Saturday, September 8, 2012

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်


အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထား ရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာ သန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓ
ဘုရားရှင်ရှိစဉ်က ဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်


အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော် တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသန မှတ်တမ်း တင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်း ကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့ နီးကပ် လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီ ထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။ (Aung Pan)

No comments:

Post a Comment