကားစာမှရောက်မလာသလို စာကြည့် တိုက်
ဝန်ထမ်း၏တင်းမာသောမျက်နှာထာြးေ
ကာင့်စာကြည့်တိုက်သို့ထပ်မရောက်တော့ချေ။
မြန်မာပြည်တွင်ကျောင်းသားများစာ
ကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုဝင်ရောက်ကြည့်ရှုခွင့်လုံးဝမရှိချေ၊
 ထိုအကြောင်းအချက်ကလည်းလူနေမှု
အဆင့်အတန်းနှင့်ဆိုင်နေမည်လားဟုတွေး စရာရှိ
သည်။စာကြည့်တိုက်တွင်းသို့ဝင်ေ
ရာက်ပြီးမိမိလိုအပ်သောစာအုပ်စာတမ်းများကိုအနောက်နိုင်ငံများကဲ့သို့ကြည့်ခွင့်ပေးမည်ဆိုလျှင်စာအုပ်ခိုးယူခြင်း၊စာရွက်များဖြဲယူခြင်းများကိုဘယ်လိုပုံစံနှင့်တားဆီးကြမလဲ။
ပေးအပ်ထားသောအခွင့်အရေးကောင်းကိ
ုအလွဲသုံးစားမပြုရန်ဘယ်လိုဥပဒေနည်းဥပဒေတွေနဲ့
ကာကွယ်မလဲဆိုသည်ကိုစဉ်းစာကြရမည်
။ အဘယ့်ကြောင့်ဆိုသော်မဆလခေတ်အဆက်ဆက်၊
နဝတ/နအဖခေတ်အဆက်ဆက်စာရိတ္တမဏ္ဍိုင်
ကျိုးပေါက်ပျက်စီးနေခဲ့သည့်မြန်မာ့လူမှုရေးအဆောက်
အအုံကြီးကိုပြန်လည်တည့်မတ်ရန်မှ
ာလွန်စွာမှပင်ခက်ခဲမည်ဟုယုံကြည်မိပါသည်။
သို့ရာတွင်မမှိတ်မသုံကြိုးစားပါ
ကတနေ့တွင်ကမ္ဘာကလေးစားရသောအကျင့်သိက္ခာနှင့်ပြည့်စုံသော
ပညာတတ်လူငယ်များပေါ်ထွန်းလာနိုင်
မည်ဖြစ်ပါသည်။

ထွန်းအောင်ကျော်


ဂျူလိုင် ၁၉ ရက် ၊၂၀၁၂ ခုနှစ်

No comments:

Post a Comment