Friday, October 14, 2011

ထောင်တွင်းမှ..ဘောင်ချာတွေ..

(Mizzima TV)

အခုတင်ပြသည့် ဗွီဒီယိုဖိုင်တိုလေးကတော့..၁၂. ၁၀. ၂၀၁၁ နေ့ မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်လာသော… ဦးနေ၀င်းမြေးတစုနှင့် ဖမ်းဆီးခံခဲ့ရသေ.. အုပ်စုထဲမှအဖွဲ့ ဝင်တယောက်ဖြစ်ပါတယ်။

ကျွန်တော်တင်ပြလိုတဲ့အကြောင်းအရာက… သူတို့ အမှု့ နှင့်ပါတ်သက်၍ တင်ပြလိုခြင်းမဟုတ်ပါ..၊
လွတ်လာပြီး ပြည်တွင်း မီဒီယာတွေရဲ့  ၀ိုင်းဝန်းမေးကြတဲ့အခါ သူဖြေကြားတဲ့ အထဲမှ တခုကို ပြောပြလုခြင်းကြောင့်ဖြစ်ပါတယ်..။
သူ့ အမည်ဟာ..သတင်းသမားများရဲ့ အမေးကြောင့် နန်းဝေ လို့ ဖြေဆိုတာကြားလို့ … ကိုနန်းဝေလို့ ဘဲ သုံးစွဲလိုက်ပါတယ်။
သတင်းသမားတယောက်မှ… ဘယ်ကလွတ်လာတာလဲလို့ မေးတယ်… ကိုနန်းဝေက ဆေးရုံကလို့ ပြောတယ်…၊

သတင်းသမားက.. ဘယ်အဆောင်ကလွတ်လာတာလဲလို့ တိတိကကျကျမေးတဲ့ မေးခွန်းမဟုတ်ပေမဲ့… ကိုနန်းဝေက သိရှိနားလည်စွာဖြင့် ဆေးရုံကလို့ ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်..။ ဒီအကြောင်းကိုပြောချင်လို့ … ဗွီဒီယို ကိုတင်ပြခြင်းဖြစ်ပါတယ်..၊ 


ကိုနန်းဝေက ဆေးရုံကလွတ်လာတယ်ဆိုတော့… ထောင်အကြောင်းမသိသူတွေကတော့… ဘယ်လိုနားလည်ကြမလဲမသိဘူး…၊
မသိခဲ့ရင်… သိအောင်ကျွန်တော်ပြောပြပါ့မယ်…၊ကိုနန်းဝေဟာ ဆေးရုံမှတဆင့်လွတ်လာတယ်ပြောတယ်… သူ့ ဗွီဒီယိုင်ကိုကြည့်ပါ… နေထိုင်မကောင်းတဲ့ လူတယောက်ရဲ့ ပုံမဟုတ်ဘဲ…ပွဲဈေးတန်းမှ ပြန်လာတဲ့ လူတယောက်နှင့်တူမနေဘူးလား….၊ကျွန်တော်အမြင်နှင့်ပြောရရင်…ကိုနန်းဝေဟာ နေမကောင်းသူတယောက်မဟုတ်ဘဲ… ဆေးရုံမှာ ဘောင်ချာရိုက်ပြီး တက်နေသောဘောင်ချာ တယောက်ဘဲဖြစ်ပါလိမ့်မယ်…၊ဘောင်ချာလို့ ပြောလို့ … နားမလည်ဘူးဖြစ်သွားပြီလား… မဖြစ်နှင့် ကျွန်တော်ရှင်းပြမယ်…အင်းစိန်ထောင်ရဲ့ လူနေမှုအဆင့်အတန်းများကိုလေ…၊ထောင်ဆိုတော့… ထောင်တွင်းနှင့်ပါတ်သက်သော ထောင်အတွင်းသဏ္ဍာန်ကို မှန်ဘီလူးထောင်ကြည့်ပြီး… တခုခြင်း တကွက်ခြင်းကို ပြောနေရင်တော့… ဆုံနိုင်မည်မထင်ပါ…ဒါကြောင့် အဲဒီလို ပြောမကုန်တဲ့အထဲမှ… ဘောင်ချာအကြောင်းကိုဘဲ ကျွန်တော်သိရှိသလောက် ပြောလိုက်ပါရစေ…။

ထောင်ဆိုတော့… ဘယ်လွတ်လပ်ပါ့မလဲ… သူများစိတ်နှင့်ကိုယ့်ကိုယ် နေထိုင်ကြရတဲ့နေရာလေ… လူဖြစ်ပါဖြစ်လျှက်.. လူလို သူလို ဆက်ဆံခံရခြင်းနှင့် လူလို သူလို နေထိုင်ရတဲ့ နေရာမျိုးမဟုတ်လေတော့…. အနေရှောင်… အစားရှောင်တဲ့ နေရာကို ရှာဖွေကြရတယ်လေ….၊ထောင်ဆိုတာ… အများစုက မကောင်းမှု့ တွေကို ကျူးလွန်၍ ရောက်ကြနေကြတဲ့ လူတွေစုပေါင်းနေထိုင်ရာနေရာ ဖြစ်တယ်ဆိုရင် မှားမည်မထင်ပါ…၊ဒါကြောင့် မကောင်းမှု့ ဒုစရိုက်ကို ကျူးလွန်လို့ …ထောင်ထဲရောက်လာကြရင်… သူတို့ အတွက် ဒုက္ခတွေမရှိကြဘူး…. ဘာကြောင့်ဘဲဆိုတော့ သူတို့ အခြင်းခြင်း ယိုင်းပင်ကူညီကြတယ်..။

သူခိုးတွေကလည်း သူခိုးတွေအုပ်စုလိုက်… ခါးပိုက်နှိုက်ကလည်း ခါးပိုက်နှိုက်တွေ အုပ်စုအလိုက်…. ထိုနည်း၎င်း အခြားအုပ်စုတွေလည်း များစွာရှိနေကြတယ်….၊သူတို့ တွေဟာ.. အခြင်းခြင်းယိုင်းပင်းကြတယ်… အများအားဖြင့်သူတို့ တွေဟာ ဘ၀တူသူတွေဖြစ်လို့  တယောက်နှင့်တယောက်သိရှိကြတယ်…ဒါကြောင့် သူတို့ တွေအတွက် ထောင်ဆိုတာ ဒုက္ခမဖြစ်သည့်အပြင်… ထောင်ကိုအကြောင်းပြုလို့  အကျိုးတောင်ဖြစ်နေကြသေးတယ်…..၊ဒီအကြောင်းအရာတွေလည်း… အကြောင်းအရာတခုဖြစ်လို့ … ဆက်ပြောရင်… လိုရင်းမရောက်ဖြစ်မှာစိုးလို့ …. ဘောင်ချာကိုဘဲ ဆက်ပြောပါ့မယ်…။

အင်းစိန်ထောင်ထဲမှာ… ထောင်ဆေးရုံဆိုတာရှိတယ်…. ဆေးရုံဆိုတော့… လူနာတွေရှိရမှာပေါ့…. ဟုတ်တယ် မဟုတ်လား..၊မထင်နှင့်… ထောင်ဆေးရုံတက်နေကြသောလူတွေဟာ… ၈၅ ရာခိုင်နှုံးသည် နေထိုင်မကောင်းသူမဟုတ်ဘဲ…. အချိတ်အဆက်အမျိုးမျိုးနှင့် ဆက်နွယ်နေပြီး ဆေးရုံပေါ်တက်နေကြသောလူနာမဟုတ်တဲ့ လူကောင်းတွေဖြစ်တယ်…။

သူတို့ တွေဟာ ငွေကြေးပြည့်စုံသူများဖြစ်တယ်၊ တချို့ ကတော့ လူကြီးတဦးတယောက်ယောက်နှင့် ပါတ်သက်နေသူဖြစ်တယ်…၊ အများစုကတော့ ငွေပေးဘောင်ချာဖြတ်ပြီးနေထိုင်ကြတယ်… ဒါကြောင့် ဆေးရုံပေါ်မှာ… တနေရာရရှိခြင်းနှင့် နေထိုင်ရေးအတွက်… ဆေးရုံဆရာဝန်ထံ ငွေပေးဘောင်ချာဖြတ်ရင် ဆရာဝန်ဘောင်ချာပေါ့..၊ထောင်ပိုင်ထံမှာဝယ်ရင်..ထောင်ပိုင်ဘောင်ချာပေါ့…. စသော စသော… ဘောင်ချာအတန်းအစားတွေ အမျိုးမျိုးရှိတယ်…ဒီလူတွေက ဆေးရုံပေါ်မှာနေထိုင်ခွင့်ရပြီး နေထိုင်နေကြတယ်…၊ကျွန်တော်မေးမြန်းသိရှိသလောက်… ချောင်ချာဖြတ်ခကို… ကိုယ်နှင့်သက်ဆိုင်သူကို လစဉ်ပေးသွင်းရတယ်…၊ဆေးရုံမှာ ဒီစီ ကျတယ်ဆိုတာရှိတယ်… ကျွန်တော်လဲနားမလည်းဘူး ဒီစီ ရဲ့ အဓိပ္ပါယ်ကို…( ထားလိုက်ပါတော့ )ကျွန်တော်နားလည်သော အဓိပ္ပါယ်က… သက်ဆိုင်သူကို လစဉ်ပေးရမဲ့ဘောင်ချာဖြတ်ခ မပေးရင်… အဆောင်ကိုပြန်ပို့ တယ်… အဲဒါကို ဒီစီကျတယ်လို့ ခေါ်တယ်..( ထောင်အခေါ် ) ။

ဒါကြောင့် ထောင်တွင်းဆေးရုံမှဘောင်ချာတွေဟာ… ဒီစီ မကျအောင် အပြင်ရှိမိသားစုများကို လစဉ်ငွေမှန်မှန်ပေးသွင်းရန်… ထောင်ဝင်စာလာတွေ့ တိုင်း..သတိပေးလေ့ရှိကြတယ်…၊တကယ်လို့  ငွေသွင်းမမှန်လို့ … ဒီစီကျ ဆေးရုံမှဆင်းရရင်… ငရဲဘုံကိုရောက်မယ်ဆိုတာ… သူတို့ သိတယ်လေ…၊ ဘာကြောင့်လဲဆိုတော့ ထောင်ထဲ ၀င်စဉ်တုန်းက.. ဆေးရုံ ဘောင်ချာမရမှီအဆောင်မှာနေဖူးကြတော့… သူတို့ တွေ အဆောင်မှာနေတဲ့ အရသာကိုမြီးဖူးခဲ့ကြတယ်လေ…။ဘာတွေများကွဲပြားခြာနားသလဲ… အဆောင်နှင့်..ဆေးရုံ…..၊ ကွာခြားတာကိုပြောရရင်… နတ်ပြည်နှင့် ငရဲဘုံ ပမာကွာခြားလှပေတယ်။

အဆောင် ငရဲဘုံအကြောင်းကိုတော့မပြောတော့ဘူး…. သိပ်ရှည်လျှားပါ့မယ်….၊ဆေးရုံအခွင့်အရေးကတော့…. ဆေးရုံပေါ်တက်နေသူဟာ…. ချောက်ချာဘဲဖြစ်ဖြစ်… အားလုံးဟာ လူနာအဖြစ် သတ်မှတ်ထားတယ်လေ…။

ဆေးရုံမှာတက်နေသူဟာ… မိုးလင်းအဆောင်ဖွင့်ပြီးရင်… ဆေးရုံးဝင်းတခုခုံးလွတ်လွတ်လပ်လပ် သွားလာနေထိုင်လို့ ရတယ်…၊
အလုပ်မလုပ်ရဘူး… ရေချိုးချိန်မှာ ရေ၀အောင်ချိုးလို့ ရတယ်… နေ့ စဉ် ညနေတိုင်းအသားစားရတယ်..၊ လျှပ်စစ်နှင့်ရေနွေးကြိုလို့ ရတယ်..ဒါကြောင့်ကော်ဖီသောက်လို့ ရတယ်..။

ထောင်ကျဖြစ်သော်လည်း… ဆေးရုံတက်နေရင်… ရဲဖက်လိုက်ရတဲ့ အန္တရာယ်ကကင်းတယ် ( ဟုတ်တယ်လေ.. ဆေးရုံတက်နေတဲ့လူနာက ဘယ်လိုလုပ် ရဲဖက်လိုက်လို့ ရမှာလဲ…. ဆရာဝန်ခွင့်ပြုချက်မပေးနိုင်ဘူးလေ…. အဆောင်နေကြတဲ့လူကိုတော့ သေခါနီးလူဖြစ်ရင် ဆရာဝန်က ရဲဖက်လိုက်နိုင်ကြောင်း ဆေးစာရေးပေးလေ့ရှိတယ်… )စသော စသော အခွင့်အရေးတွေကြောင့် ထောင်ထဲရောက်လာကြသော တတ်နိုင်သူတွေနှင့်ပါတ်သက်ရာ ပါတ်သက်ကြောင်းရှိသူတွေဟာ…. သင့်တော်ရာနေရာများမှာ…. ဆေးရုံတက်ဘောင်ချာဖွင့်ပြီး… အကျဉ်းထောင်ထဲဆေးရုံပေါ်မှာ … လူနာကုတင်တွေကို ပိုင်စားဝယ်ပြီးသုခချမ်းသာခံစားနေကြသော သူများကို ဘောင်ချာလို့  ထောင်တွင်းဝေါဟာရအဖြစ်ခေါ်ဆိုကြလေ့ရှိသည်။

တိုက်တွေမှာ… ယုံကြည်ချက်ကြောင့်အဖမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအတွက်တော့…. ဆေးရုံဆိုတာ နိဗ္မာန်ကို မျော်မှန်းရသလို..အလွန်ဝေးကွာလှတယ်…၊နိုင်ငံရေးအကျဉ်းသားဖြစ်နေတော့…. ဘောင်ချာရိုက်လို့ လည်းမရ… ထားရာနေ..စရောသွား…. ကျွေးတာစားအဖြစ်နှင့် အလွန်ဒုက္ခရောက်ကြရတယ်….၊ယုံကြည်ချက်ကြောင့် ရောက်လာခဲ့ကြတာဆိုတော့…. ယုံကြည်ချက်တွေနှင့်ဘဲ စိတ်ဓါတ်ကို ခိုင်ခန့် အောင်လုပ် ပြီး အရာရာကိုရင်ဆိုင်ကြရတယ်..။

နေထိုင်မကောင်းလို့ ဆေးရုံတက်ခွင့်မရှိ… ထောင်ဝန်ထမ်းများထွေမှာလည်း လုပ်ပိုခွင့်မရှိ…. ထောက်လှမ်းရေးဆိုတဲ့ ငရဲမင်းများရဲ့ အဆုံးအဖြတ်များနှင့် ဘ၀တွေ အသက်တွေရင်းပြီးနေထိုင်နေကြရတယ်….၊ ထောင်တွင်းဆေးရုံအပေါ်ထက်မှာ… ၅ည အခန်းဆိုပြီး နိုင်ငံရေးသမားအတွက်… လူနာခန်းသီးသန့် ရှိတယ်… ဒါပေမဲ့ လူနာမရှိဘူး… ( နိုင်ငံရေး အကျဉ်းသားများ
မရှိ ) ဆိုတာကို ပြောချင်လို့  ..ဆေးရုံပေါ်တက်ရောက်ကုသခွင့်မပေးခဲ… ဆေးရုံပေါ်မှ ၅ည အခန်းကို လူနာမဲ့ထားတာလားဆိုတာ…. သူတို့ ဘဲသိကြပါလိမ့်မယ်…၊ဆေးရုံပေါ်ရှိ ၅ည အခန်းသို့  ရေးပေါ်ရောက်လာသော လူနာသည်လည်း မကြာခင်သေဆုံးသွားတာဘဲ…. ဘာကြောင့်လဲဆိုတော့ သေခါနီးမှ ဆေးရုံတက်ခွင့် ပြုခြင်းကြောင့်ဘဲ…။

အမှန်တော့ တိုက်အသီးသီးမှာ ရောက်နေကြရသော… နိုင်ငံရေးအကျဉ်းသားများမှာ… ရောဂါကိုယ်စီနှင့်ဖြစ်တယ်…ဖြစ်တဲ့ရောဂါအများစုကလည်း…. စစ်ကြောရေးခန်းမှာ… ထောက်လှမ်းရေး
ငရဲမင်းများကြောင့် ရရှိခဲ့သောအတွင်း ကြေဒါဏ်ရာများနှင့်ဖြစ်တယ်…၊ ရောဂါအခြေအနေကြောင့် မခံနိုင်လွမ်းလို့ တင်ပြသော်လည်း… နွားများကို စကားပြောရင် နားလည်နိုင်ကြသော်လည်း..ဒီငရဲသားများကိုတော့… နွားများကို နားလည်အောင်ပြောရတာထက်ခက်ခဲပါတယ်…၊ ဒါကြောင့်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲရောက်နေကြရတဲ့ လူတွေဟာ… တချို့ ကတော့ထောင်ပြင်ကို ကြောနှင့်ထွက်သွားကြရတယ်…. အချို့ ကြပြန်တော့လည်း ထောင်ပြင်ကိုခြေထောက်နှင့်ထွက်ခွင့်ရခဲ့ကြပေမဲ့လည်း သေရာပါရောဂါများကို အမွေရသလိုထွေးပိုက်ထွက်ကြရတယ်…၊အဲဒါ ..ထောင်တွင်း ဆေးရုံဘောင်ချာတွေဘ၀နှင့် နိုင်ငံရေးအကျဉ်းသားဘ၀တွေ၊ အဆောင်မှာရှိကြသော အမှန်တက်ာဆေးကုရန်လိုအပ်သောတွေဘ၀ကို အနည်းငယ်နှိုင်းယှဉ်းပြခြင်းသာဖြစ်ပါတယ်။

အဆောင်တွေမှာကော ဘောင်ချာတွေမရှိဘူးလား… သိပ်ရှိတာပေါ့…. အဆောင်တွေရှိ ဘောင်ချာတွေအကြောင်းရေးရင် များလွန်းလို့  အခုမရေးလိုတော့ပါဘူး…။

အခုကျွန်တော်ရေးပြတဲ့အကြောင်းအရာများဟာ… ကျွန်တော်ရောက်ခဲ့စဉ်တုန်းက… အတွေ့ အကြုံတချို့ ကို အလျှင်းသင့်လို့  ရေးပြခြင်းဖြစ်ပါတယ်..။

အခုတော့ အခြေအနေတချို့ ပြောင်းလဲနေကြောင်း အခုထွက်လာတဲ့လူတွေ ပြောပြသံကြားရ၍..သိရှိရတယ်….၊
တိုက်တွေမှာ..ရေလောင်းအိမ်သာနှင့် သတင်းစာ စာစောင်တွေလည်း ဖတ်ခွင့်ရကြောင်းကြားရတယ်… ဒါဆိုရင် တချို့ တကယ်ပြောင်းလဲလာခြင်းဖြစ်တယ်…၊ကျွန်တော်တို့ တုန်းက သတင်းစာ စာစောင်မပြောနှင့်… ထောင်ဝင်စာပို့ သော ဆေးလိပ်စည်းမှ တံဆိပ်စာရွက်လေးတောင် သွင်းခွင့်မရှိဘူး…၊ရေလောင်းအိမ်သာ…. အိပ်မက်ထဲထောင် တခါမမက်ခဲ့ဘူး…. ကိုယ့်အခန်းထဲ… ရေအိုင်တုံ ( ဂန်ဖလား ) ထဲမှာ အပေါ့ အလေးသွားပြီး… ကိုယ်သွားထားသော အနံ့ အသက်ကိုရှူပြီး တနေကုန်နေထိုင်ကြရတယ်..နံနက်မိုးလင်းမှ..မိလ္လာချခွင့်ပြုတယ်… အပြင်ထွက်လမ်းလျှောက်ခွင့်မရဘူး…တမံသလင်းပေါ်မှာဗျာကြမ်းတခုခင်းပြီး… ခေါင်းခြုံရင်ခြေထောက်မလုံ… ခြေထောက်ခြုံရင် ခေါင်းမလုံးသော
ပုံစံ စောင်တိုလေးနှင့် ဒူကွေးအိပ်ပြီး… တညလုံးသွေးလှူကြတယ် …၊အခု ဒါတွေအချို့ ပြောင်းနေတာကြားရသော်လည်း…. ဘောင်ချာ အလေ့အထကတော့ မပြောင်းမလဲရှိကြောင်းကို အခုဗွီဒီယိုက သက်သေခံနေကြောင်းပါ…။ (Khu Daun (face book မှ)

No comments:

Post a Comment