မြန်မာပြည်က လက်ရှိ နိုင်ငံရေး အခြေအနေတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (အေဘီအက်စ်အယ်လ်) က ပြောပါတယ်။

ရဲ ဘော် ကျော် သန်း ( ABSL)
လွန်ခဲ့တဲ့ ၂၃ နှစ် လုံးလုံး ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေဟာ ပြည်တွင်း အင်အားစုတွေကို ထိထိရောက်ရောက် အထောက်အပံ့ မပေးနိုင်ခဲ့ဘူးလို့လည်း အဲဒီအဖွဲ့က သုံးသပ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတွေနဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသား တပ်မတော်က ရဲဘော်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ အဖွဲ့ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းကို မေးမြန်းထားပါတယ်။