Thursday, November 18, 2010

အကောင်းဆုံး အချိန်မှီ ထွက်ပေါက်ကို နားလည်ပါ

ရဲဘော်ညွန့်လှ

ကျနော်ကသတင်းတွေကိုနေ့ညမပြတ်နားထောင်နေပြီးတချို့မကျေနှပ်စရာအသံတွေကြားရင်ထပ်တလဲလဲပြန်နားထောင်၊ စဉ်းစား၊ ဝေဖန်ပြီး သုံးသပ်ပြောလိုပါတယ်။ 
အခုတလော ကောက်ရွေးပွဲကြီးကလဲ ပြီးသွားပြီ။ မျှော်လင့်ခြင်းများစွာနဲ့ ၀င်ပြိုင်ကြတဲ့ ပါတီတွေလဲ ထင်ထား သလို ဖြစ်မလာ၊ဘာဆက် လုပ်ရမှန်းမသိဖြစ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်လာပြီလေ၊ ဒေါ်စုဆိုတာက နိုင်ငံတကာက ပြည်သူ့ခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူ တရပ်လုံးက ကြည်ညိုလေးစား တန်ဘိုးထား ကြရတဲ့ သစ္စာ၊ သီလ၊ သမာဓိ၊ သတ္တိနဲ့ ပြည့်စုံပြီး ဥာဏ်အမျှော်အမြင်ကြီးမားတဲ့ လူထုခေါင်းဆောင် တယောက် ဖြစ်နေပြီလေ။

ဒေါ်စုကလည်း ပြည်သူလူထုရဲ့ အသံနဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး တချိန်တည်းမှာဘဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ကြိုးစားဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ရပါတယ်။

ဒီနေရာမှာအဓိကပြောချင်တာကနိုင်ငံရေးပါတီတချို့က၊ခေါင်းဆောင်တချို့နှင့်ပုဂ္ဂိုလ်တချို့ရဲ့လေသံတွေကိုအစာမကြေလို့ပြောလိုတာပါ။

အထူးသဖြင့် ဥပမာထားပြောရရင် ဒေါ်စုလွတ်မြောက်လာလို့ အနယ်နယ်အရပ်ရပ်၊ အလွှာအသီးသီးက လူထုကြီးက ၀မ်းပန်း တသာနဲ့ အခက်အခဲ အမျိုးမျိုးကြားက ကြိုဆိုခဲ့ကြတဲ့ လူထုကြီးကို ရင့်ကျက်မူရှိတဲ့လူတွေ မဟုတ်ဘူးလို့ ပြောတဲ့ စကားရပ်ဟာ အလွန်အကျည်းတန် အရုပ်ဆိုးပြီး လူထုကို စော်ကားရာ ရောက်သွားပါတယ်။

ပြည်သူလူထုကို တန်ဘိုးထား လေးစားကြရမှာဖြစ်ပါတယ်။ နောက်တခုက သူတို့ရဲ့ဖင်ထိုင်ခုံတွေကို မထိခိုက်နိုင်တဲ့နည်းဆိုတာ ကလည်း ကျနော်နားလည်တာက၊ သူတို့ရဲ့မူလဖင်ထိုင်ခုံဖြစ်တဲ့စစ်တန်းလျှားးကိုအေးဆေးစွာပြန်သွားနိုင်ဘို့ပါဘဲ။

ယခုအချိန်ဟာ စစ်အုပ်စုရဲ့ အကောင်းဆုံးအချိန်အခါနှင့် နောက်ဆုံးအခွင့်အရေးနဲ့ထွက်ပေါက်ဖြစ်ပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတာတွေက နားလည်တတ်သိကျွမ်းကျင်တဲ့ နိုင်ငံရေးသမား ပါတီတွေရဲ့ အလုပ်ပါ ဆိုလှိုရင်းက အလုပ်တွေအားလုံးက သူ့ နေရာနဲ့ သူ ဆိုမှ အဆင်ပြေချောမွှေ့နေမှာပါ။
စစ်ရေးကိုသာတတ်ကျွမ်းနားလည်တဲ့ ဗိုလ်ချုပ်ကြီးတွေက စက်မူဝန်ကြီးတို့ ၊လယ်ယာဝန်ကြီးဆိုတာမျိုး တွေ မဖြစ်သင့်ပါ။

ကျနော်ရဲရဲကြီး ပြောရဲတယ်။ ပြည်သူလူထုကြီးက နှစ်ပေါင်းများစွာ စစ်ကျွန်ဘ၀မှာ ဆင်းရဲတွင်းနက်နေကြရတဲ့အဖြစ်ကနေ လွတ်မြောက်ချင်နေကြတာအမှန်ပါ။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ တန်းတူညီမျှရေးတို့အတွက် အပြောင်းအလဲကို လိုချင်ကြတဲ့ သူတွေပါ။

ပိုပြီးရှင်းအောင်ပြောရရင် အဲဒီလူထုကြီးကအမတ်တွေ၊ ၀န်ကြီးတွေရာထူးအတွက် မျော်လင့်နေတာမဟုတ်သလို ဦးဆောင် ပေးနိုင်သူတို့အတွက် တစုံတရာ ခရီးလမ်းဖြောင့်ဖြူးစေဘို့ အသက်၊ သွေး၊ ချွေး၊ တွေကို စတေးပြီး လမ်းခင်းပေးတဲ့ ကျေက်ခဲတွေ ဆိုတာ ခေတ်အဆက်ဆက် သမိုင်းကသက်သေပြခဲ့ပြီးပါပြီ။

ပြည်သူလူထုက သဘောမတူ မကြည်ဖြူတဲ့ အစိုးရမှန်သမျှ ကျရှုံးရမည် မလွဲပါ။

ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့ အယူအဆမှန်သမျှ ဆန့်ကျင်ကြ၊ တိုက်ဖျက်ကြ။

မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဆန့်ကျင်ကြ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား၊ ကာကွယ်ကြ၊ စောင့်ရှောက်ကြ ၊ ၀န်းရံကြ။

ပြည်တင်းလျှင် မင်းမခံနိုင်ပါ။

ရဲဘော်ညွန့်လှ




















No comments:

Post a Comment