အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ြ ဖစ်တယ် ( ဆရာတော် ဦးဇောတိက )
ဦးသိန်းစိန်ကြံ့ဖွတ်အစိုးရတက် လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုး ရတရပ်အဖြစ် ရှုမြင်တယ် ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပဲ (ပြည်သူတွေကမဲပေးလိုက်တာ ကိုး) ဒါ ကိုဒေါ်စုသဘောပေါက်တယ်၊ လက်ခံချင် သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ..အစိုးရတရပ်တော့ဖြစ်လြာ ပီ ၊ဒေါ်စုဘက်က ရိုးသားတယ် အရှိတရား ကို အရှိတရားအဖြစ် မြင်လိုက်တယ်…. ဒါဟာစိတ်သတ္တိတမျိုးပါ။
ဂျွှန်မက်ကိန်းမြန်မာနိုင် ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သားတယောက်လို သဘောထားပါ တယ်တဲ့ ၊ သဘောကတော့ သူလိုကိုယ်လိုပါပဲဆိုတဲ့ အဓိပ္ပါ ယ်သက်ရောက်တယ်၊ သူတို့အနေနဲ့ထူး ထူးခြားခြား လူထုခေါင်းဆောင်တို့ ၊ဒီမိုက ရေစီခေါင်းဆောင်တို့
ကျနော်အရင်က အသိမှတ်ပြုခြင်းရဲ့အနှစ်သာရ နဲ့ စိတ်ခွန်အားသတ္တိကို သိပ်သဘောပေါက်ခဲ့ပါဘူး ၊ဆရာတော်ဦးဇောတိကရဲ့တရားတော်ေ တွကို စာအုပ်စာပေတွေကနေ ဖတ်ရှုရတဲ့ အခါရောက် မှကောင်းကောင်းသဘောပေါ က်လာ တယ်။ တကယ်တော့ အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်တဲ့ ၊ သိပ်မှန်လိုက်တဲ့စကားဗျာ။ ကျနော့် ဘ၀မှာ ဒီအယူအဆလေးက အတော်ကိုလွှမ်း မိုးသွားခဲ့တယ်၊ အတိတ်ကိုပြန် စဉ်းစားကြည့်လိုက်တဲ့အခါကိုယ့် ကိုယ်ကိုယ် အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေနဲ့ စိတ်အစဉ်တွေကိြုေ ပးမြင်မိတယ်၊ လူတော်တော်များများဟာ မကောင်းတာများကိုသာ အသိမှတ်ပြုဘို့ ၀န်မလေးတတ်ကြပေမဲ့လို့ ကောင်းကွက်တွေကို အသိမှတ်ပြုဘို့ကြအတော်ဝန်လေးတတ် ကြတာမဟုတ်လား၊ ဒါဟာ သာမန်စိတ်ပါ ၊ လူတယောက်ယောက်ရဲ့ကောင်းကွက်တော် ကွက်တွေကို အသိမှတ်ပြုဘို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်၊ ဆရာ တော်ပြောသလို စိတ်ခွန်အားစိတ်သတ္တိတွေလိုတယ်၊ ကျနော် ဒီအမှန်တရားကိုလက်တွေ့ကျင့်သုံး ကြည့်တယ်၊ ကျနော် အင်္ဂလိပ်စာ ကျူရှင်ဆရာတယောက်အဖြစ်ရပ်တည်တော့  စာတော်တဲ့ ကျောင်းသားတွေကို အရှိကိုအရှိတိုင်း အပိုအလိုမရှိ အသိမှတ်ပြုကြည့်တယ် အဲဒီတော့ ဒီေ ကျာင်းသားတွေဟာ ပိုပိုပြီးတော်လာ တာကို တွေ့ရတယ် လိုအပ်ချက်တွေကိုလည်းေ စတနာရှေ့ထားထောက်ပြ တယ်ကျောင်းသားတွေဟာ လိုလိုလားလားခံယူပြီး ကြိုးစားလာတာ ကို တွေ့ရတာအမှန်ပါ ၊ ဒါကို အသိမှတ်ပြုခြင်းရဲ့အကျိုးရလာဒ် လို့ခံယူမိတယ်။ အပြင်လောကလူမူ့ဆက်ဆံရေးနယ်ပယ်မှာလည်း ကျင့်သုံးကြည့်တယ် အဲဒီလိုအသိမှတ်ပြုခံရတဲ့သူတွေဟာ ကိုယ့်ကို ခင်မင်လေးစားလာတာ လက်တွေ့ပါ၊
အသိမှတ်ပြုတယ်ဆိုတာအပို အလိုမရှိကျင့်သုံးရတဲ့ကိစ္စပါ၊ပိုသွားတယ်ဆိုမြှောက်ပြောတာ၊ဘုန်း တော်ဘွဲ့တွေချီးကျူးတာဖြစ်သွား မယ်၊လိုပြောတယ်ဆိုရင်တော့အသိမှ တ်မပြုရဲတာနဲ့အတူတူပါပဲ၊ အသိမှတ်မပြုရဲတာဟာမုန်းတီးခြင်း တွေမနာလိုခြင်းတွေ ယှဉ်တွဲရာ ကြ ဖစ်ပေါ်လာတဲ့ဒေါသစိတ်တွေပါ၊ ဒါပေမဲ့လို့ အယူအဆတခု လုပ်ရပ်တခု အပေါ်မှာတော့ ရှု့ထောင့်ဆိုတာရှိပါ တယ် ဘယ်ရှုထောင့်က ရပ်တည်ပြောတာလည်းဆိုတဲ့ အပေါ်တည်မှီပြီး အသိမှတ်ပြုခြင်းတွေ မပြုခြင်းတွေဆိုတာ ကွဲပြားနိုင်ပါတယ်၊ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်ြး ပည်ရဲ့ခေါင်းဆောင်ဖြစ်တယ်၊ တပ်မေ တ်ာဖခင်ဖြစ်တယ် ဒါဟာအသိမှတ်ပြုကိုပြုရမဲ့ အရာပါ၊ ပကတိတည်ရှိခဲ့တဲ့ အရာတွေမဟုတ်လား၊ သူလုပ်ခဲ့တဲ့လု ပ်ရပ်တွေ သူပြုမူဆောင်ရွက်ခဲ့တဲ့ အရာတွေ ပေါ်မှာတော့ ရှုထောင့်အပေါ်လိုက်ပြီး ကွဲပြားနိုင်ပါတယ်၊ ထိုနည်းတူစွာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီ စီခေါင်းဆောင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ခေါင်းဆောင်ဗျာ ရှင်းပါတယ် ဒါတွေဟာ လက်တွေ့ပကတိအရှိတရားတွေပါ ၊ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ် သက်လို့ အသိမှတ်ပြုမယ် မပြုဘူးဆိုတာ ဒါက ရပ်တည်ချက်ရှုထောင့်နဲ့ဆိုင်သွား ပြီ ( ဒါသူတို့သဘော )၊
ဒေါ်အောင်ဆန်းစုကြည်ဟာဗို လ်ချုပ်မူးကြီးစောမောင်လက်ထက် ကလည်းဗိုလ်ချုပ်မူးကြီးစောမောင် လို့ပဲသုံးတယ် ဦးစောမောင်လို့တောင်မသုံးဘူး ၊ ထိုနည်းတူစွာပဲ ဗိုလ်ချုပ်မူးကြီးသန်းရွှေ ၊ မောင်အေး စသည်ဖြင့်ပေါ့ ဗိုလ်ချုပ်မူးကြီးလို့ ပဲခေါ်ဝေါ် တယ်၊ ဒါဟာအသိမှတ်ပြုရဲတဲ့စိတ်သတ္တိကိုဖော်ညွှန်းနေတာပဲစစ်အာဏာရှင် များဘက်ကကြဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်အောင်ဆန်းစုကြည်လို့ခေါ်ဝေါ် ဘို့သတ္တိတွေမွေးနိုင်ပါပြီလား အသိမှတ်ပြုရဲ ပါပြီလား၊သာမန်ကြည့်မယ်ဆို ဘာမှမဟုတ်သလို ထင်ရပေမဲ့ သိပ်အရေးကြီးတဲ့ကိစ္စပါ ၊ မြန်မာ ဆိုတာကိုမပြောင်းလည်းပဲနဲ့ဗမာလို့ဆက်သုံးစွဲနေတဲ့နိုင်ငံတကာနဲ့ အတိုက်အခံ များကိုရှုတ်ချလိုက်တဲ့ အာဏာရှင် ကြီးများကရော အထက်ဖော်ပြပါ ကိစ္စများကိုပြောင်းလည်းဘို့ အသိမှတ်ပြုရဲဘို့ စိတ်ခွန်အားတွေရှိပါရဲ့လား၊
ဒေါ်အောင်ဆန်းစုကြည်ဟာဒု သမ္မတကြီးဦးတင်အောင်မြင့်ဦြးေ ပာသလိုသာမန်အရပ်သားတယောက်ပါဆို ရင်ဘာ့ကြောင့်စူပါပါဝါနိုင်ငြံ ကီးကထင်ရှားတဲ့နိုင်ငံရေးခေါင်း ဆောင်တယောက်ကရေးကြီးခွင်ကျယ်ြေ ပာဆိုပြီး သမ္မတ ကြီးကရော ဘာလို့ရေးကြီးခွင်ကျယ် စကားထဲ ထဲ့ပြောနေရတာလည်း ဒါဟာ အာဃာင်္တတွေ အငြိုးတွေ အမုန်းတွေကြီးနေဆဲ ဆိုတာကို ဖော်ကျူးလိုက်ခြင်းရဲ့သင်္ကေတ စကားရိပ်တွေပါ။
ကျနော်အကျဉ်းထောင်တွင်းမှာရှိနေတုန်းအခါတုန်းကထောင်ကျလာ တဲ့တပ်ရင်းမူးတယောက်နဲ့ဆုံခဲ့ တယ် ၊ ကျနော်က သူ့ကို တပ်ရင်းမူးကြီးလို့ပဲခေါ်တယ် ( ဒီအခေါ်ဝေါ်ကို သူမငြင်းပယ်ခဲ့ပါဘူး - အဲဒီအချိန်မှာ သူဟာထောင်ကျလာတဲ့ထောင်သားတယောက် ပါ)ဒါပေမဲ့လို့ကျနော်ကထောင်ရဲ့ အကြီးဆုံးအုပ်ချုပ်ရေးအရာရှိကို ထောင်ပိုင်ကြီး ထောင်ပိုင်ကြီးလို့ခေါ်ဝေါ်တဲ့ ကိစ္စကိုကြ သူကတားမြစ်ခဲ့တယ်၊ နံမည်တပ်ခေါ်ပါတဲ့ ၊ ကျနော်သူ့ရဲ့စိတ်သတ္တိနဲ့စိတ်ခွ န်အားကိုသဘောပေါက်လိုက်ပါတယ်၊သူ့ မှာလူတွေကိုအသိမှတ်မပြုရဲတဲ့ေ ရာဂါ ဖြစ်နေတာကိုး၊(သူ့ကိုအသိမှတ်ပြု တာကိုတော့ခံချင်ပြီးသူကကြ အသိမှတ်ပြုဘို့ ၀န်လေးတတ်တဲ့ အမျိုးစားပါ )
နောက်တခါနိုင်ငံရေးအကျဉ်း သားကိစ္စနိုင်ငံရေးလုပ်ဆောင်ချက် ကြောင့်ထောင်သွင်းအကျဉ်းချခံ ရတယ်ဆို နိုင်ငံရေးအကျဉ်းသားပေါ့ ဒါရှင်းပါတယ် ဒါကိုငြင်းပယ်တဲ့ကိစ္စဟာ အမှန်ကိုမျက်ကွယ်ပြုလိုက်ခြင်း ပါ အသိမှတ်မပြုရဲခြင်းပါ၊နိုင်ငံေ ရးလုပ်ဆောင် ချက်ကြောင့်အကျဉ်းချ ခံရသူဟာနိုင်ငံရေးအကျဉ်းသားဖြစ် တယ် ယုံကြည်ချက်အကျဉ်းသားတို့ဘာတို့ ဆိုတာ စကားလုံးတွေနဲ့ ရှုတ်ထွေးသွားနို င်တဲ့ကိစ္စ/ နိုင်ငံရေးအကျဉ်းသားတွေလွှ တ်ပေးပါလို့ပြောတာ-နိုင်ငံရေးလု ပ်ဆောင်ချက်ကြောင့်ပုဒ်မအမျိုး မျိုးတပ် ပြီးထောင်ချထားသောသူများကိုဆိုလိုတာဒါကိုဝေ့လည် ကြောင်ပတ်နဲ့နိုင်ငံရေးအကျဉ်းသားမရှိပါဘူးဆိုတာအသိမှတ်ပြုဘို့ စိတ်ခွန် အားနည်းနေတဲ့အရာလို့ပဲ စွပ်ဆွဲချင်တယ်။အသိမှတ်ပြုဘို့ ကိုတောင်မှဝန်လေးနေတယ်ဆိုရင်ရှေ့ ဆက်သွားမယ့်အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာကို ဘယ်လိုလှမ်းကြမလည်း ။စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့စည်းစိမ်အာဏာတည်မြဲရေးအတွ က် တပ်မတော်ကိုအသုံးချသွားကြတယ်။ကျ နော်တို့အတိုက်အခံများဟာတပ်မတော်နဲ့စစ်အာဏာရှင်တစုကိုခွဲမြင်ဘု့တော့ လိုတယ်။ နိုင်ငံဝန်ထမ်း ဆိုတာ နိုင်ငံရေးသိပ္ပံအသုံးအနှုန်းနဲ့ေ ပြာရရင်(state)ပဲ ၊ နိုင်ငံရဲ့သယံဇာတတွေ ၊ အရင်းအမြစ်တွေ ၊လေထု ၊ မြေထု ၊ရေထု စသဖြင့်ပေါ့ ၊ ဒါတွေဟာ တိုက်ရတဲ့အမျိုးမဟုတ်ဘူး ၊ ကျနော်တို့တိုက်ရမှာ အစိုးရ ( Government ) ၊ state ဆိုတာ ဘယ်အစိုးရတက်လာလာ သူကရှိနေမှာပဲ တပ်မတော်ဟာ နိုင်ငံဝန်ထမ်းဖြစ်တယ် ၊ သူကဘယ်အစိုးရတက်လာလာ တပ်မတော်ဆိုတာရှိနေမှာပဲ ၊ ဒါကိုအသိမှတ်ပြုရမယ်။ အသိမှတ်လည်းပြုရဲရမယ်။
စစ်အာဏာရှင်ကြိုးကိုင်ခံ အစိုးရလို့ပဲပြောပြော၊ကြံဖွတ် အစိုးရလို့ပဲခေါ်ခေါ်သူတို့ကိုတခု မေးချင်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့လူထုအများစုဟာဆင်းရဲတွင်းနက်နေပါတယ်ဆို တာကို အသိမှတ်ပြုရဲပါသလား ၊ လူထုကြီး အမှန်တကယ် ဆင်းရဲတွင်းနက်တယ် မနက်ဘူးဆိုတာကို စာဖတ်သူများပဲ သုံးသပ်ပြီး အဖြေမှန်ထုတ်ပေးပါ၊ အမှန်တကယ် အဘက်ဘက်က ယိုယွင်းပျက်စီးပြီး နိမ့်ကျနေတာကို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ အသိမှတ်မပြုနိုင်သမျှကာလပတ်လုံး အတိုက်အခံများနဲ့တွေ့ဆုံဆွေးနွေးရေးတို့၊အမျိုးသားပြန်လည်သင့်ြ မတ်ရေးတို့ဆိုတာတွေဟာ အလှမ်းဝေးနေဦးမှာပါ။
တခုတော့ပြောချင်ပါတယ်…ဂျွှ န်မက်ကိန်းကပြောတယ်……ပြုပြင်ြေ ပာင်းလည်းရေးတွေမလုပ်ဘူးဆိုရင် အာရပ်ကမ္ဘာလိုလူထုတော်လှန်ရေးတွေ နဲ့ကြုံတွေ့နိုင်တယ်လို့ပြောဆို ချက်ဟာ..တန်ခိုးရှင်မို့ဖောက်ထွ င်းမြင်နိုင်လို့ပြောသွားတာမဟု တ်ဘူး၊ရမ်းတုတ်ပြီးပြောသွားတာ လည်းမဟုတ်ဘူး……သူဟာနိုင်ငံရေးကျွှမ်းကျင်သူဖြစ် တယ်….ရှေ့ကိုကြိုမြင်နေတယ်……….. အတွေ့အကြုံနဲ့သင်ခန်းစာတွေက ပေးလိုက်တဲ့ ပြဌာန်းချက်ပဲ
အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ြ ဖစ်တယ်
- အားလုံးကိုလေးစားစွာဖြင့်
- ( မောင်မောင်ဝမ်း )
No comments:
Post a Comment