Monday, September 12, 2011
ပြည်တော်ဝင်ခွင့်မျော်လင့် နေတဲ့ ..... သူ
စကားသံက ဟုတ်မှဟုတ် ပါ့မလား.....မှုန်ရီဝေး၀ါးနေတဲ့စိတ်ဝဋ်ဥာဉ်ကြားက လွင့်နေတဲ့ ဝိဥာဉ်ကို စုစည်း အသေအချာနားစွင့်မိ လိုက်တယ်..ဟုတ်ပါတယ်.......ပြတ်သားတဲ့ အသံပါ ဆွေးနွေးနေကြတဲ့ အသံတွေပါ။။
''နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သောစီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည် ပရောက်အတိုက်အခံများအပါအ၀င် မြန်မာနိုင်ငံ သားများ အမိနိုင်ငံသို့ ပြန်လာ၍ရကြောင်း ပြည်ပသို့ ရောက်ရှိနေသူများ ကို ပြန်လာခွင့် ပြုသည်ဟု အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်နောက်ပြီးရှိပါသေးတယ်... အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်”ဖိတ်ခေါ်မှု တွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု အဆိုပါမိန့်ခွန်းတွင် ပြောကြားသည်တဲ ..".
.ဒါဆို..၁၉၈၈ မတိုင်ခင်က လူတွေ ကကော....ဒီလိုစကားတွေ အတွက် ကျုပ်စိတ်မ၀င်စားတာအမှန်ပါ...ကျုပ်ရဲ့ သေနေတဲ့  နှလုံးသားတစ်စုံကို လန်နိုးစေခဲ့ တဲ့ နှလုံးသားကိုနှိုးကြားစေနိုင်တာက ဘာတဲ့...ကျုပ်နားကြားများမှားလေ ရော့လား..... အသေချာနားစွင့်မိတော့..ပီပီသသကြားမိတာက  "ရွှေဘိုနန်းတော်နဲ့ ဗိုလ်ချုပ်ပြတိုက်ကိုအကြီးစားပြင်ဆင်နေပြီတဲ့ ......" အိုး.  ..ဒါဆို....ဒါဆို..ကျူပ်ရဲ့ ပြည်တော်ပြန်ခရီးမဝေးတော့ဘူးပေါ့......ဒီစကားရတာတော့ နှစ်ပေါင်း၇၀၀ကျော် သေနေတဲ့ နှလုံး သားပြန်လည်နိုးထလာခဲ့ ပြီ...ကျုပ်ရဲ့ ဝမ်းသာမှုပီတိ....ကျုပ်ကလွဲလို့ ဘယ်သူမှမသိနိုင်ဘူး...။ 
. အမိမြေပြန်လာချင်တဲ့ ကျုပ်လိုလူတွေလဲ ရှိလိမ့်မယ်လို့ ထင်မိပါတယ်..သိုသော်ငြားလဲ.. မရဲတရဲ…မယုံတယုံဖြစ်နေကြ တာပေါ့လေ အဲလို..မယုံတယုံ ဖြစ်အောင်လဲ ........ ကျုပ် စောင့်စားရတဲ့နှစ်တွေ က.... .....................................................
အပြင်ဘက်ကအချင်းချင်ပြောဆိုသံ...ဝေဖန်သ ၊အငြင်းပွားသံတွေက အုတ်နံရံကိုထွင်းဖောက်.. ဟိုး.....မြေအောက် တိုက်ခန်းလေးထဲထိကြားနေရတယ်လေ။.. ကျုပ်လည်းဘာလိုလိုနဲ့ တွက်ကြည့် တာ ဒိမြေအောက်တိုက်ခန်းလေး ထဲ ရောက်နေ တာနှစ်ပေါင်း(၅၆)နှစ်တင်းတင်းပြည့်ပါရော့ လား... ..... .ကျုပ် ရင်ထဲ က ၀မ်းနည်း ၊ခြင်း ကြေကွဲခြင်း ၊နာကြည်းခြင်း တြွေ ပည့် နေပါရော ..........
မြန်မာသက္ကရာဇ် ၁၃၁၅ ခုနှစ်လောက်က မြန်မာပြည်အစိုးရရဲ့ ဖိတ်ခေါ်ချက်အရမြန်မာပြည်ကို သံတမာန် ရှေးဟောင်းကျောက်စာ သုတေသနအဖွဲ့ နဲ့ အတူ သုတေသန ပညာရှင် ဒေါက်တာဂျွန်ဘီဒင် အပါဝင်ေ၇ာက်ရှိလာကြပါတယ်…။ သူအပြန် မှာတော့ မြန်မာပြည်တော်ပြန်လက်ဆောင်အနေနဲ့ တွံ တေးကစဥ့်အိုးကြီးတစ်လုံး ကို ကောက်ရိုးအထပ်ထပ်ရစ်ပတ်ပြိး သယ်ယူသွားခဲ့ တယ်.။ .သူအပြောကတော့မြန်မာလူမျိုးတွေရဲ့ လက်ရာပြောင်မြောက်တဲ့  စဥ့်အိုးကြိးကိုအမေရိကန်နိုင်ငံ သားတွေကိုပြချင်တယ်ဆိုတော့..မြန့် မာဆိပ်ကမ်းက သံတမန် လာရောက်တဲ့ သူ ဖြစ်နေတာကြောင့် စစ်ဆေးခြင်းမရှိ သယ်ဆောင် ခွင့်ရခဲ့ တယ်။။ တွံ့ တေးစဉ့် အိုးဆိုတာ...မြန်မာလူမျိုးတို့ ရဲ့ အံ့ မခန်းလက်ရာပါ.. အိုးထိန်းသည်ရဲ့ စိတ်ကူး...နွဲ့ နှောင်းတဲ့  ဟင်္သာမောင်နှံကဟန်တွေဟာမြန်မာတို့ ရဲ့ အနုပညာလက်ရာ.....စဥ့်ရေအရောင်ကျောက်သလင်းသားလို အရည်သွေးကြောင့် နာမည်ကျော်ကြားခဲ့ တာပါ။
တမဒိပမြို့ ရိုးအရှေ့ ဘက်သရပါတခါးအနိးအရှေ့ စားကျက်ကွင်းထဲကနွားခလောက်သံတွေလည်းကြားယောင်မိဆဲ …။ နန်းရင်ပြင်အနောက်ဘက်က စစ်ရေးလေ့ ကျင့်ကွင်းကတံပိုးသံ၊စည်သံ၊လွှားသံအဲမောင်းသံတွေ. .ရာပေါင်းများစွာသောစစ်သည်တော် မြင်းသည်တော် တို့ စစ်ရေးလေ့ ကျင်နေပုံတွေဟာ…ကျုပ် ရဲ့ အမြင်အာရုံနဲ့ နားမှာ မနေ့ တနေ့ ကလိုပဲကြားယောင်ဆဲ... .အရာရာဟာ…မနေ့ တနေ့ ကလိုပါဘဲလား............။
ကျုပ်ကောင်းကောင်းမှတ်မိနေတာပ…အရိမဒ္ဒနပူရ ပုဂံထိးနန်းရဲ့ မြပုခက်
မဟာဆိမဟာသွေး ပိသစွာကြိးပြင်းခဲ့ ရတဲ့ ကျုပ် ၊
တွံတေးတောတန်းတနေရာမှာဆင်ကျော့ ရင်းကံတော်ကုန်ရှာတဲ့ ခမည်းတော်
ပ၀ရဓမ္မရာဇာဒါနပတိနရသိဃ်ဥစ္စနာမင်းဘုရင်မင်းမြတ်ရဲ့  သားကြိးသြရသဖြစ်တဲ
့ကျုပ်…..
ပုဂံပြည်ရဲ သြဇာကတိမအရှိဆုံးအသက်အကြိးဆုံး သက်တော်ရှည်အမတ်ကြိးပညာရှိ
သုခမိန်ရာဇသင်္ကြန်ကို ကွမ်းတံတွေးနဲ ထွေးမိတဲ့ ..မောက်မာရိုင်းပြခဲ့ ဘူးတဲ
့ကျုပ်………..။
ကျုပ် ကလည်း ကျုပ် ပါဘဲ…အသက်ကလည်း၂၀နှစ်မပြည့်တဲ့ အရွယ်….မင်းပျို
မင်းလွင်လေး ။ပြိးတော့ အိမ်ရှေ့ စံနန်းလျာ မင်းတစ်ပါး ဘုရင်မင်းမြတ်ရဲ့ 
နဲ့ မယ်တော်ကလွဲ ရင် ဘယ်သူ့ ကိုမှမျက်စိတဲရှိတယ်မထင်ခဲ့ တဲ့ ကျုပ်၊
နန်းရင်ပြင်တခုလုံး ထောင်လွား သောက်စားမော်ကြွားခဲ့ တဲ ကျုပ်…..
ညိလာခံတက်ဘို့ နန်းရင်ပြင်ထဲခြေသံလုံလုံနဲ့  ၀င်လာတာကို
တိုင်မှိပြိးညိလာခံလျောက်တင်စရာကိုစဉ်းစားနေတဲ့  ကျုပ်အဖိုးလောက်ရှိတဲ
့အမတ်ကြိးကို... ကျုပ်ဝင်လာတာ မမြင်ရကောင်းလား ဆိုပြိး  ကွမ်းတံတွေး နဲ
့ထွေးမိတာကို.. အငြိုးထားပြိး  မင်းနေပြည်တော်နဲ့ ဝေး ကွာနေတဲ့ တွံ
တေးတောတန်းတစ်နေရာမှာ… ရာဇသင်္ကြန် အမတ်ကြိးနဲ့ ပေါင်းပါတွေ က အငြိုးထား
အကောက်ကြံ သတ်ဖြတ်ခြင်းခံခဲ့ ရတဲ့  ကျုပ်…
ကျုပ်ကောင်းကောင်းကြိးမှတ်မိနေတာပ...ဖခမည်းတော်ဈာပနာမကျင်းပသေးမှီ...
ဒိအမတ်ကြီးကဥပါယ်တံမျဉ်နဲ့ .
".အရှင့်သားဘုန်းကံကြောင့်တွံတေးတောတန်းထဲ
ကဆင်ဖြူတော်ကိုအရှင့်သားကိုယ်တိုင်ရှု စား ကျော့ယူသိမ်းသွင်းပြီး
ဈာပနာအရေးပြိးမှထီးနန်းသိမ်းမြန်းပါစိုးစံတော်မှုပါ
..................." အကြံပေးလို့ ကျုပ်ရဲ့ မြလက်စွပ် ကိုတောင် အမတ်ကြိး
ရာဇသင်္ကြန်ကို.. ဆုအဖြစ်ချိးမြှင့်ခဲ့ သေးတာ က အစ.......ကျုပ်
မှတ်မိနေပါသကော.......................
................................................................................
မြန်မာလူမျိုးတို့ ရဲ့ ဖော်ထုတ်ခွင့်မရသေးတဲ
့…မပုတ်မသိုးအောင်းဆေးစိရင်ခြင်းအတတ်တွေနဲ့ …
ကျုပ်ကဘ၀ချုပ်ငြိမ်းဆေးစိရင်ပြိးဒိရာဝင်အိုးထဲ ဆေးရည်စိမခြင်းခဲ့ တဲ
့ကျုပ်…..ကျုပ်ဟာ ..ဒေါက်တာဂျွန်ဘီဒင်ဆိုတဲ့ ရှေးဟောင်းသုတေသနပညာရှင်ရဲ
့လူကြိးလူကောင်းမပိသစွာ.. ဗြောင်ကျကျခိုးယူခြင်းခံခဲ့ရတဲ့ကျုပ်.........
ကျုပ်ဟာ…ဒေါက်တာဂျွန်ဘိဒင်ရဲ့ အိမ်အောက်ထပ်ကမြေအောက်ခန်းထဲ
မှာ….ထားပြိး..။ ကျု ပ်ကိုစဥ့် အိုးထဲ ကထုတ်ပြိး ကျောက်ညိုစားပွဲ
ပေါ်က၆ပေရှည်မှန်ခေါင်းထဲ ပြောင်းထဲ့ ပြိးထားလိုက်ပါတယ်…။ ``ကျုပ်ရဲ့ 
့သွင်ပြင် ကိုပြောပြအုံးမယ်..ကျုပ်အသားရေကရွှေလိုဥ၀င်းနေတယ်။
မျက်နှာကနှုတ်ခမ်းမွှေးရေးရေးနြဲ့ ခေါင်းကယောင်တစောင်းထုံးထားတယ်
ကေသရာဇာခြင်္သေ့ မင်းပါတြ့ ငွေချည်ဖောက် ရွှေဖလားရောင်ဖဲ ပုဆိုးနဲ့ 
မျက်နှာက တခုခုအလိုမကျဟန်အံ့ ကြိတ်ပြိးနေတယ်။
ဒေါက်တာကကျုပ်ဝတ်ထားတဲ့အ၀တ်အစားနဲ့အသားအရေတွေကိုင်ကြည့်ပြိး.. အံ့သြ
ထူးဆန်းစွာဖြစ်ပြိး ကျုပ် ဘေးနားက...တခြား အိဂျစ်နိုင်ငံက
မံမီရုပ်အလောင်းကို ကိုင်လိုက်... .ကျုပ် အသားရေလာကိုင်လိုက်ပြိးတော
့စာအုပ်တွေ နဲ့ အလုပ်ရှုတ်လို့ နေပါတယ်။ သိပ်မကြာခင်မှာ
ဒေါက်တာဂျွန်ဘိဒင်ဟာ..ကျေနပ်အားရစွာနဲ့ ကျုပ်ရဲ့ ခေါင်းနံဘေးမှာ
ပုဂံမင်းသား သီဟသူ
ပုဂံခေတ်
မြန်မာနိုင်ငံ
၁၂၄၅ အေဒီ.....
လို့ ရေးထိုးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တနေ့ တော့ဒေါက်တာဂျွန်ဘိဒင်ရဲ့ မြေအောက်ခန်းထဲ ကို
ဒေါက်တာဂျွန်ဘိဒင်လောက် အသက်တူတဲ့ ဧည့်သည်တစ်ယောက် ရောက်လာခဲ
့ပါတယ်…။ဘယ်လိုပဲအနောက်တိုင်းဝတ်စုံဝတ်ထားပေမဲ့  ကျု ပ်ရဲ့ နှလုံးသွေ
းကသိနေတယ်..စကားပြောတတ်လေ… သူ့ ရဲ့ သွင်ပြင်လဏ္ဍ  အဲ့ ဒိဧည့် သည်ဟာ
မြန်မာလူမျိုးဖြစ်တယ်ဆိုတာ…… ..ကျုပ်ကိုယ်ထဲ ကသွေးက အတတ်သိနေပါပြိ။
ကျုပ်ဘ၀မှာတော့ ဒိတသက်မြန်မာလူမျိုးတစ်ယောက်ကိုရေခြားမြေခြားမှာတွေ
့ရတာ…ကျုပ် လောက်ကျုပ်ရဲ့ ကြည်နူးနေမှုကိုမပြောပြတတ်အောင်ပါဘဲ…အဲ့ ဒိဧည်
့သည်ဟာ.. ကျုပ် ကိုထည့်ထားတဲ့ မှန်ခေါင်းနဲ
့ဘေးကစာတမ်းကြည့်ပြိးမျက်ရည်စို့ နေတယ်ဆိုတာ နှလုံးသွေးတူတဲ့ ကျုပ်တွေ
့လိုက်ပါတယ် ။
ကျုပ်ရင်ထဲ က လာတဲ့ စကားတွေ ကိုလည်း ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင်
ကြားရမယ်ထင်ပါရဲ့ ၊့ ဒီမြန်မာ ဧည့်သည်ရဲ့ ရင်မှတဆင် သူမျက်ဝန်းက ၀မ်းနည်း
မှုတွေ ဟာ..ရင်ထဲ မှာလှိုက်ကြွေးငိုနေပြိလားလို့  ထင်မိပါတယ်.။
.ပြိုတော့မဲ မိုးလို သူ့ မျက်နှာအရိပ်အကဲ ဟာ..အချစ်ရဆုံး..
တန်ဘိုးအထားရဆုံးအမြတ်နိုးဆုံးကို.. မမျော်လင့်ပဲ တွေ့ ရတဲ
့အခိုက်ဝမ်းနည်းမှုမျိုးတွေပါ...။ သူ့ ရင်ထဲ ကအသံတိတ်ပြိးဖတ်နေတဲ့ ....
.သူ့ ရင်ထဲ ဘယ်လောက်ကြေကွဲနေမလဲဆိုတာ..ကျုပ်နားလည်မိပါရဲ့ 
မြန်မာလူမျိုးတို့ ရဲ့ ဂုဏ်ယူထုတ်ဖော်ပြောပြခွင့်မရခဲ့ တဲ
့နှစ်ပေါင်းများစွာ အလောင်းပကတိအတိုင်းစိရင်ခြင်းအတတ် ရှေးမြန်မာတို
့တတ်မြောက်ခဲ့ တယ် ဆိုတာ.သိရလို့ အံ့သြတနန်း ဂုဏ်ယူမိတဲ့ သူ........ .သူက
အိုင်စီအက်စ်ဦးသြဘာ ပါ။
ကျုပ်ကိုအတန်ကြာဝမ်းနည်းမှုတွေနဲ့ ကြည့်အပြိးမှာ...သက်ပြင်းမော…တချက်ရှိုက်ပြိး……
"ဒေါက်တာ ရုတ်တရက်တော့ကျနော်..ဒိရုပ်အလောင်းကိုမြင်မြင်ခြင်းဘာပြောရမှန်းမသိအောင်
ဖြစ်သွားတာအမှန်ပါ။
ပြောစရာစကားတွေ က ရင်ထဲ ပြည့်ကြပ်နေလို့ ဘာစပြောရမှန်းစဉ်းစားနေပါတယ်.။
.အဓိကပြောချင်တာကတော့ မြန်မာတို့ ရဲ့ နှစ်ပေါင်း အတိအကျပြောရရင်  (၇၁၁)
နှစ် အထိ မပုတ်မသိုးပဲ မူလအတိုင်းရှိနေတဲ့ ပုဂံ မင်းသားရဲ့ ရုပ်အလောင်း
ဆေးရင်စိခြင်းအတတ်ကို နှောင်းလူ မြန်မာတွေ သန်းပေါင်း
များစွာသော..မြန်မာတွေ  မသိသေးဘူး.... ။.
ပြိးတော့ ကျနော်တို့ က ကမ္ဘာကိုတင်ပြချင်သေးတယ်။ အိဂျစ်လူမျိုးတွေ ဘဲ
စိရင်တတ်တယ်။ ရှေးတရုပ်လူမျိုး တွေဘဲ တတ်တယ် ထင်နေတာလေ။
ကျနော်လည်း အစိုးရကလွတ်လို့ ကျနော့် နိုင်ငံကခိုးယူသွားတဲ့ 
ဒိမင်းသားရုပ်အလောင်းနဲ့ စဥ့် အိုးကြိးပါသက်သေပြတဲ့ အနေနဲ
့ယူသွားရမယ်..။''
''အိုး..........ဥိးသြဘာ ခိုးတယ်လို့ မပြောပါနဲ့ ခင်ဗျားတို့ ညံ့လို
့ခံရတယ်ပဲပြောပါ။.......""
"၀မ်းနည်းပါတယ်...ဒေါက်တာ…ကျနော်တို
့မြန်မာလူမျိုးမှာစကားပုံတခုရှိပါတယ်.. သူခိုးကဘယ်တော့မှခိုးပါတယ်လို
ဝန်မခံတတ်ပါဘူး..။"
"ကျနော့် အခုပြောနေတဲ့ စကားက မြန်မာနိုင်ငံရဲ့ မြန်မာပြည်သူ တရပ်လုံး
ကိုယ်စား ပြောနေတာပါ။ ။ ။
''တခုတော့ရှိပါတယ်ဥိးသြဘာ…..ခင်ဗျာပြန်လိုချင်ရင်ခင်ဗျားတို
့နိုင်ငံမှာထိုက်ထိုက်တန်တန်အမျိုးသားပြတိုက်ကြိးဆောက်ပြိးရင်
..ဥပမာ..ပြင်သစ်ကလို အင်္ဂလန်နိုင်ငံကလို
....ဆောက်ပြိးရင်တော့ပြန်ယူနိုင်ပါတယ်.. .ခင်ဗျားတို့ နိုင်ငံမှာရှိတဲ
့ဂျူပလိဟော ကချစ်ကြည်ရေးလက်ဆောင်ပါခင်ဗျားတို
့သာအမျိုးသားပြတိုက်လုပ်ထားပေမဲ့  အရမ်းကိုသေးငယ်လွန်းပါတယ်။''
"…ဒိလိုဆိုလည်းဒေါက်တာကျနော်ပြန်ပါအုံးမယ်… ဒိဆေးရည်စိမ်မင်းသားအလောင်းနဲ
့စဉ့် အိုးကြိးကိုကျနော်သံတမန်နည်းနဲ့ ပဲပြန်ယူပါတော့မယ်...." လို့ 
ကျုပ်ကိုတချက်ကြည့်ပြိ့း နောက်ဆုံးနှုတ်ဆက်ပြောစကားလေးကြားယောင်ခဲ
့ပါတယ်…….။
ရာသိတွေလည်းအလိလိပြောင်းခဲ့ ပါပြိ..အချိန်ရဲ့ တိုက်စားမှုကြောင့်
အိုင်စိအက်ဥိးသြဘာ ၊ ဒေါက်တာဂျွန်ဘိဒင်တို့ လည်း လောကကြိးထဲ ကအပြိးပိုင်
ထွက်ခွာသွားကြပါပြိ။
   * ကျုပ် အမေရိက ရောက်နေတဲ့ အကြောင်းကိုနှောင်းလူတွေ ကကောသိကြပါရဲ့ လား
   * မြန်မာနိုင်ငံမှာဂျူပလီဟော
ကိုပဲအမျိုးသားပြတိုက်အဖြစ်အသုံးပြုနေတုံးပဲလား………….
   * မြန်မာနိုင်ငံတော်အဆင့်နဲ့ တိုက်တန်ညိညွတ်အဆင့် မှိတဲ
အမျိုးသားပြတိုက်ကြိးကောတည် ဆောက်ပြိးပြိလား…………..
   * ကျုပ်လို..အလောင်းကောင်ကိုပြန်လည်သယ်ယူရေးဟာ…..ဝေးနေတုံးပဲလား…… *
   * မြန်မာတို့ ရဲ့ ဆေးရည်စိမ်ခြင်းအတတ်ပညာကိုထုတ်ဖော်ပြသဖို့ စိတ်ကူးတွေ ကော….
   * ကျုပ်ကတော့….သမိုင်ကြွေးလို့ ပြောမလား…............ရာဇ၀င်ကြွေးလို
့ပြောရမလား…… မြန်မာရာဇ၀င်မှာပညာရှိလို့ စာတင်ကြတဲ
့ရာဇသင်္ကြန်အမတ်ကိုကိုကွမ်းတံတွေး နဲ့  ထွေးမိတာလေးကြောင့် ………….
ကျုပ်ဟာ….တိုင်းတပါးမှာ….ပြည်တော်ပြန်ဘို့ အရေး က……….မရှိတော့ပြိလား။
   * ကျုပ်ကမြန်မာ့ သမိုင်းပုဂံရာဇ၀င်မှာကျုပ်ရဲ့ ဘိုးတော်ဘေးတော်တို
့၊ဥိးရိးတော်.. တိုနဲ့ အတူကျော်ကြားခဲ့ ကြတဲ့ 
့အနော်ရထာ၊ကျန်စစ်သား၊အလောင်းစည်သူညောင်ဥိးဖီး၊ငထွေရူး၊ ငလုံးလက်ဖယ်..တို
့လောက်…တိုက်ရည်ခိုက်ရည်မကျော်ကြားခဲ့ ပေမဲ့  ကျုပ်အသက်ကလည်းငယ်သေးတဲ
့အပြင်ကျုပ်အသတ်ခံရစဉ်ကကျုပ်နဲ့ အတူ ကျုပ်ကိုစိရင်တဲ
့ဆေးရည်စိမ်ခြင်းအတတ်ကို မြန်မာတို့ ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ
့ဒိလောကဓါတ်ပညာကိုထုတ်ဖော်ပြသဖို့ အာရုံကိုစွဲဆောင်နိုင်စွမ်း ကျုပ်ကို
မရှိကြတော့ဘူးလား
   *  ..စိတ်ကူးလေးများနှောင်းလူတွေထဲ ကတယောက်ယောက်ပေါ်လာနိုး..
   *  ကျုပ်ကိုလာခေါ်နိုးနဲ
့.........အမေရိကန်နိုင်ငံမှာ....ကျုပ်ရှိနေပါတယ်လို့ ...............
   * ပြည်တော်ကိုပြန်ဝင်ခွင့်.....ကျုပ်လည်းစောင့်နေပါတယ်.........
ဤဆောင်းပါးရေးရာတွင်စာကိုးအဖြစ်အောက်ပါ…တို့ ကိုအသိပညာနဲ့ စေတနာကိုကူးညှိပါသည်။
။၁။ ရာဇသင်္ကြန်အတ္ထုပ္ပတ္တိစာအုပ်(သတင်းစာဆရာကြိးသူရိယဥိးသိန်းမောင်)
၂။ပုဂံသုတေသနလမ်းညွှန်စာအုပ်(ဥိးဗိုကေ၊ပုဂံ ပြတိုက်)
၃။မှော်ဝန်းကြည်မြတ်(ဆီစိမ်မင်းသား၊လွမ်းချင်းတာရှည်)
'မှော်ဝန်းကြည်မြတ်'
(စံပါယ်ဦးစာပေရွေးခြယ်ရေးအဖွဲ့က ထုတ်တဲ့ မြန်မာဝထ္ထုတိုများ (အမှတ်-၃) ထဲက ဝထ္ထုတိုတစ်ပုဒ်ပါ။)
No comments:
Post a Comment