Thursday, June 23, 2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ (အပိုင်း-၅)

ဗလ
ကျနော်တို့ ဖက်ဒရယ်တပ်မတော်နဲ့ တော်လှန်သောပြည်သူ့လွတ်တော်ကို စပီး ကြံဆတုံးက နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မပြီးသေးပါ။ ကြံဖွံ့ အစိုးရ မရှိသေးပါ။ ကျနော်တို့ အနေဖြင့် ရှေ့ မတိုးနိုင်ပဲ အီနေတဲ့ တော်လှန်ရေး ရေချိန်ကို ပြန်လည်နိုးဆွ တွန်းတင်နိုင်ဖို့ ကြံဆနေရချိန်ဖြစ်သည်။ နအဖစစ်တပ်က စစ်သားတွေ တဖျောဖျော ပြေးနေပြီး အောက်ခြေပြိုနေတဲ့ အခြေအနေကို တော်လှန်ရေးအတွက် အကောင်းဆုံးအသုံး ချဖို့ ကြံဆနေချိန်ဖြစ်သည်။ အားလုံးညီကြမှ ဖြစ်မယ်လို့ သဘောပေါက်လာကြ တဲ့ လူတွေ အဖွဲ့တွေ ညီခွင့်ရမဲ့ နည်းလမ်းကို ကြံဆနေကြတဲ့ အချိန်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တလယ်လယ် ပါပဲ။ သိပ်ဖြောင့်ဖြောင့်တန်းတန်း ရှေ့တိုးတာ မဟုတ်ပါဘူး။ အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်တွေကြောင့် ကိစ္စတော်တော်များက သဘာဝကြစွာပဲ အပြောင်းလဲ ဖြစ်လာပါတယ်။ စစ်ရေး လှုပ်ရှားမှုတွေ ပြင်းထန်များပြားလာတယ်။ စစ်ရေးပူးပေါင်း ဆောင်ရွက် ညီ ညွတ် ကြဖို့အလေးအနက် အပူတပြင်းဖြစ်လာတယ်။ တကယ်ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်တဲ့ နည်းနာနဲ့ ပုံစံ ရှာဖွေတဲ့ နေရာမှာလဲ အများကြီး တိုးတက်မှု ရလာပြီဖြစ်ပါသည်။


 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုဖွဲ့ပြီးကြ တဲ့ အပြင် ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ ဆုံးဖြတ်ချက်နဲ့ ဒီဇိုင်းလဲ ရပြီး ကြပုံပေါ်ပါသည်။ ကျနော်တို့တွေ စဉ်းစားကြံဆ ၀ိုင်းဆွေးနွေးကြစဉ်ကတော့ ဖက်ဒရယ် တပ်မတော် တည်ဆောက်ဖို့ အတွက် ကျန်တဲ့ တပ်တွေ ဖျက်သိမ်း ပေးစရာ မလို၊ ကိုယ့်နယ်မြေနဲ့ ကိုယ် ပြည်နယ်စောင့် တပ်အဖြစ် ပြည်နယ် အစိုး အစိုးရ အောက်မှာ နေကြမည်။ ဖက်ဒရယ် တပ်မတော်ကတော့ ဗဟို အစိုးရ အောက်မှာ ရှိမည်။ ဖက်ဒရယ်တပ်ကို စုဖွဲ့ရာတွင်လဲ မဟာမိတ် တပ်များက အချိုးကြ ထဲ့ဝင်နည်းကို မသုံးပဲ၊ နယ်မြေလိုက် တော်လှန်ရေးတပ်များက ခွင့်ပြု ချက်ပေးပြီး သီးသန့်ရွေးချယ်ခန့်ထားလေ့ကျင့်ယူမည်။ နိုင်ငံရေး အစုအဖွဲ့ ဖွဲ့စည်း သလို အောက်မှ အထက် စုစည်းရွေးကောက်တင်မြောက်တာမျိုး မ ဟုတ်ပဲ၊ အထက်မှအောက် ရွေးချယ်လေ့ကျင့် ခန့်ထားတဲ့ စံနစ် ကျင့်သုံးမည်။ ဗဟို သို့မဟုတ် အမြင့်ဆုံး အမိန့်ပေးဌာနကိုတော့ ဗဟိုစစ်ဦးစီးကော်မတီ (သို့ မဟုတ်) စစ်ကော်မရှင် အဖြစ် မဟာမိတ် အဖွဲ့များမှ ရွေးကောက် တင်မြောက် နည်းဖြင့် စုဖွဲ့ တည်ထောင်မည်။ ထိုအောက်မှာ စစ်ဦးစီးချုပ်ကို ရွေးချယ်ခန့် ထားမည်။ ထိုအောက်မှာ မှ တပ်ရင်းတပ်ဖွဲ့ အသီးသီးကို ဖွဲ့စည်းတည်ထောင် ကြရမည်။ --- စသည်ဖြင့် ဒီဇိုင်း အကြမ်းကို ဆွေးနွေးထားခဲ့ကြပါသည်။ သို့ရာ တွင် ဖြစ်ပေါ်တိုးတက်မှုမှာ လမ်းကြောင်း ၂-ခုကွဲသွားခဲ့ သည်ထင်ပါသည်။ ကျနော်တို့ အစု က အပေါ်ထပ်နိုင်ငံရေး အဆောက်အအုံ ပြုပြင်ပြောင်းလဲရေး ကို အားစိုက်ခဲ့ကြပါသည်။ လုံလောက်တဲ့ တိုးတက်မှု မရခဲ့ကြပါ။ နောက်တစုကအလျားလိုက် စုဖွဲ့မှုကို ကြိုးစားခဲ့ကြပုံရသည်။ သူတို့က ပိုလို့တိုး တက်အောင်မြင်မှု ရခဲ့ကြပါသည်။ ဒါပေမဲ့ အခြေအနေ အဖြစ်အပျက်များက သူ တို့ကိုကော ကျနော်တို့ကိုပါ ရပ်စောင့်မနေခဲ့ပါ။ ယခု အခါ ဖြစ်ပေါ်နေတဲ့ အခြေ အနေ နဲ့ အနေအထားတွေကို ကျနော်တို့ အမှီလိုက်လုပ်ကြဖို့လိုလာပြီ။ ကိုက် ညီအောင်ကြံဆ ဆောင်ရွက်ဖို့နဲ့ အကျိုးအရှိဆုံးဖြစ်အောင် လုပ်ကြရပါမည်။ 

စစ်ရေးကို အကျယ်အပြန့် နဲ့ အထိရောက်ဆုံး လုပ်နိုင်ကြဖို့ဆိုလျင် ဆက်သွယ် ရေး လမ်းကြာင်း အရေးကြီးပါသည်။

ဒီနေရာမှာ ချစ်နိုင် ဘာသာပြန် ဇွန်ဇူး ရဲ့ စစ်ပညာ စာအုပ်က တပုဒ်ကို အညွန်းပြု ချင်သည်။ - - - များမြောင်သော စစ်အင်အားထုကြီးကို ကွပ်ကဲကြီး ကြပ်ရခြင်း သည်လည်း အဖွဲ့ငယ်တခုကို ကွပ်ကဲကြီးကြပ်ရသည့် အတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဆက်သွယ်ရေး၏ အရေးကိစ္စဖြစ်၏။ - - - ဟုဆိုသည်။ ထိုအဆိုအ မိန့်အရ ကျနော်တို့၏ စစ်ဦးများကို အောင်အောင်မြင်မြင်  စစ်ကစား စေလိုလျင် ဆက်သွယ်ရေး နဲ့ သတင်းစီးဆင်းမှု ကောင်းအောင်လုပ်ပေး ကြရလိမ္မည်။ ဒါလဲ ခေတ် အခြေအနေအရ ကျနော်တို့မှာ အခွင့်သာတာတွေရှိသည်။ နယ်စပ်တိုင်း လိုမှာ တဘက် နိုင်ငံရဲ့ မိုဘိုင်းဖုန်းတွေ ကသုံးလို့ ရနေသည်။ အင်တာနက် လက်လှမ်းမှီတဲ့ နေရာတွေကလဲ တဖြည်းဖြည်းနယ်စပ်ကပ်လာနေတယ်။ ကလေးကစားစရာ လို ဝေါကီတော်ကီတွေရဲ့ စွမ်းရည်တွေကလဲ အတော်မြင့်လာ ပြီဖြစ်သည်။ ကျနော်တို့ တွေက ဥာဏ်ကွန့်ပီး အသုံးချလျင် အတော်ထိရောက် သော ဆက်သွယ်ရေး ကွန်ယက်ဖြစ်လာနိုင်မည်ထင်သည်။ သတင်းလုံခြုံရေး တော့ ရှေးရိုးနည်းများ ကိုပဲ အားပြုကြရအုံးမည်ထင်သည်။ ဒီလို နည်းနဲ့ ကျ နော်တို့ ရဲ့ စစ်ဦးစီးများနဲ့ တော်လှန်တပ်တွေကို အချိန်ကိုက်၊ တပြေးညီ၊ ဟန် ချက်ညီညီ လှုပ်ရှားနိုင်စွမ်း ရစေနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင် တပြည်လုံး ကိုဖြန့်ကျက် ရွေ့လျား စစ်ကစားနေနိုင်တဲ့ နအဖ စစ်တပ်တွေထက်၊ တပြည်လုံး မှာ ပြန့်ကျဲတည်ရှိနေတဲ့ ကျနော်တို့ရဲ့ တော်လှန်တပ်တွေက ပိုပီး ထိရောက်တဲ့ စစ်ကစားမှုတွေ လုပ်လာနိုင်မည် ထင်သည်။ အမှန်တကယ် ဖက်ဒရယ် တပ်မ တော် ဖေါ်ဆောင်ပြီး လုပ်ချင်ကြတယ်ဆိုရင်ပေါ့။ တကယ်သာ ဖက်ဒရယ်တပ်မ တော်ဖြစ်လာရေး ဦးတည်ပြီးလုပ်ကြမယ်ဆိုရင် တဆင့်စီ ရှေ့တိုးသွားဖို့ အခြေ အနေပေးနေပါတယ်။ ဒီလို အစပျိုးအဆင့်ကိုအကောင်အထည် ဖေါ်နိုင်ရင် တောင် တော်လှန်တပ်တွေက နေရာတိုင်းကနေ ချိမ်းချောက် နိုင်တဲ့ အနေအ ထား ကိုရလာမှာဖြစ်ပီး အရေအတွက်အင်အား မပြောင်းပစ်နိုင်နိုင်သေးခင် အ နေအထား အင်အား ပြောင်းလာမှာပါ။ ဘာလို့လဲ ဆိုတော့ -- -- 

ဤတွင် နေရာတိုင်းမှာရန်သူကို ရင်ဆိုင်ရန် ပြင်ထားရသူကို အားနည်းသူဟု ဆိုနိုင်၏။ နေရာတိုင်းမှာ ရန်သူကို မိမိနှင့် ရင်ဆိုင်ဖို့ ပြင်ထားအောင် လုပ်နိုင်သူကို အားကောင်းသူဟုဆိုနိုင်၏ -- -- -- လို့ စစ် ပညာရှင်ကြီး ဇွန်ဇူးက ဖွင့်ဆိုထားခဲ့ သလိုပဲ ကိုယ်က ပိုပြီး ခြိမ်းချောက် နိုင်တဲ့ အနေအထားကို ရလာမှာမို့ပါ။ ဒီလို အနေအထားအရ အသာစီးရတဲ့ အနေက နောက်တဆင့်စီ အရည်အတွက်အပါအ၀င် အစစ အရာရာ အသာစီးရတဲ့ အခြေ အနေကိုတော့ ဖက်ဒရယ် တပ်မတော်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပီပြင်အောင် အကောင်အ ထည်ဖေါ် လာနိုင်တာနဲ့ အမျှ ရလာပါလိမ့်မည်။ 

ဒီလိုမလုပ်နိုင်ရင်တော့ ရန်သူစစ်အစိုးရက နယ်မြေအများစုကို ထိန်းချုပ်ထား တယ်၊ သဘာဝအရင်းအမြစ်တွေကို ထိန်းချုပ်ထားတယ်၊ တပြည်လုံးကို လှည့်ပြီး စစ်ကစားနိုင်တယ်၊ တိုင်းပြည်ကို လက်တွေ့အားဖြင့် အုပ်ချုပ်နေတဲ့ ဒီဖက်တို အစိုးရ ဖြစ်တယ်၊ - - - ဆိုတဲ့ သူရဲ့ အားအားချက်တွေကို အသုံးချပီး တဖွဲ့ခြင်း တစုခြင်း ကို လှည့်ပါတ် ခြေမှုန်းပြီး အနိုင်ယူသွားပါလိမ့်မယ်။ ခုအခြေအနေက ကိုယ်က သူ့ကိုခြေမှုန်းမလား၊ ကိုယ်ကို သူက ခြေမှုန်းတာ ခံမလား။ ဆိုတဲ့ အခြေအနေပါ။ ကျနော်တို့ အနေနဲ့တော့ ဘယ်သူလုပ်လို့ အောင်မြင်တယ် ဆို တာထက် ဘယ်လောက်အောင်မြင်တယ်ဆိုတာနဲ့ ဘယ်လိုနည်းနဲ့ အောင်မြင် မလဲဆိုတာကိုပဲ ပိုစိတ်ဝင်စားပါတယ်။ ရဲရဲ ဦးဆောင်ကြပါ အပြိုင်ရှေ့တိုးကြပါ။
အားလုံးအတွက် ကောင်းမွန်သော အနာဂါတ်ကိုမျော်လင့်လျက်
ဗလ

No comments:

Post a Comment