Friday, October 21, 2011

သေဒဏ်မြောက်များစွာ ကျခံအပ်သည့် အဓိက စစ်ရာဇဝတ်ကောင်

ဦးသန်းရွှေ
ဗိုလ်မှူးကြီးကဒါဖီ

“ဦးသန်းရွှေကသူ့ဘ၀နိဂုံးကောင်းဖို့အတွက် ဘာတွေပဲလုပ်လုပ်ပေါ့၊ သမိုင်းကြွေး က ခေါင်းပေါ်မှာ ဓားဝဲနေသလိုပဲရှိနေ ပါတယ်၊ ဒါကို ရှောင်ပြေးလို့ လွတ်မလား၊ မလွတ်ဘူးလား ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးပါဘူး”ဟု ဦးဝင်းတင် က ဆို သည်။

ဗိုလ်မှူးကြီးကဒါဖီ၏ဘ၀နိဂုံးဇာတ်သိမ်းမကောင်းစွာဖြင့် သေဆုံးရခြင်းသည် နိုင်ငံရေးသမိုင်းဇာတ်ခုံပေါ်မှ ကြည့်ရှုမည်ဆိုပါက သင်ခန်း စာယူစရာ၊ သံဝေဂရစရာကောင်းသော ဖြစ်ရပ်တခုဟု ရန်ကုန်မီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို ( စက်မှုတက္ကသိုလ် ) က ပြောသည်။

မဆလခေတ် တောက်လျှောက် ပြောစမှတ်ပြုလောက်သော စစ်ရေးစွမ်းရည် မရှိငြားသော်လည်း သခင်ရှုမောင်(ခ)ဗိုလ်နေဝင်;၏ လူကောင်းလူတော် မွေးမြူရေးစီမံကိန်းကြောင့် ဗဟိုကော်မတီဝင် ဖြစ်နေခဲ့သော စာတိုက်စာရေးဟောင်း ဗိုလ်သန်းရွှေတစ်ယောက် ၁၈ စက်တင်ဘာ ၁၉၈၈ အာဏာသိမ်း နဝတ စစ်ကောင်စီတွင် အဖွဲ.ဝင် အိမ်ဖြည့်အဖြစ်ပါဝင်လာခဲ့ခြင်းက
ရဲဘော်သုံးကျိပ်တွင် သခင်ရှုမောင်ပါဝင်ခဲ့ခြင်းနှင့်မခြား တိုင်းပြည်အတွက် ဒုတိယအကြိမ်မြောက် ဆိုးမိုးမှောင်ကျခဲ့ရခြင်းဖြစ်ပေသည်။

ရက်စက် ယုတ်မာလှသော ဗိုလ်သန်းရွှေသည်
- အထက်အရာရှိ ဗိုလ်စောမောင်က ပြည်တွင်းနှင့် နိုင်ငံတကာသို.ပေးထားသော အာဏာလွဲပြောင်းရေးကတိကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဖျက်ဆီးခြင်း
- အာဏာရှင်ဟောင်း ဗိုလ်နေဝင်းအား ကျောင်းသားသမဂ္ဂဖြိုချဖျက်ဆီးမှု အပါအဝင်ဖြစ်သော စစ်ရာဇဝတ်မှု အမြောက်အများ အတွက် ခုံရုံးသို. တင်ပို.စစ်ဆေး အပြစ်ပေးရန်ပျက်ကွက်ခြင်း
- ရွေးကောက်ပွဲ အနိုင်ရ NLD လွတ်တော် ကိုယ်စားလှယ်များအား ဖမ်းဆီး၊ ညှင်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်၊ အညွှန်.တုံးခဲ့ခြင်း
- နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်များအား တရားလက်လွတ် မျက်ကွယ်၊ မျက်မှောက် ထောင်သွင်း အကျဉ်းချခြင်း
- ထောင်သွင်း အကျဉ်းချခံ နိုင်ငံရေးနှင့်ဆက်နွယ်သူများအား သေကြေ၊ အညွှန်.တုံးစေရန် ညှင်းဆဲနှိပ်စက်ခြင်း
- အကျဉ်းချခံ နိုင်ငံရေးနှင့်ဆက်နွယ်သောသူများ၏ မိသားစုများအား ဘဝပျက်သွားစေရန် စဉ်ဆက်မပြတ် အားထုတ်လုပ်ဆောင်ခြင်း
- နယ်စပ်နှင့် တိုင်းရင်းသားဒေသများတွင် လူမျိုးတုန်း သတ်ဖြတ်၊ မုဒိန်းကျင့်၊ ရွာနှင့်စားကျက်များဖျက်ဆီးခြင်း
- တိုင်းပြည်ဝင်ငွေများကို စာရင်းပျောက်ခိုးယူခြင်း
- ၂၀၀၇ စက်တင်ဘာတွင် သံဃာများအား သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချခြင်း
- နာဂစ် လေမုန်တိုင်းကယ်ဆယ်ရေးကို နည်းမျိုးစုံဖြင့်တားဆီးခြင်း
- တရားမမျှတသော အခြေခံဥပဒေကို ရေးဆွဲကာ အဓမ္မ အတည်ပြုခြင်း
စသည့် စသည့် ရာဇဝတ်မှုများအတွက် သေဒဏ်မြောက်များစွာ ကျခံအပ်သည့် အဓိက စစ်ရာဇဝတ်ကောင်ဖြစ်ပါကြောင်း ။ ။
(Michale)

No comments:

Post a Comment