နှစ်ထပ်တိုက်အိမ်လေးရဲ့ အ၀င်မှာပဲ ပန်းချီကားတွေကို အဝေးကတည်းက လှမ်းမြင်ရပါတယ်။ ပန်းချီကားတွေနဲ့ အိမ်က ကိုမင်းကိုနိုင်ရဲ့ အိမ်ပဲ လို့ လမ်းညွှန်ခဲ့သူတဦးရဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရလိုက်မိတယ်။
ဧည့်ခန်းထဲမှာလည်း ကိုမင်းကိုနိုင်ရဲ့ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွှန့်က ဧည့်သည်တွေကို ထိုင်ပြီး ဧည့်ခံနေခဲ့တာ တွေ့ရပါတယ်။
နံရံအနှံ့ချိတ်ဆွဲထားတဲ့ ဆိုဒ်မျိုးစုံနဲ့ပန်းချီကားတွေရယ် ကိုမင်းကိုနိုင်ကို လာရောက်တွေ့ဆုံနှုတ်ဖို့လာကြတဲ့ မိတ်ဆွေသားချင်းတွေရယ်က အိမ်ခန်းထဲမှာ အပြည့်ပါပဲ။
၈၈မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုသက်ဦး၊ ကိုသိမ်းဆွေ၊ကိုကိုကြီးတို့အပြင် အခြားမိတ်ဆွေ နိုင်ငံရေးသမားတွေနဲ့ သတင်းသမားအချို့ကိုလည်း တွေ့ရပါတယ်။